2026 ကမ္ဘာ့ဖလားကို လွဲချော်သွားနိုင်တဲ့ အသင်း ၄ သင်း

Admin
1个月 前
Sport Articles
2026 ကမ္ဘာ့ဖလားကို လွဲချော်သွားနိုင်တဲ့ အသင်း ၄ သင်း

၂၀၂၆ ခုနှစ်မှာတော့ ကမ္ဘာတစ်ဝန်းလုံးရဲ့ စိတ်ဝင်စားမှုကို အပြည့်အဝ ရရှိထားတဲ့ ပြိုင်ပွဲကြီးတစ်ခု ရှိနေတာပဲဖြစ်ပါတယ်။ အဲ့ဒီ ပြိုင်ပွဲကြီးကတော့ ကမ္ဘာ့ဖလား ပြိုင်ပွဲပဲဖြစ်ပါတယ်။ ဒီတစ်ခေါက်ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပုံစံအသစ် အသွင် အသစ် နဲ့ ပထမဆုံး ကျင်းပမယ့် ကမ္ဘာ့ဖလား ပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အမေရိကန် ၊ ကနေဒါ နဲ့ မက်စီကို သုံးနိုင်က ပူးတွဲအိမ်ရှင် အဖြစ် ကျင်းပပေးသွားမှာပဲဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် အခုချိန်မှာ သက်ဆိုင်ရာ ဇုန်အလိုက် ခြေစစ်ပွဲတွေကျင်းပနေကြတာဖြစ်ပြီး ခြေစစ်ပွဲအောင်ကာ ၂၀၂၆ ကမ္ဘာ့ဖလားကို ပါဝင်ခွင့်ရရှိထားတဲ့ အသင်းတွေလည်းရှိသလို ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးကို လွဲချော်သွားနိုင်တဲ့ အသင်းတွေလည်း ရှိပါတယ်။ အဲ့ဒီအသင်းတွေကတော့ ဘယ်ဂျီယံ ၊ နိုင်ဂျီးရီးယား ၊ အီတလီ နဲ့ ချီလီ အသင်းတွေပဲဖြစ်ပါတယ်။ ဘယ်ဂျီယံ အသင်းက ၂၀၁၈ ကမ္ဘာ့ဖလားတုန်းကဆိုရင် သူတို့ရဲ့ အကောင်းဆုံးလူစာရင်းနဲ့ တတိယ နေရာအထိ ရရှိခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် ရွှေရောင်မျိုးဆက် ပျက်စီးသွားတဲ့ အချိန်ကတည်းက ဘယ်ဂျီယံ အသင်းရဲ့ ခြေစွမ်းက အားရစရာ မရှိတော့သလို ပွဲစဥ်တိုင်းကို အနိုင်ယူနိုင်မယ့် ပုံစံတွေကိုလည်း မတွေ့ရတော့ပါဘူး ။

အခုကမ္ဘာ့ဖလား ခြေစစ်ပွဲမှာဆိုရင်လည်း ပွဲစဥ်တိုင်းကို ခက်ခက်ခဲခဲ ကန်နေရပြီး တစ်ပွဲနိုင် တစ်ပွဲသရေနဲ့ အဆင့် ၃ မှာ ရပ်တည်နေတာပဲဖြစ်ပါတယ် ။ ဒီလိုပုံစံ တွေနဲ့ဆိုရင် ကမ္ဘာ့ဖလား ပြိုင်ပွဲခြေစစ်ပွဲအောင်ဖို့အတွက် ဘယ်ဂျီယံ အသင်းအနေနဲ့ အတော်လေးရုန်းကန်ရအုံးမှာပဲဖြစ်ပါတယ်။နောက်တစ်သင်းကတော့ အီတလီ အသင်းပဲဖြစ်ပါတယ်။ အီတလီ အသင်း က ကမ္ဘာ့ဖလားကြီးကို ကိုင်မြှောက်ခဲ့ဖူးတဲ့ အသင်းတစ်သင်းလည်းဖြစ်၊ အင်အားကြီး အသင်းတစ်သင်းလည်းဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၂၂ ကမ္ဘာ့ဖလားနှစ်ကြိမ်လုံးကိုလည်း လွဲချော်ခဲ့တဲ့ အသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒီတစ်ခေါက် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ခြေစစ်ပွဲတွေမှာလည်း မတည်ငြိမ်တဲ့ပုံစံတွေကို တွေ့မြင်နေရပြီး တစ်ပွဲနိုင် တစ်ပွဲရှုံးဆိုတဲ့ ရလဒ် နဲ့ အဆင့် ၃ မှာ ရပ်တည်နေတာပဲဖြစ်ပါတယ်။ အီတလီ အသင်းက အရှေ့မှာ လွဲချော်ခဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ကြိမ်ကို ကောင်းကောင်းသင်ခန်းစာယူပြီး လက်ကျန်ပွဲတွေမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာဖို့ လိုအပ်နေတာပဲဖြစ်ပါတယ်။ ဒီလို အကောင်းဆုံးပုံစံတွေနဲ့ ပြန်မလာနိုင်ခဲ့ရင် အီတလီ အသင်းက ၃ ကြိမ်မြှောက် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွဲချော်သွားနိုင်တာပဲဖြစ်ပါတယ်။ နိုင်ဂျီးရီးယား အသင်းက ဥရောပ ရပ်ဝန်းမှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသထားတဲ့ အိုစီမင် ၊ လွတ်မန်း ၊ ဘိုနီဖေ့ တို့ကို အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ အာဖရိက အင်အားကြီးအသင်းတစ်သင်းလည်းဖြစ်ပါတယ်။ ဒီလို အရည်အသွေးမြင့် ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အာဖရိကဇုန် ခြေစစ်ပွဲမှာ အတော်လေးကို ရုန်းကန်နေရပြီး ၆ ပွဲကစားပြီးချိန်မှာ ၁ ပွဲနိုင် ၄ ပွဲသရေ ၊ တစ်ပွဲရှုံးနိမ့်ကာ အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နေတာပဲဖြစ်ပါတယ် ။

အဆင့် ၁ မှာ ဦးဆောင်နေတဲ့ တောင်အာဖရိက အသင်းနဲ့ ၆ မှတ်အထိကွာဟနေပြီး အကောင်းဆုံးဒုတိယ နဲ့ နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့ပါ အတော်လေး ရုန်းကန်ရအုံးမှာပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်သင်းကတော့ ချီလီ အသင်းပဲဖြစ်ပါတယ်။ တောင်အမေရိကဇုန် ရဲ့ အင်အားကြီးအသင်းတွေထဲကတစ်သင်းဖြစ်တဲ့ ချီလီ အသင်းကလည်း အရင်အချိန်တွေတုန်းကဆိုရင် ကမ္ဘာ့အဆင့် ကစားသမားတွေနဲ့ ကိုပါအမေရိက ဖလားကြီးကို ဆွတ်ခူးနိုင်တဲ့ အထိအောင်မြင်မှုရရှိခဲ့တာပဲဖြစ်ပါတယ် ။ ဒါပေမယ့် လက်ရှိ ချီလီ အသင်းက တောင်အမေရိကဇုန် ခြေစစ်ပွဲမှာ အမှတ်ပေးဇယား အောက်ဆုံးအထိ ရောက်ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားကို လွဲချော်သွားနိုင်ချေရှိနေတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ 2026 ကမ္ဘာ့ဖလားကို လွဲချော်သွားနိုင်တဲ့ အသင်း ၄ သင်း အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#belgium

#nigeria

#italy

#chile

#worldcup

#football

Leave a reply