ဖလားလက်မဲ့ ရာသီတစ်ခုကို ထက်ပြီး ဖြတ်သန်းရမယ့် အာဆင်နယ်

Admin
2个月 前
Sport Articles
    ဖလားလက်မဲ့ ရာသီတစ်ခုကို ထက်ပြီး ဖြတ်သန်းရမယ့် အာဆင်နယ်

အာဆင်နယ် အသင်းက psg အသင်းကို ချန်ပီယံလိဂ် ဆီးမီးဖိုင်နယ် အဆင့်မှာရှုံးနိမ့်ခဲ့ပြီးချန်ပီယံလိဂ်ပြိုင်ပွဲကနေထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်ပွဲစဥ် အဖြစ် ၈ ပွဲကစားရာမှာ အာဆင်နယ်ဟာ အင်တာမီလန် တစ်သင်းကိုပဲ ရှုံးနိမ့်ခဲ့ပြီး ၆ ပွဲနိုင် ၁ ပွဲသရေဆိုတဲ့ ရလဒ်ကောင်းတွေထွက်ပေါ်အောင် ခြေစွမ်း တည်ငြိမ်စွာနဲ့ ကစားနိုင်ခဲ့ပါတယ်။အမှတ်ပေးဇယား အဆင့် ၃ ရခဲ့တာကြောင့် အာဆင်နယ်ဟာ Play-Off ကန်စရာမလိုဘဲ ၁၆ သင်းအဆင့် တက်ရောက်ခဲ့ပါတယ်။ ၁၆ သင်းရှုံးထွက်အဆင့်မှာ နယ်သာလန်ကလပ် PSV နဲ့တွေ့ဆုံခဲ့ပြီး အိမ်ကွင်း ၊ အဝေးကွင်း နှစ်ကျော့ပေါင်း ၉ ဂိုး ၊ ၃ ဂိုးရလဒ်နဲ့ ကွာတားဖိုင်နယ် တက်ခဲ့ပါတယ်။


ကွာတားအဆင့်မှာတော့ ဥရောပချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်း ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ယူပြီး တကမ္ဘာလုံးကို အံ့အားသင့်အောင် လုပ်ပြကာ ဆီမီးဖိုင်နယ်အဆင့်ကိုတက်လှမ်းနိုင်ခဲ့ပါတယ်။ဆီမီးဖိုင်နယ်အဆင့်မှာ အာဆင်နယ်ဟာ ပြင်သစ် ထိပ်သီးကလပ် ပီအက်စ်ဂျီကို အိမ်ကွင်းမှာ တစ်ဂိုး ဂိုးမရှိ၊ အဝေးကွင်းမှာ နှစ်ဂိုးတစ်ဂိုးနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကိုလက်ပြနှုတ်ဆက်ခဲ့ရပါတယ်။အာဆင်နယ်အသင်း က ဘာဆုဖလားမှမရတာ ၅ နှစ်ရှိပြီ။ ချန်ပီယံဆုတွေနဲ့အင်မတန်နီးစပ်ခဲ့ပေမယ့် နောက်ဆုံးတော့လည်း ဖလားတွေကို လက်လွတ်ခဲ့ရတာပဲဖြစ်ပါတယ်။ ဒီရာသီမှာလည်း နောက်ဆုံးမျှော်လင့်စရာ ချန်ပီယံလိဂ်ဖလား တစ်လုံးထဲသာ ကျန်ရှိသေးပေမယ့် ခုချိန်မှာတော့ ချန်ပီယံလိဂ်ဖလားကြီးကိုလည်း လက်လွှတ်သွားခဲ့ရပါပြီ ။ ထုံးစံအတိုင်း အာတီတာ ရဲ့ အာဆင်နယ်အသင်းက ဖလားလက်မဲ့ ရာသီတစ်ခုကို ထပ်မံ ဖြတ်သန်းရအုံးမှာပဲဖြစ်ပါတယ်။ နည်းပြ အာတီတာ ကိုင်တွယ်ကတည်းက တဖြည်းဖြည်းတည်ဆောက်လာခဲ့တဲ့ အာဆင်နယ် အသင်းက အချိန်တစ်ခုရောက်တဲ့ အချိန်မှာတော့ အကောင်းဆုံး အသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့်လည်း ပရီးမီးယားလိဂ်မှာလည်း ဒုတိယနေရာ နဲ့ ကျေနပ်ခဲ့ရတာ အချိန်တစ်ခုကြာမြင့်ခဲ့ပါပြီ ။ အာဆင်နယ် အသင်း က ဒီရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲမှာ အဓိက ခြေစွမ်းပြနေပြီး ချန်ပီယံလိဂ်ဖလားကို အများဆုံးသိမ်းပိုက်ထားနိုင်တဲ့ ဥရောပ ဘုရင်ကြီး ရီးရဲလ်မက်ဒရစ်အသင်းကို အနိုင်ယူနိုင်ခဲ့တာကြောင့် ပရိတ်သတ်တော်တော်များများကို အာဆင်နယ် အသင်းကို အများကြီးမျှော်လင့်ခဲ့ကြတယ်။


အာဆင်နယ် အသင်းက ပြည်တွင်းဖလာပွဲစဥ်တွေ အကုန်လုံးကိုလည်း ဆုံးရှုံးခဲ့ရတဲ့အပြင် ပရီးမီးယားလိဂ် အမှတ်ပေးဖလားကိုလည်း အာနေးစလော့ ရဲ့ လီပါပူး အသင်းက စောစော စီးစီး သိမ်းပိုက်နိုင်ခဲ့တာကြောင့် အာဆင်နယ် အသင်း က ဒီရာသီမှာလည်း ပရီးမီးယားလိဂ်မှာ အဆင့် ၂ နဲ့သာ ကျေနပ်ခဲ့ရပြီး သူတို့မှာမျှော်လင့်စရာ ချန်ပီယံလိဂ် ဖလားတစ်ခုတည်းသာ ကျန်တော့တာဖြစ်ပြီး အာဆင်နယ် အသင်းတစ်ခါမှ မရဖူးတဲ့ ဖလားတစ်ခုလည်းဖြစ်တာကြောင့် အာဆင်နယ် အသင်းက အများကြီး ပြင်ဆင်လာခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကံမကောင်းစွာနဲ့ပဲ ပြိုင်ပွဲကနေထွက်ခွာခဲ့ရပြီး ပုံမှန်အတိုင်း ဖလားလက်မဲ့ ရာသီ တစ်ခုကိုထပ်မံဖြတ်သန်းသွားရတော့မှာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်း ဘာတွေမှားနေတာလဲ ။ နည်းပြရဲ့ အမှားလား ။ ကစားသမားတွေရဲ့ ညံ့ဖျင်းမှုကြောင့်လား ။ အသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကြောင့်လား။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။

#mmmedia

#arsenal

#psg

#championsleaguesemifinal

#mikelarteta

Leave a reply