အရင်လို ဥရောပအသင်းကြီး တစ်သင်းအဖြစ် နလန်ပြန်ထူဖို့ ခက်ခဲတဲ့ အေစီမီလန်

အေစီမီလန် အသင်းက အရင်တစ်ခေတ်တစ်ခါတုန်းကဆိုရင် ဥရောပ အကောင်းဆုံး အသင်းတွေထဲကတစ်သင်းဖြစ်ပြီး ကလပ် အသင်းတွေအတွက် အကြီးမားဆုံး နဲ့ ဂုဏ်သိက္ခာ ပိုင်းအရ အမြင့်မားဆုံး ဆုဖလားဖြစ်တဲ့ ချန်ပီယံလိဂ် ဖလားကို ၇ ကြိမ်တိုင်တိုင် အရသိမ်းပိုက်ထားနိုင်တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။အရင်ခေတ်တွေမှာ အီတလီ စီးရီးအေ က အောင်မြင်ခဲ့ပေမယ့် အခုနောက်ပိုင်းခေတ်တွေမှာ အီတလီ ဘောလုံးလောက က အကျပိုင်းကို ရောက်ရှိလာခဲ့ပြီး စီးရီးအေ တစ်ခုလုံးက ပျင်းစရာကောင်းလာခဲ့ပါတယ်။ အေစီမီလန် အသင်းရဲ့ အကျပိုင်းတွေကို နောက်ပိုင်းခေတ်တွေမှာ အကြိမ်ကြိမ် မြင်တွေခဲ့ပြီး အဲ့လို ကျရှုံးရတဲ့ အဓိက အကြောင်းအရင်း ကတော့ အေစီမီလန် အသင်းရဲ့ management ပိုင်းကြောင့်ပဲဖြစ်ပါတယ်။ အေစီမီလန် အသင်းရဲ့ management ပိုင်း ကနောက်ပိုင်းကာလတွေမှာ တလွဲတွေကြီး တောက်လျောက်လုပ်နေတာပါ ။
ဒါတောင် ဒီကြားထဲမှာ ဘောလုံးလောကရဲ့ လေနတ်ဘုရားကြီး ဇလာတန် ပြန်လာတဲ့ တစ်ခေတ်မှာ အသင်းရဲ့ အရည်အသွေးပိုင်းပြည့်ဝ တဲ့ ကစားသမားတွေဖြစ်တဲ့ ရာဖေး လီယို ၊ သီယို ယာနန်ဒက် တို့နဲ့ အတူ ချယ်ဆီး အသင်းချောင်းထိုးထားတဲ့ ကစားသမားတော်တော်များများ နဲ့ပေါင်းစပ်ပြီး နည်းနည်းလေး ထူထူထောင်ထောင်ဖြစ်လာပါသေးတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ အကုန်လုံး ဖရိုဖရဲ ပြန်ဖြစ်သွားပါပြီ ။ မနှစ်ကရာသီ ကတော့ အဆိုးဆုံးပေါ့ ။ အသင်းမှာ ရှိပြီးသား ခြေစွမ်းကောင်းတဲ့ ကစားသမားတွေတောင် ခြေစွမ်းကျဆင်းသွားပြီး တစ်သင်းလုံး ဖြစ်ချင်သလို ဖြစ်နေတာပဲဖြစ်ပါတယ်။ အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတွေ အကုန်လုံး ခြေစွမ်းပိုင်းကျဆင်းသွားတာဖြစ်ပြီး ပုံမှန်ခြေစွမ်းပြနိုင်တာဆိုလို့ ရီနေးဂျား တစ်ယောက်လောက်ပဲရှိပါတယ်။ သူကလည်း အခု မန်စီးတီ အသင်းကို ပြောင်းရွှေ့သွားပြီဖြစ်ပါတယ် ။ ဒီအတိုင်းဆိုရင် အသင်းရဲ့ အရေးပါတဲ့ ကစားသမား တော်တော်များများ ထွက်ခွာသွားနိုင်ပါတယ်။
ရာဖေး လီယို လို အရည်အသွေးပြည့်ဝပြီး အသင်းက အမှန်တကယ် အားကိုး ရတဲ့ ကစားသမား ၊ သီယို ယာနန်ဒက် လို အသင်းကို အမှန်တကယ် ဦးဆောင်နိုင်တဲ့ ကစားသမားအပြင် အသင်းရဲ့ အဓိက အားထားရတဲ့ ဂိုးသမား မိုက် မာဂန် အနေနဲ့လည်း ဒီနှစ်ဘောလုံးရာသီမှာ အသင်းကထွက်ခွာခွင့်မရရှိပါက စာချုပ်သစ် ထပ်ချုပ်ဆိုမှာ မဟုတ်ကြောင်းပြောကြားခဲ့တာကြောင့် အေစီမီလန် အသင်းရဲ့ ကစားသမား စုဖွဲ့မှုအပိုင်းရော ၊ အခြားအပိုင်းတွေမှာပါ တော်တော်လေးကို ကျဆင်းသွားနိုင်ပါတယ်။ ဒီလိုနဲ့ပဲ ဥရောပ ရပ်ဝန်းမှာ ကောင်းကောင်းကြီး တောက်ပ ပြခဲ့တဲ့ အေစီမီလန် အသင်းအနေနဲ့ အရင်လို ဥရောပ ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ဆိုတာ မလွယ်ကူတော့ပါဘူး ။ အေစီမီလန် အသင်းအနေနဲ့ အရင်လို နလန်ပြန်ထူနိုင်ဖို့ဆိုတာ အတော်လေးကိုခက်ခဲသွားခဲ့ပြီဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#acmilan
#europe
#championsleague
#zlatanibrahimović
#striker
最新消息



