ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ထင်ထားတာထက် ပိုမိုကောင်းမွန်နေတဲ့ ဘရားဇီးကလပ်အသင်းများ

ဒီတစ်ခေါက် ပုံစံ အသစ်တစ်မျိုးနဲ့ ကျင်းပတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာဘောလုံးပရိတ်သတ်တော်တော်များများ က ဥရောပ အသင်းကြီးတွေကိုပဲ အာရုံထားကြတာများတယ်။ ဒါပေမယ့် ကလပ်ကမ္ဘာ့ဖလားမှာ မထင်မှတ်ဘဲ ခြေစွာနေတာက ဘရာဇီးကလပ်အသင်းတွေပဲဖြစ်ပါတယ်။ ဘရားဇီး ကလပ်တွေထက် စာရင်းတောင် ဘောလုံးပရိတ်သတ်တွေက အာဂျင်တီးနား ကလပ်တွေဖြစ်ကြတဲ့ ရေးဗားပလိတ်နဲ့ ဘိုကာဂျူနီယာတို့ကိုတောင် ပိုသတိထားမိကြအုံးမယ် ။ဒါပေမယ့် အာဂျင်တီးနား ကလပ်တွေ အားလုံးက အုပ်စုအဆင့်ကနေပဲ ထွက်လိုက်ရပါတယ်။ ဘရာဇီးကလပ်တွေဖြစ်ကြတဲ့ ပါးလ်မီးရပ်စ်၊ ဘိုတာဖိုဂို၊ ဖလာမင်ဂို၊ ဖလူမင်နိစ်တိုအားလုံး ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့တာပါ။ ဘိုတာဖိုဂိုဆိုရင် အုပ်စုကြပ်ထဲ ရောက်ခဲ့ပေမယ့် ပီအက်စ်ဂျီ၊ အက်သလက်တီကိုတို့ ပါဝင်တဲ့အုပ်စုမှာ ပီအက်စ်ဂျီရဲ့ နောက် အုပ်စု ဒုတိယနေရာကနေ ရှုံးထွက် (၁၆) သင်းအဆင့်ကို တက်ရောက်ခဲ့ပါတယ်။
သူတို့ရဲ့ အကောင်းဆုံးပုံစံတွေနဲ့ အတူ ဥရောပ အသင်းကြီးတစ်သင်းဖြစ်တဲ့ ဆီမြွန်နီ ရဲ့ အက်သလက်တီကို အသင်းကို အုပ်စုကနေ ပြိုင်ပွဲကထွက်ခွာအောင် ပြုလုပ်နိုင်ခဲ့တယ်။ တကယ်တော့ ဘရာဇီး ကလပ်အသင်းတွေကို ဒီအဆင့်ထိ တက်လှမ်းနိုင်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားမှာ မဟုတ်ပါဘူး ။ဘိုတာဖိုဂို အသင်းနဲ့ ဖလာမင်ဂို အသင်း နှစ်သင်းက ၁၆ သင်းအဆင့်နဲ့ ကျေနပ်ခဲ့ရပေမယ့် ၁၆ သင်း အဆင့်ကို အကောင်းဆုံးပုံစံတွေနဲ့ ဖြတ်ကျော်ပြီး ကွာတားဖိုင်နယ် အထိတက်လှမ်းနိုင်ခဲ့တဲ့ ဘရားဇီး ကလပ်အသင်း အသင်းနှစ်သင်းလည်းရှိပါတယ်။ အဲ့နှစ်သင်းကတော့ ပါးလ်မီးရပ်စ် အသင်း နဲ့ ဖလူမင်နိစ်တို အသင်းတို့ပဲဖြစ်ပါတယ်။ ပါးလ်မီးရပ်စ် အသင်း က ၁၆ သင်းအဆင့်မှာ ဘရာဇီး ကလပ် အသင်းဖြစ်တဲ့ ဘိုတာဖိုဂို အသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး ၁-၀ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ် ။ ကွာတားဖိုင်နယ် အဆင့်မှာ အင်္ဂလန် ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်းနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဖလူမင်နိစ် အသင်းကတော့ ဝါရင့်နောက်ခံလူ သီယာဂို ဆေးဗားရဲ့ အကောင်းဆုံး ထိန်းကြောင်းပေးမှုနဲ့ အတူ ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ အင်တာမီလန် အသင်းကို အကောင်းဆုံးပုံစံတွေနဲ့ ယှဥ်ပြိုင်ကစားပြီး ၂-၀ ဆိုတဲ့ရလဒ် နဲ့ အနိုင်ယူကာ ကွာတားဖိုင်နယ် အဆင့်အထိ ကိုတက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဖလူမင်နိစ် အသင်းက ကွာတားဖိုင်နယ်မှာ ဆော်ဒီကလပ် အသင်းတစ်သင်းဖြစ်တဲ့ အယ်ဟီလယ် အသင်းနဲ့ ရင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ အမှန်တကယ်ဆိုရင် ကွာတားဖိုင်နယ်လို အဆင့်မျိုးကို ဘရာဇီး ကလပ်အသင်းတွေအနေနဲ့ ဥရောပ အသင်းကြီးတွေကို ကျော်ဖြတ်ပြီး တက်လှမ်းနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး ။ ပုံမှန်ဆိုရင် ဘရာဇီးကလပ် အသင်းတွေကို အိမ်ဖြည့်အသင်းအဖြစ်သာ သတ်မှတ်ပြီး အသင်းတိုင်းက သိပ်ဂရုမစိုက်ပါဘူး ။ ဒါပေမယ့် ဘရာဇီး ကလပ် အသင်းတွေက သူတို့ဘာလုပ်နိုင်တယ်ဆိုတာကို ကောင်းကောင်းကြီးသက်သေပြနေတာပဲဖြစ်ပါတယ် ။ အဲ့ဒါကြောင့်လည်း ဒီနှစ် ကလပ်ကမ္ဘာ့ဖလားမှာ ဘရာဇီးကလပ်တွေက အာဂျင်တီးနားကလပ်တွေ အပြင် တခြားလိဂ် ကလပ်တွေနဲ့ ယှဉ်လိုက်ရင်တော့ ဘရာဇီးကလပ်တွေက ပိုမိုသာလွန်ခဲ့ပြီး မျက်နှာပန်းလှခဲ့တယ်လို ဆိုရမှာပါ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#brazilianclubs
#clubworldcup
#europe
#football
最新消息



