အကယ်ဒမီထွက် ကစားသမားတွေနဲ့ ပြည်တွင်းဖလားစုံကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

Admin
1个月 前
Sport Articles
အကယ်ဒမီထွက် ကစားသမားတွေနဲ့ ပြည်တွင်းဖလားစုံကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘာစီလိုနာ

ဘာစီလိုနာ အသင်းက ဒီနှစ်ဘောလုံးရာသီမှာ တော်တော်ကို ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ မနှစ်ကဘောလုံးရာသီ ဘာစီလိုနာ အသင်းက နည်းပြ ဇာဗီ လက်ထပ်မှာ တဖြည်းဖြည်းနဲ့ အကျပိုင်းကို ရောက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ ဘာစီလိုနာ အသင်းက သူတို့ရဲ့ နည်းပြအသစ်အဖြစ် ဟန်စီဖလစ်ကို ခန့်အပ်မည်ဖြစ်ကြောင်း ကြော်ငြာတုန်းကဆိုရင် ဘာစီလိုနာ အမာခံပရိတ်သတ်တွေအပါအဝင် အခြားပရိတ်သတ် တော်တ်ောများများက စိုးရိပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ 2022 ကာတာ ကမ္ဘာ့ဖလားမှာ ဂျာမနီ အသင်းကို ကိုင်တွယ်ပြီး အုပ်စု အဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ဟန်စီဖလစ် ရဲ့ စွမ်းဆောင်ရည် အပေါ်မေးခွန်းထုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်သူမှ မထင်မှတ်ထားလောက်‌အောင် ဟန်စီဖလစ် က လာမာစီယာ အကယ်ဒမီထွက် ကစားသမားတော်တ်ောများများ နဲ့ အကောင်းဆုံး ပြန်လည်တည်ဆောက်ပြီး တစ်နှစ် အတွင်းမှာပဲ ဥရောပ အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လာခဲ့ပါတယ်။

ဟန်စီဖလစ် က သူ့အလုပ်ကို သူ အကောင်းဆုံးလုပ်ပြနိုင်ခဲ့ပြီး တောင်းဆိုမှု အလွန်နည်းပါးတဲ့ နည်းပြတစ်ယောက်ပဲဖြစ်ပါတယ်။ တောင်ပံ ကစားသမားတွေရဲ့ အရည်အသွေးကို ကောင်းကောင်းမြှင့်တင်ပေးနိုင်တဲ့ နည်းပြတစ်ယောက်ဖြစ်တာကြောင့် ဟန်စီဖလစ် ကိုင်တွယ်တဲ့ ဘာစီလိုနာ အသင်းရဲ့ တောင်ပံကစားသမားတွေက ကမ္ဘာ့အဆင့်ခြေစွမ်းတွေနဲ့ ပြိုင်ဘက် အသင်းကို ကောင်းကောင်း ဒုက္ခပေးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ဟန်စီဖလစ် က ဘာစီလိုနာ အသင်းမှာ လူငယ်ကစားသမားတွေကို ယုံယုံကြည်ကြည် နဲ့ နေရာပေးခဲ့ပါတယ်။ သူ့ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကြောင့်ပဲ လာမာစီယာ အကယ်ဒမီ ထွက်ကစားသမားတွေရဲ့ ခြေစွမ်းတွေ ၊ စွမ်းဆောင်ရည်တွေက နောက်တစ်ဆင့်ကို မြှင့်တက်ခဲ့ကြတယ်။ လာမာစီယာ အကယ်ဒမီ ထွက်ကစားသမားတွေက နည်းစနစ် ပိုင်းနဲ့ ဘောလုံးအခြေခံဘယ်လောက်ပိုင်နိုင်လည်းဆိုတာပြောပြနေဖို့တောင်မလိုပါဘူး။လာမာစီယာ အကယ်ဒမီ က ကမ္ဘာ့အကောင်းဆုံး အကယ်ဒမီ တစ်ခုဖြစ်တဲ့ အပြင် အရည်အသွေးပြည့်ဝပြီး အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ကစားသမားပေါင်းများစွာကို မွေးထုတ်ပေးနိုင်တဲ့ အကယ်ဒမီ တစ်ခုလည်းဖြစ်ပါတယ်။ ဟန်စီဖလစ် က ဒီလို အကယ်ဒမီ ထွက်ကစားသမားတွေရဲ့ အရည်အသွေးကို နောက်တစ်ဆင့်မြှင့်တင်ပြီး အသင်းကို အများကြီးပြောင်းလဲစေခဲ့တယ်။

ဟန်စီဖလစ် က ဘာစီလိုနာ အသင်းကို ဒီလူငယ်ကစားသမားတွေနဲ့ ဝါရင့် ကစားသမားတွေပေါင်းစပ်ပြီး ပြည်တွင်းဖလား 3 လုံးလုံးကို သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဓိက ပြိုင်ဘက် ရီးရဲလ်မက်ဒရစ် အသင်းကို ပြည်တွင်းဖလား 3 ခုလုံးမှာ နောက်ကောက်ချပြီး ဖလား 3 ခုလုံးကို ထိုက်ထိုက်တန်တန် နဲ့ သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါတွေက ဟန်စီဖလစ် ရဲ့ လူငယ်ကစားသမားတွေကို ယုံယုံကြည်ကြည်ပေးခဲ့တာကြောင့်လည်း ပါဝင်သလို ဟန်စီဖလစ် ရဲ့ လူငယ်ကစားသမားတွေကိုအရည်အသွေးမြှင့်တင်ပေးနိုင်စွမ်းကိုလည်း မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပါတယ်။ အခုတင်ဆက်ပေးသွားတာကတော့ အကယ်ဒမီထွက် ကစားသမားတွေနဲ့ ပြည်တွင်းဖလားစုံကို သိမ်းပိုက်နိုင်ခဲ့တဲ့ ဘာစီလိုနာ အသင်းအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#barcelona

#hansiflick

#realmadrid

#laliga

Leave a reply