ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ချယ်ဆီး အသင်းရဲ့ နောက်ဆုံးခြေလှမ်းတစ်လှမ်း

Admin
2个月 前
Sport Articles
ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ချယ်ဆီး အသင်းရဲ့  နောက်ဆုံးခြေလှမ်းတစ်လှမ်း

ဒီနှစ် ပရီးမီးယားလိဂ် က အတော်လေးကို အကြိတ်အနယ် ရှိနေတာပဲဖြစ်ပါတယ်။ ချန်ပီယံလိဂ် ၊ ယူရိုပါလိဂ် စတာတွေကို ဘယ်အသင်းတွေက ဝင်ရောက်ယှဥ်ပြိုင်ရမယ်ဆိုတာ အခုချိန်ထိကို ပြတ်ပြတ်သားသားမသိရသေးပဲ အသင်းတော်တော်များများကအခွင့်အရေးရှိနေသေးတာပဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်းက ဒီနှစ်ဘောလုံးရာသီ အစပိုင်းမှာ အင်မတန် ကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ အကောင်းဆုံး ပုံစံကိုတော့ တည်တည်ငြိမ်ငြိမ်နဲ့ မထိန်းသိမ်းထားနိုင်ပါဘူး။ မရှုံးသင့်တဲ့ ပွဲတွေကို ရှုံးတယ် ။ အမှတ်အပြည့် ရသင့်တဲ့ ပွဲတွေကို အမှတ်ခွဲဝေပေးခဲ့ရတယ်။ အဲ့တာကြောင့်ပဲ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက် နောက်ဆုံးအချိန်ထိ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရတာပဲဖြစ်ပါတယ်။ မနှစ်ကဘောလုံးရာသီကလည်း ဒီလို မတည်ငြိမ်တဲ့ ခြေစွမ်းတွေကြောင့်ပဲ ချန်ပီယံလိဂ် နဲ့ ဝေးကွာပြီ ယူရိုပါလိဂ် ဝင်ခွင့်သာရရှိခဲ့ပါတယ်။

ဒါပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက FA ဖလားကို ဆွတ်ခူးနိုင်ခဲ့တာကြောင့် ယူရိုပါလိဂ် ဝင်ခွင့်တစ်နေရာအတွက် ချယ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက် အသင်း ကိုနေရာဖယ်ပေးခဲ့ရတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ ဂုဏ် ၊ သုံးစွဲခဲ့တဲ့ ငွေကြေး ၊ ခေါ်ယူပေးခဲ့တဲ့ ကစားသမားတွေ နဲ့ ဆိုရင် ကွန်းဖရင့်လိဂ် က ချယ်ဆီး အသင်းနဲ့ ဘယ်လိုမှ မတက်ဆိုင်တဲ့ နေရတစ်ခုပါ ။ အဲ့တာကြောင့်ပဲ ချယ်ဆီး အသင်းက သူတို့နဲ့ ဝေးကွာခဲ့တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ခွင့်တစ်နေရာ ရဖို့ လိုကိုလိုအပ်နေတာပဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်းက အရှေ့မှာ ခက်ခဲတဲ့ ပွဲစဥ်တွေကို ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက် အက်စတွန်ဗီလာ အသင်းနဲ့ အဓိကယှဥ်ပြိုင်သွားရမှာပဲဖြစ်ပါတယ်။ အခုဆိုရင် ပရီးမီးယားလိဂ် ပြိုင်ပွဲကလည်း ပွဲစဥ် ၃၇ ပွဲအထိ ပြီးဆုံးသွားပြီဖြစ်ပေမယ့် ချန်ပီယံလိဂ် တစ်နေရာ အတွက် အပြိုင်လုနေကြတဲ့ အက်စတွန်ဗီလာ နဲ့ ချယ်ဆီး အသင်းက အမှတ်တူနေခဲ့ပြီး ဂိုးကွာဟချက်နဲ့ ချယ်ဆီး အသင်းက ဦးဆောင်နေတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် နောက်ဆုံးပွဲစဥ်တစ်ပွဲ ၊ နောက်ဆုံးခြေလှမ်းတစ်လှမ်းသာကျန်ရှိတော့တာပဲဖြစ်ပါတယ်။ချယ်ဆီး အသင်းက နောက်ဆုံးပွဲစဥ◌်အဖြစ် နော်တင်ဟမ်ဖောရက် အသင်းကို အဝေးကွင်းမှာ သွားရောက်ယှဥ◌်ပြိုင်ရမှာဖြစ်ပြီး နိုင်တာနဲ့ ချန်ပီယံလိဂ် တစ်နေရာကို အပိုင်စားရရှိသွားမှာပဲဖြစ်ပါတယ် ။


ဒီပွဲစဥ်မတိုင်ခင်တုန်းကလည်း ချယ်ဆီးအသင်းက မန်ချက်စတာယူနိုက်တက် အသင်း ကို ခက်ခက်ခဲခဲ နဲ့ ရင်ဆိုင်ခဲ့ရပြီး အဖိုးတန် အနိုင်သုံးမှတ်ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ နော်တင်ဟမ်ဖောရက် အသင်းကလည်း တစ်ရာသီလုံး အရမ်းကောင်းလာခဲ့တဲ့ အသင်းတစ်သင်းဖြစ်ပြီး ရာသီပြီးခါနီးမှသာစွမ်းဆောင်ရည်ပိုင်းကျဆင်းလာပြီးမတည်မငြိမ်ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို နောက်ပိုင်းပွဲစဥ်တွေမှာ ခြေစွမ်းပိုင်း မတည်မငြိမ်ဖြစ်နေတဲ့ နော်တင်ဟမ်ဖောရက် အသင်းကို ချယ်ဆီး အသင်း အနိုင်ကစားဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက သူတို့ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲဝင်ခွင့်အတွက် အကောင်းဆုံးပုံစံနဲ့ လှမ်းနိုင်မယ့် ခြေလှမ်းတစ်လှမ်းသာလိုအပ်တော့တာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေုးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#championsleague

#chelsea

#football

#premierleague

Leave a reply