ပုံစံတူ လူငယ်တိုက်စစ်မှူးနှစ်ယောက်နဲ့ ချယ်ဆီး အသင်းဘာလုပ်မှာလဲ

ချယ်ဆီး အသင်းက တိုက်စစ်မှူး ပြဿနာ ကို ဖြေရှင်းလာခဲ့တာ အတော်လေးကို ကြာပါပြီ ။ အသင်းရဲ့ အဓိက အားကိုးရတဲ့ တိုက်စစ်မှူး ဒီဒီရာ ဒရော့ဘာ အသင်းက ထွက်ခွာသွားပြီးကတည်း က တစ်ရာသီ ကို ဂိုး 30 လောက် သွင်းနိုင်တဲ့ ဒေါင်ဒေါင်မြည် တိုက်စစ်မှူးဆိုလို့ ဒီရေဂို ကော်စတာ တစ်ယောက်သာ ပိုင်ဆိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက တိုက်စစ်အတွက် ငွေအမြောက်အများ အသုံးပြုခဲ့ပေမယ့် တိုက်စစ်မှူးကံမကောင်းဘူးလို့ပဲဆိုရမှာပေါ့ ။ချယ်ဆီး အသင်း ပိုင်ရှင် အသစ်ပြောင်းလဲသွားပြီးနောက်ပိုင်းမှာလည်း ချယ်ဆီး အသင်းမှာ ဒေါင်ဒေါင်မြည် Quality တိုက်စစ်မှူးမတွေ့ခဲ့ရပါဘူး ။ နီကိုလတ် ဂျက်ဆင် လို လူငယ်တိုက်စစ်မှူးနဲ့သာ အဆင်ပြေသလို ဖြတ်သန်းနေရတာပဲဖြစ်ပါတယ်။ နီကိုလတ် ဂျက်ဆင်က အလားအလာကောင်းတွေ အများကြီး ရှိပြီး အရည်အသွေးကောင်းတွေလည်း ပိုင်ဆိုင်ထားပေမယ့် ချယ်ဆီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်နိုင်မယ့် အတွေ့အကြုံတွေ နဲ့ အရည်အသွေးပိုင်းမှာ မပြည့်ဝသေးပါဘူး။
ချယ်ဆီး အသင်းက လူငယ်ကစားသမားတွေနဲ့သာ ဖွဲ့စည်းထားတဲ့ ပရီးမီးယားလိဂ် အသက်အငယ်ဆုံး အသင်းတစ်သင်းဖြစ်ပေမယ့် နောက်ရာသီမှာ အသင်းပိုင်ရှင်တွေ သတ်မှတ်ထားတဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာနဲ့ ကွန်းဖရင့်လိဂ် ဖလားကိုတော့ ရအောင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်းက ဒီရာသီ မှာ အတက်အကျအလွန်မြန်ဆန်ပြီး ခက်ခဲတဲ့ ပြဿနာ ပေါင်းစုံနဲ့ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ အားနည်းချက် ၊ အားသာချက်တွေကို ကွက်ကွက် ကွင်းကွင်း မြင်တွေ့ခဲ့ရပါတယ်။ ချယ်ဆီး အသင်းက တိုက်စစ် နဲ့ ခံစစ်မှူးနေရာတွေမှာ အတွေ့အကြုံရင့်တဲ့ Quality ကစားသမား တွေကိုလိုအပ်နေတာပဲဖြစ်ပါတယ်။ချယ်ဆီး အသင်းခံစစ် ကလည်း မလိုလားအပ်တဲ့ ဂိုးတွေကို အမြဲလိုလို ပေးရသလို ၊ တိုက်စစ်ကလည်း အခွင့်အရေးဖြုန်းတီးတာ တော်တော်လေးကို များပါတယ်။ နောက်ရာသီမှာ ချန်ပီယံလိဂ် ကစားရမှာဖြစ်တာကြောင့်လည်း ကစားသမားခေါ်ယူမှုတွေ လုပ်ကိုလုပ်ရမှာပဲဖြစ်ပါတယ်။ အတွေ့အကြုံရင့် ဝါရင့် ကစားသမား ၊ ဥရောပ အတွေ့အကြုံရှိတဲ့ ကစားသမားတွေကို လိုအပ်ပေမယ့် ချယ်ဆီး အသင်း တိုက်စစ်ကို ပထမဆုံး အားဖြည့်ခဲ့တဲ့ ကစားသမားကတော့ တန်းဆင်းသွားတဲ့ အစ်ဆွစ် အသင်းရဲ့ တိုက်စစ်မှူး ဒီလပ်ပဲဖြစ်ပါတယ်။ ဒီလပ် က အားသာချက်တွေ အများကြီး ရှိတဲ့ လူငယ်ကစားသမား တစ်ယောက်ပါ။ ဒီလပ် က တိုးအား ကောင်းတယ် ၊ ရုန်းအားကောင်းတယ် ၊ Hold - up - play ကောင်းတယ်၊ ပြီးတော့ ချယ်ဆီး အသင်းနည်းပြ မာရက်စကာ ရဲ့ တပည့်အရင်း ၊ ဘောလုံး ဆုံးရှုံးတဲ့ အချိန်မှာ ဖိအားလိုက်ပေးတာကောင်းသလိုရွှေ့လျားပုံတွေလည်းကောင်းတယ်။
ပြိုင်ဘက်ခံစစ်မှူးတွေကို အကောင်းဆုံး ထိုးဖောက်ပြေးထွက်နိုင်တယ်။ ဒီလပ် က ဒီလို အရည်အသွေးပြည့်ဝ ပြီး အလားအလာကောင်းတွေ အများကြီးပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ပါ ။ ဒါပေမယ့် ချယ်ဆီး အသင်း တကယ်လိုအပ်နေတာ ဥရောပ အတွေ့အကြုံ ပြည့်ဝပြီး ချယ်ဆီး အသင်းရဲ့ တိုက်စစ်ကို ချက်ချင်းဦးဆောင်နိုင်မယ့် ကစားသမားတစ်ယောက်ပါ။ ဒီလပ်က ကောင်းမွန်တဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် ချယ်ဆီး အသင်းရဲ့ တိုက်စစ်ကို ချက်ချင်းကြီး မဦးဆောင်နိုင်သေးပါဘူး။ ပြီးတော့ ဒီလပ် က နီကိုလတ် ဂျက်ဆင် နဲ့ ကစားပုံ တူညီတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ အဲ့တာကြောင့် ချယ်ဆီး အသင်းက ကစားတာ ပုံစံတူ လူငယ်ကစားသမား နှစ်ယောက်နဲ့ ဘာလုပ်မှာလဲ ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီ တိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#strikers
#liamdelap
#nicolasjackson
#enzomaresca
最新消息



