ဆွန်ဟောင်မင်း တစ်ယောက် စပါးအသင်းရဲ့ အတိတ်ဆိုးကြီးကို ဖြေရှင်းသွားနိုင်မလား

Admin
2 လ ခန့်က
Sport Articles
ဆွန်ဟောင်မင်း တစ်ယောက် စပါးအသင်းရဲ့ အတိတ်ဆိုးကြီးကို ဖြေရှင်းသွားနိုင်မလား

ဟာရီကိန်း နဲ့ ဆွန်ဟောင်မင် တို့က ကမ္ဘာ့ထိပ်တန်း ခြေစွမ်းတွေကို ပိုင်ဆိုင်ထားကြတဲ့ ကစားသမားတွေပဲဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်လုံးက တော်တင်ဟမ် စပါး အသင်းမှာ အချိန်အတော်ကြာ ပေးဆပ်ကစားခဲ့ပြီး ဆုဖလားအောင်မြင်မှု အဖြစ် ဘားမှကို ရေရေရာရာ ပြစရာမရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဟာရီကိန်းက ဂျာမန် ထိပ်သီးကလပ် ဘာယန်မြူးနစ် အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ဒီနှစ် ဂျာမန် အမှတ်ပေးဖလားကို ဘာယန်မြူးနစ် အသင်းနဲ့ အတူတူ သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟာရီကိန်း လို ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ယောက်အနေနဲ့ ဆုဖလားတွေနဲ့ မဝေးကွာတော့ပေါ့ ဒီလိုဆုဖလားတွေကို ဆွတ်ခူးနိုင်ခဲ့တာကြောင့်ကမ္ဘာ့ဘောလုံးပရိတ်သတ်တော်တော်များများ ကပျော်ရွှင်ခဲ့ကြပါတယ်။


ဟာရီကိန်းလိုပဲ ကမ္ဘာ့အဆင့်ခြေစွမ်းတွေကို ၁၀ စုနှစ် တစ်ခုကြာပြသခဲ့ပြီး စပါးအသင်းတစ်သင်းလုံးကို အကောင်းဆုံးထမ်းတင် ပေးနိုင်ခဲ့တဲ့ ဆွန်ဟောင်မင် ကလည်း ဆုဖလားတွေကို ကိုင်မြှေက်သင့်တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဆွန်ဟောင်မင် ကလည်း စပါးအသင်းရဲ့ ကာလရှည်ကြာ ဆုဖလားအောင်မြင်မှုဝေးကွာနေတဲ့ အိမ်မက်ဆိုးကြီးကို ပယ်ဖျက်ပေးချင်နေတာပဲဖြစ်ပါတယ်။ တော်တင်ဟမ် စပါးအသင်းက လာမယ့် ၂၂ ရက်နေ့ကြရင် သူတို့အသင်းအတွက် အရေးအပါဆုံးပွဲစဥ်ဖြစ်တဲ့ ယူရိုပါလိဂ် ဖိုင်နယ်ပွဲစဥ်ကို မန်ချက်စတာယူနိုက်တက် အသင်းနဲ့ရင်ဆိုင်ရတော့မှာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း နဲ့ တော်တင်ဟမ် စပါး နှစ်သင်းလုံး ဒီရာသီ ပရီးမီးယားလိဂ်မှာ တော်တော်လေးကို တိုင်ပတ်နေပြီး နှစ်သင်းလုံးအတွက် အဆိုးဝါးဆုံး ရာသီတစ်ခုကို ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ စပါးထက်စာရင် မန်ချက်စတာယူနိုက်တက် အသင်းက ယူရိုပါလိဂ် ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ပြီး အခုချိန်ထိ ရှုံးပွဲတစ်ပွဲမှ မရှိသေးတာပဲဖြစ်ပါတယ်။ ဒီယူရိုပါလိဂ်ဖလားက စပါးအသင်းအတွက် ရော မန်ချက်စတာယူနိုက်တက် အသင်းအတွက်ရော တကယ်ကို အရေးကြီးတဲ့ ဆုဖလားတစ်ခုလည်းဖြစ်ပါတယ်။ ယူရိုပါလိဂ် ဖလားကို ကိုင်မြှောက်နိုင်မှသာ နောက်ရာသီ ဥရောပပြိုင်ပွဲအတွက် ဝင်ခွင့်တစ်နေရာကို ရရှိမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ် အဆင့်ဇယားရပ်တည်မှု အဖြစ် တန်းဆင်းဇယား အထက်မှာ အပေါ်အောက် ရပ်တည်နေတဲ့ သူတို့ အသင်းနှစ်သင်းအတွက် နောက်ရာသီ ဥရောပ ပြိုင်ပွဲကို ကစားချင်ရင် ယူရိုပါလိဂ်ဖလားကို ရအောင်ဆွတ်ခူးရမှာပဲဖြစ်ပါတယ်။


မန်ချက်စတာယူနိုက်တက် အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ပေမယ့် ပရီးမီးယားလိဂ် မှာ စပါး အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့ရတဲ့ ၂ ကြိမ်လုံးကို ရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ်။ တော်တင်ဟမ် အသင်းရဲ့ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကလည်း စပါးအသင်းအတွက် ယူရိုပါလိဂ်ဆုဖလားကြီးကို ဆွတ်ခူးပေးနိုင်ဖို့ အတွက် အတော်လေးကို စိတ်အားထက်သန်နေပြီး သူစပါး အသင်းမှာ အခုလို အချိန်အကြာကြီးဆက်ရှိနေရတဲ့ အကြောင်းက အခြားသူတွေ မလုပ်နိုင်ခဲ့တဲ့ စပါးအသင်းရဲ့ ဆုဖလားဝေးကွာနေတာကို အဆုံးသတ်ပေးချင်နေတာကြောင့်လို့ ထုတ်ပြောခဲ့ပါတယ်။ ဆွန်ဟောင်မင် တစ်ယောက် စပါအသင်းရဲ့ ကြာလရှည်ကြာဝေးကွာ နေတဲ့ ဆုဖလားအောင်မြင်မှုကို အဆုံးသတ်ပေးသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#sonheungmin

#southkorean

#footballer

#tottenhamhotspur

#europaleague

Leave a reply