၁၂ နှစ်ကြာ အသင်းပေါ် ပေးဆပ်ခဲ့ပြီး လိုချင်တဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ မာကွင်ဟို့စ်

ပီအက်ဂျီ အသင်းက အသင်းရဲ့ သမိုင်းကြောင်းတစ်လျောက် ပထမဆုံးသော ချန်ပီယံလိဂ် ဖလားကြီးကို ကစားသမားအပြောင်းအလဲများစွာ ၊ နည်းပြအပြောင်းအလဲ များစွာ ပြုလုပ်ပြီး ဒီနှစ်ဘောလုံးရာသီမှာတော့ အရသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီချန်ပီယံလိဂ် ဆုဖလား စိန်ခေါ်ရာ လမ်းကြောင်းတစ်လျောက်လုံးမှာ ချီးကျူးမှု နဲ့ ထိုက်တန်တဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်။ အဲ့ထဲမှာပဲ တကယ့်ချီကျူးမှုတွေနဲ့ ထိုက်တန် တဲ့ ကစားသမားကတော့ အသင်းရဲ့ ဝါရင့်ကစားသမား ကြီး မာကွင်ဟို့စ် ပဲဖြစ်ပါတယ်။ မာကွင်ဟို့စ် က ပီအက်ဂျီ အသင်းကို ရောက်ရှိတာ ၁၂ တောင်ကြာခဲ့ပါပြီ ။ သူက ဆုဖလားတွေကို စိန်ခေါ်နိုင်ဖို့ အတွက် ပီအက်ဂျီ အသင်းကို ပြောင်းရွှေ့လာခဲ့တာပဲဖြစ်ပါတယ်။ သီယာဂို ဆေးဗားတို့လို သဘာရင့် ဝါရင့် ခံစစ်မှူတွေဆီက ပညာပေါင်းများစွာကို သင်ယူခွင့်ရရှိခဲ့တယ်။ နောက်ဆုံးမှာတော့ သူမျှော်လင့်ချက်ကြီးမားခဲ့တဲ့ ချန်ပီယံလိဂ်ဖလားကို ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်။
ဒီဆုဖလားကို သိမ်းပိုက်နိုင်တဲ့ အချိန်မှာ မာကွင်ဟို့စ် က ပီအက်ဂျီ အသင်းရဲ့ စီနီယာ အကျဆုံးကစားသမား ဖြစ်နေပါပြီ ။ သူလိုချင်ခဲ့တဲ့ ချန်ပီယံလိဂ် ဖလားကြီးကို အသင်းခေါင်းဆောင် အဖြစ်နဲ့ ကိုင်မြှောက်နိုင်ခဲ့တယ်။ ချန်ပီယံလိဂ် ဖလားကြီး ရရှိပြီးတဲ့ အချိန်မှာ မာကွင်ဟို့စ် တစ်ယောက် မျက်ရည်တွေနဲ့ ဖြေမဆယ်နိုင်အောင် ငိုခဲ့တယ် ။ ပီအက်ဂျီ အသင်းကလည်း လူငယ်ကစားသမားတွေနဲ့ ဝါရင့် ကစားသမားတွေကို အချိုးကျပေါင်းစပ်ထားတဲ့ အသင်းတစ်သင်းဖြစ်ပါတယ်။ ဒီချန်ပီယံလိဂ် ဆုဖလားသိမ်းပိုက်နိုင်ခဲ့တဲ့ ပီအက်ဂျီ အသင်းမှာ ချီးကျူးရမယ့် ကစားသမားတွေများပေမယ့် မာကွင်ဟို့စ် က ပီအက်ဂျီ တစ်သင်းလုံးကို ဦးစီးဦးဆောင် နဲ့ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ခံစစ် ကနေ အသင်းကို အကောင်းဆုံး မောင်းတင်နိုင်ခဲ့သလို မာကွင်ဟို့စ် ဦးဆောင်တဲ့ ခံစစ်ကလည်း ဘာအမှားတစ်ခုမှကို မမြင်တွေ့ခဲ့ရပါဘူး ။ ပီအက်ဂျီ အသင်းက ဒီဘောလုံးရာသီ တစ်ရာသီထဲမှာပဲ ဆုဖလား ၃ လုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ ။ နည်းပြ သစ် လူဝစ် အန်ဒရီကေး လက်ထက် မှာ ပီအက်ဂျီ အသင်းက အများကြီးတိုးတက်လာခဲ့သလို ကစားသမားတွေရဲ ခြေစွမ်းကလည်း နောက်တစ်ဆင့် ကို ရောက်ရှိသွားခဲ့ပါတယ်။ လူးဝစ် အန်ဒရီကေး ရဲ့ ပီအက်ဂျီ အသင်း ဒီလို အောင်မြင်မှုများစွာသိမ်းပိုက်နိုင်တဲ့ အခန်းကဏ္ဍမှာ မာကွင်ဟို့စ် က အဓိက ထောက်တိုင် ဖြစ်ခဲ့တာပဲဖြစ်ပါတယ်။
လူးဝစ် အန်ဒရီကေး ရဲ့ ပီအက်ဂျီ အသင်းမှာ မာကွင်ဟို့စ် လို သဘာရင့် ဝါရင့် ကစားသမားတစ်ယောက် ၊ အသင်းပေါ် ပေးဆပ်ချင်စိတ်အပြည့်အဝ ရှိတဲ့ ကစားသမားတစ်ယောက် ၊ အသင်းကို ဦးစီးဦးဆောင် လုပ်နိုင်မယ့် ကစားသမားတစ်ယောက် ရှိနေတာက အရမ်းကို အားသာတဲ့ အချက်တစ်ချက် ဖြစ်ခဲ့ပါတယ်။မာကွင်ဟို့စ် က ဒီလိုအောင်မြင်မှုတွေနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ယောက်ပါ ။ ဒီလို အောင်မြင်မှုတွေကို ရရှိနိုင်ဖို့ အတွက် မာကွင်ဟို့စ် တစ်ယောက် ၁၂ နှစ်တောင် စောင့်ခဲ့ရတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ၁၂ နှစ်ကြာ အသင်းပေါ် ပေးဆပ်ခဲ့ပြီး လိုချင်တဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ မာကွင်ဟို့စ် အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#championsleague
#psg
#centerback
#marquinhos
最新消息



