ချယ်ဆီး ကစားသမားဆိုတာနဲ့ ကြိုက်နှစ်သက်တဲ့ အာဆင်နယ်အသင်း

Admin
4周 前
Sport Articles
ချယ်ဆီး ကစားသမားဆိုတာနဲ့  ကြိုက်နှစ်သက်တဲ့ အာဆင်နယ်အသင်း

ချယ်ဆီး အသင်း နဲ့ အာဆင်နယ် အသင်းနှစ်သင်းက လန်ဒန်ရဲ့ အင်အားကြီး နှစ်သင်းဖြစ်တဲ့အပြင် ပြိုင်ဆိုင်မှု အတော်လေးကို ပြင်းထန်တဲ့ အသင်းနှစ်သင်းလည်းဖြစ်ပါတယ်။ ဘယ်လောက်ပဲ လန်ဒန်ပြိုင်ဘက်ဖြစ်တယ်ပြောပြော ဘယ်လောက် ပြိုင်ဆိုင်မှုပြင်းထန်တယ်ပြောပြော ဒီနှစ်သင်းလုံးမှာ ကစားခဲ့ဖူးတဲ့ ကစားသမား အရေအတွက်ကမနည်းလှပါဘူး ။ လန်ဒန်ခါးသီးပြိုင်ဘက်တွေဖြစ်ကြပေမယ့် အခြား ဒါဘီပြိုင်ဘက်တွေထက် အပြောင်းအရွှေ့ဈေးကွက်မှာ ကောင်းမွန်တဲ့ ဆက်ဆံရေးပိုရှိတယ်ပဲပြောရမယ်။ အာဆင်နယ် အသင်းက ချယ်ဆီးရဲ့ အကျကစားသမားတွေကို အမြဲလိုလို ခေါ်ယူတက်တဲ့ အသင်းတစ်သင်းလဲဖြစ်တယ် ။ အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီဖြစ်တဲ့ ချယ်ဆီးအသင်းရဲ့ ဂိုးသမား ပီတာချက် ၊ အကျပိုင်းကို သိသိသာသာကြီးရောက်ရှိသွားပြီဖြစ်တဲ့ ဒေးဗစ်လု ၊ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကို မပြသနိုင်တဲ့ ကိုင်ဟာဗက် ၊ အသက်အရွယ်ပိုင်းမှာရော ခြေစွမ်းပိုင်းမှာရော အားရစရာမရှိတော့တဲ့ ဂျော်ဂျင်ဟို ၊ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ကုန်ဆုံးသွားပြီဖြစ်တဲ့ ကီပါ နဲ့ စတာလင် စတဲ့ ချယ်ဆီး အသင်းရဲ့ အကျကစားသမား တော်တော်များများကိုခေါ်ယူတက်တဲ့ အသင်းတစ်သင်းကတော့ အာဆင်နယ် အသင်းပဲဖြစ်ပါတယ်။


အာဆင်နယ် အသင်းက ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ အသင်းရဲ့ လိုအပ်နေတဲ့ နေရာတွေကို အကောင်းဆုံးဖြည့်တင်းမှုတွေပြုလုပ်ပြီး ဆုဖလားကိုင်မြှောက်နိုင်ဖို့အတွက် ကြိုးစားနေတာပဲဖြစ်ပါတယ်။ အခုနောက်ပိုင်း သတင်းတွေ အရ အာဆင်နယ် အသင်းက ချယ်ဆီး အသင်းရဲ့ တောင်ပံကစားသမား နိုနီ မာဒူအက်ကေး ကို ခေါ်ယူဖို့ အတွက် စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ နိုနီ မာဒူအက်ကေး ရဲ့ ခြေစွမ်းကို ချယ်ဆီး အသင်းကလည်း သံသယ ရှိနေပြီး အနာဂတ်မှာ ထင်သလောက်ဖြစ်မလာနိုင်တဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ပြီး လိုချင်တဲ့ဈေး ၊ ထိုက်သင့်တဲ့ ပြောင်းရွှေ့ကြေး တစ်ခုရရင် ရောင်းချသွားမှာပဲဖြစ်ပါတယ်။ နိုနီ မာဒူအက်ကေး ရဲ့ ခြေစွမ်းကလည်း တစ်ပွဲ နဲ့ တစ်ပွဲ အဆိုးမရပါဘူး ။ ကောင်းချင်တဲ့ ပွဲကျ မထင်ထားလောက်အောင် ခြေစွမ်းပြပြီး ။ ခြေစွမ်းညံတဲ့ ပွဲတွေကျရင်လဲ လူပိုကြီး တစ်ယောက်လို ကွင်းထဲမှာ ဘာအသုံးမှ မဝင်ပါဘူး ။ အာဆင်နယ် အသင်းက နိုနီ မာဒူအက်ကေးကို ခေါ်ယူပြီး ဘာလုပ်သွားမှာလဲ ။ အာဆင်နယ် အသင်းရဲ့ ညာတောင်ပံ တစ်နေရာက ဆာကာ အတွက် အပိုင်စားပေးပြီးသားမဟုတ်ဘူးလား ။ဒါမှမဟုတ် အန်ဇိုမာရက်စကာ အခုနောက်ပိုင်း မာဒူအက်ကေးကို အသုံးပြုနေသလို ဘယ်တောင်ပံ နေရာမှာ အသုံးပြုဖို့အတွက်ပဲလား ။


အဲ့လိုပြောရအောင်လည်း နိုနီက ဘယ်တောင်ပံမှာ ကစားတဲ့ ပွဲတွေဆို ဘာခြေစွမ်းမှ မပြနိုင်ပဲ ပုံမှန်ပွဲစဥ်တွေထက် အခြေအနေပိုဆိုးသွားတက်ပါတယ်။ နိုနီ ရဲ့ ညာတောင်ပံမှာ ကစားတဲ့ ခြေစွမ်းကလည်း စတားဘွိုင်းလေး ဆာကာကို ဘယ်လိုမှ မကျော်တက်နိုင်ဘူး ။ ဘယ်တောင်ပံမှာ ကျတော့လည်း လုံလောက်တဲ့ ခြေစွမ်းမျိုးကို မပြနိုင်ဘူး ။ အာတီတာ တစ်ယောက် ဘာတွေလုပ်ဖို့ကြုံနေတာလဲ ။ ဒါမှ မဟုတ် ချယ်ဆီးအသင်းရဲ့ ကစားသမားဆိုတာနဲ့ အာဆင်နယ် အသင်းက ကြိုက်နှစ်သက်တာလား ? ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကော့မန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံးအဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#arsenal

#nonimadueke

#transfer

#rightwinger

Leave a reply