ဈေးကွက်နောက်ဆုံးနေ့မှာ ကမ်းလှမ်းမှု ၂ ခုကို ပယ်ချခံခဲ့ရတဲ့ ချယ်ဆီး အသင်း

အရင်တုန်းကဆိုရင် အပြောင်းအရွှေ့ဈေးကွက်ကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖွင့်တာဖြစ်ပေမယ့် ဒီနှစ်ဘောလုံးရာသီမှာတော့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအတွက် သီးသန့် ဇွန် လ ၁ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ လူဝယ်ရာသီ ဖွင့်လွှင့်ပေးခဲ့တယ်။ ဒီအပြောင်းအရွှေ့ဈေးကွက်မှာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်ရမယ့် အသင်းတွေရော ၊ ကလပ်ကမ္ဘာ့ဖလားမှာ မပါဝင်တဲ့ အသင်းတော်တော်များများကလည်း ကစားသမား ခေါ်ယူမှုတွေကို ပြုလုပ်ခဲ့ကြတယ်။ အသင်းတော်တော်များများကလည်း သူတို့လိုချင်တဲ့ ကစားသမားတွေကို ခေါ်ယူပြီး အသင်းရဲ့ကစားသမားအင်အားကိုအကောင်းဆုံးဖြည့်ဆည်းခဲ့ကြပေမယ့် ဈေးကွက် နောက်ဆုံးနေ့မှာ ကမ်းလှမ်းမှု နှစ်ခုလုံးကို ပယ်ချခံခဲ့ရတဲ့ အသင်းတစ်သင်းလည်းရှိပါတယ်။ အဲ့ဒီ အသင်းကတော့ ချယ်ဆီး အသင်းပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ကလပ်ကမ္ဘာဖလားပြိုင်ပွဲအတွက် အသင်းရဲ့ အားနည်းနေတဲ့ နေရာတွေမှာ ကစားသမားတွေ ဖြည့်တင်းဖို့အတွက် ကစားသမား နှစ်ယောက်ကို ခေါ်ယူဖို့ သက်ဆိုင်ရာ အသင်းတွေကို ကမ်းလှမ်းခဲ့တာပဲဖြစ်ပါတယ်။
ချယ်ဆီး အသင်းက ဒီတစ်ရာသီလုံး အသင်းကို ကောင်းကောင်းဒုက္ခပေးနေတဲ့ ဂိုးသမားနေရာအတွက် အေစီမီလန် အသင်းရဲ့ ဂိုးသမား မိုက်မာဂန် ကိုခေါ်ယူဖို့အတွက် အေစီမီလန် အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အသက် ၃၀ အရွယ် ပြင်သစ် ဂိုးသမား က အေစီမီလန် အသင်းနဲ့ အတူ စာချုပ်တစ်နှစ်တာ ကျန်ရှိတော့တာဖြစ်ပြီး ကစားသမားကိုယ်တိုင်ကလည်း ချယ်ဆီး အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက မိုက်မာဂန် အတွက် ပေါင် ၁၈ သန်းနဲ့ အေစီမီလန် အသင်းကို ကမ်းလှမ်းခဲ့ပေမယ့် အေစီမီလန် အသင်းက ပေါင် ၂၅ သန်း အထိ အလိုရှိနေတာကြောင့် ဈေးကွက်နောက်ဆုံးနေ့မှာ ချယ်ဆီး အသင်းရဲ့ ကမ်းလှမ်းချက်ကို ပယ်ချခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ကစားသမား အင်အားနည်းပါးနေတဲ့ ဘယ်တောင်ပံ အတွက်လည်း ကစားသမား ခေါ်ယူမှုဖို့ ကြိုပမ်းခဲ့ပါတယ်။ ချယ်ဆီး အသင်းရဲ့ ဘယ်တောင်ပံနေရာမှာ တစ်ရာသီကြာ အသုံးတော်ခံခဲ့တဲ့ ဂျေဒန်ဆန်ချိုကလည်း မန်ချက်စတာယူနိုက်တက် အသင်းကို ပြန်သွားပြီဖြစ်တဲ့ အပြင် ၊ မူဒရစ် ရဲ့ တားမြစ်ဆေးကိစ္စကလဲ ဘားမှန်းမသိသေးတာကြောင့် ဘယ်တောင်ပံမှာ ကစားမယ့် ကစားသမားက ဂျော့တစ်ယောက်ပဲရှိပါတယ်။ အဲ့တာကြောင့် ချယ်ဆီးအသင်းက ဘယ်တောင်ပံနေရာကို ကစားသမားအင်အားဖြည့်တင်းဖို့အတွက် အသက် ၂၀ အရွယ် ဒေါ့မွန် အသင်းရဲ့ ကစားသမား ဂျေမီ ဂစ်ဒန် ကို ခေါ်ယူဖို့ကြိုးစားခဲ့တာပဲဖြစ်ပါတယ်။
ချယ်ဆီး အသင်းက ကစားသမားနဲ့ နှစ်ဦးသဘောတူညီမှုတွေ ရရှိခဲ့ကြပေမယ့် အပြောင်းအရွှေ့မပိတ်သိမ်းမှီ နောက်ဆုံး နေ့မှာ ချယ်ဆီးအသင်းက ဒေါ့မွန် အသင်းကို ဂျေမီ ဂစ်ဒန် အတွက် ပေါင် သန်း ၅၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဒေါ့မွန်ဘက်က ဂစ်ဒန် အတွက်ပြောင်းရွှေ့ကြေး ပေါင် သန်း ၆၀ အပြင် အခြား ဘောနပ်တွေပါ လိုချင်နေတာကြောင့် ချယ်ဆီး အသင်းရဲ့ ကမ်းလျမ်းချက်ကို ငြင်းပယ်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မှီ ဈေးကွက်နောက်ဆုံးနေ့မှာ အသင်းရဲ့ ကစားသမားအင်အားကိုဖြည့်တင်းဖို့အတွက် ကမ်းလှမ်းခဲ့တဲ့ ကမ်းလှမ်းချက်နှစ်ခုလုံးကို ပယ်ချခံခဲ့ရတာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#mikemaignan
#jamiegittens
#midfielder
#transferplayer
最新消息



