ဆုဖလားတွေကိုင်မြှောက်ဖို့ ကံပါလာ တဲ့ ဘန်ချီဝဲလ်

ဘန်ချီဝဲလ် ဆိုတဲ့ ကစားသမားကတော့ လက်စတာစီးတီး အသင်းနဲ့ အတူ စတင်ပေါ်ထွက်လာခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ လက်စတာအသင်းရဲ့ ပရီးမီးယားလိဂ် ဖလားဆွတ်ခူးရာ လမ်းကြောင်းတစ်လျောက် အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီး အသင်းကြီးတော်တော်များများကို မျက်စိကျအောင်စွမ်းဆောင်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ချီဝဲလ် က လက်စတာ အသင်းနဲ့အတူ ပရီးမီးယားလိဂ် ဖလားကြီးကို ဘယ်သူမှမထင်မှတ်ထားလောက်တဲ့ အနေအထားကနေ သိမ်းပိုက်ပြီး သိပ်မကြာခင်မှာပဲ ချယ်ဆီး အသင်းကို ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ နည်းပြ တူချယ် လက်အောက်မှာ ချီဝဲလ်တစ်ယောက် သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းနဲ့လည်း ဘယ်သူမှ မထင်မှတ်ထားလောက်တဲ့ အခြေအနေကနေ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်းကို အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလား အပါအဝင် အခြား ဥရောပဖလားတွေကိုပါ ဆွတ်ခူးနိုင်ခဲ့တာပဲဖြစ်ပါတယ် ။
ကံမကောင်းစွာနဲ့ ကစားသမားဘဝ အတောက်ပဆုံးအချိန်တွေကို ရောက်ရှိနေတဲ့ ချီဝဲလ် တစ်ယောက် ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး မြက်ခင်းစိမ်းတွေနဲ့အချိန်အတော်ကြာဝေးကွာခဲ့ရတာပဲဖြစ်ပါတယ်။ သူဒဏ်ရာပြသာနာ နဲ့ ရင်ဆိုင်နေရတဲ့ အချိန်အတွင်း ချယ်ဆီး အသင်းက ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး အသင်းပိုင်ရှင်အသစ် ၊ နည်းပြအသစ် တွေနဲ့ တော်တော်လေးပြောင်းလဲသွားခဲ့တယ်။ ဒီလိုနဲ့ပဲ ချီဝဲလ်က ချယ်ဆီး အသင်းရဲ့ အဓိက ဦးစားပေးကစားသမား တစ်ယောက်မဖြစ်တော့ပါဘူး။ ချယ်ဆီး အသင်းရဲ့ နည်းပြ အသစ်ဖြစ်တဲ့ အန်ဇိုမာရက်စကာ ကလည်း ဘန်ချီဝဲလ် က သူ့ရဲ့ ကစားကွက် နဲ့ အံမဝင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အသင်းမှာချောင်ထိုးထားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ဥရောပ ရပ်ဝန်းမှာ အစွမ်းကုန် ကြမ်းပြ ၊ ရမ်းပြ ခဲ့တဲ့ ကစားသမားတစ်ယောက်က ဒဏ်ရာပြသာနာတွေကြောင့် ချောင်ထိုးခံရတဲ့ ကစားသမားတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့တာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ ချဲလ်ဆီးအသင်းမှာ နေရာတစ်နေရာ ရဖို့ ရုန်းကန်ခဲ့ရသလို နည်းပြကအစ သဘောကျခြင်း မခံရတဲ့ ဘန်ချီဝဲလ် ဟာ အဆုံးမှာတော့ ပဲလေ့စ် အသင်းကို အငှားထွက်ကစားခဲ့ပါတယ်။ဘန်ချီဝဲလ် က ပဲလေစ့်အသင်းကို အငှားထွက်ပြီး မကစားရခင်တုန်းက ကော့ဘ်ဟမ်း လေ့ကျင့်ရေးကွင်းမှာ လေ့ကျင့်ခန်းတွေကို တစ်ယောက်ထဲ လုပ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။
အသင်းကြီးရဲ့ လေ့ကျင့်ခန်း အစီစဥ်တွေမှာ ပါဝင်ခွင့်မရရှိခဲ့တဲ့ အပြင် ဇန်နဝါရီ မှာ အငှားထွက် ကစားရမယ်ဆိုတာ သိထားပေမယ့် ၄ လ ၅ လ အထိ ဘန်ချီဝဲလ် ဟာ တစ်ယောက်တည်း လေ့ကျင့်ခန်းတွေကို ကြိုးကြိုးစားစားပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းမှာ နေရာတစ်နေရာ ရဖို့ ရုန်းကန်ခဲ့ရသလို နည်းပြကအစ သဘောကျခြင်း မခံရတဲ့ ဘန်ချီဝဲလ် ဟာ အဆုံးမှာတော့ ပဲလေ့စ် အသင်းကို အငှားထွက်ကစားခဲ့ရပါတယ်။ ပဲလေ့စ် အသင်း က FA ဖလား ဗိုလ်လုပွဲ ပွဲစဥ်မှာ မန်စီးတီး အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မထင်မှတ်ထားတဲ့ အခြေအနေတွေကနေ FA ဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ တစ်ချိန်က ချယ်ဆီး ပရိတ်သတ်တွေရဲ့ အချစ်တော်ဖြစ်ခဲ့တဲ့ ချီဝဲလ် က ဆုဖလားတွေနဲ့ တော်တော်လေးကို ကံပါတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ပဲလေစ့်အသင်းရဲ့ သမိုင်းမှာ ပထမဆုံးသော အဓိက ဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဒီလိုသမိုင်းဝင် အခိုက်အတန့် မှာ ဘန်ချီဝဲလ် ကလည်း ပါဝင်ခွင့်ရခဲ့တာပဲဖြစ်ပါတယ်။ ဘန်ချီဝဲလ် က ချဲလ်ဆီး အသင်း နဲ့ ဥရောပဖလား တွေဆွတ်ခူးနိုင်ခဲ့ပေမယ့် ပြည်တွင်းဖလားကတော့ တစ်လုံးမှဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး။ ချဲလ်ဆီးအသင်းနဲ့အတူ Fa Cup ဖိုင်နယ် နှစ်ကြိမ်တက်ရောက်ခဲ့ပေမယ့် လက်စတာ ၊ လီဗာပူးလ် တို့ ကိုရှုံးနိမ့်ခဲ့တာပဲဖြစ်ပါတယ် ။အခုချိန်မှာတော့ ချယ်ဆီး အသင်းနဲ့အတူ လက်လွှတ်ခဲ့ရတဲ့ FA ဖလားကို ပဲလေ့စ် အသင်းနဲ့ အတူ သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဆုဖလားတွေကိုင်မြှောက်ဖို့ ကံပါလာ တဲ့ ဘန်ချီဝဲလ် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#benchilwell
#chelsea
#facup
#crystalpalace
#leicestercity
最新消息



