အေးတိအေးစက် ကောင်းလေးတစ်ယောက်ပုံစံကနေ လူကြီးတစ်ယောက်သဖွယ် ပြောင်းလဲသွားခဲ့တဲ့ ကိုလ်းပါမား

ကိုလ်းပါမား က ဘယ်လိုကစားသမားလဲ ၊ ချယ်ဆီး အသင်အတွက် ဘယ်လောက်အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်လဲ ဆိုတာ ကျယ်ကျယ်ဝန့်ဝန့် ရှင်းပြနေစရာလိုမယ်မထင်ပါဘူး ။ သူကဘယ်လို ကစားသမားဖြစ်တယ်ဆိုတာ ဆိုတာ ၊ ကောက်ရိုးမီး လို အချိန်တစ်ခနပဲ ထကောင်းတဲ့ ကစားသမားတစ်ယောက် မဟုတ်ဘူးဆိုတာကို အကြိမ်ကြိမ်သက်သေပြပြီးပါပြီ ။ ကိုလ်းပါမား က အရမ်းကို သွေးအေးပြီး ဘောလုံးပွဲတစ်ခုထဲအပေါ်ပဲ အာရုံစိုက်တက်တဲ့ ကစားသမား တစ်ယောက်ဖြစ်တာကြောင့် ရေခဲတုန်း လို့တောင် ခေါ်ဆိုခဲ့ကြတယ် ။ ဒါပေမယ့် လက်ရှိကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်ဆီး အသင်းနဲ့ အတူ အထူးခြေစွမ်းပြနေပြီး အရင်လိုပဲ အသင်းအတွက် မရှိမဖြစ်ကစားသမား တစ်ဦးအဖြစ် ဆက်လက်တည်ရှိနေဆဲပါပဲ ။ ကိုလ်းပါမား ကို ဒီကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲစတင်လိုက်တဲ့ အချိန်ကတည်းက ထူးထူးခြားခြား တစ်ခုခုပြောင်းလဲလာခဲ့တာကို သတိထားမိတယ် ။
ဘယ်အချက်က ထူးထူးခြားခြားပြောင်းလဲသွားတာလဲဆိုရင် အရင်လို အေးတိအေးစက် နဲ့ ဘောလုံးပွဲတစ်ခုထဲ အပေါ်မှာ အာရုံစိုက်ထားတာမျိုးမဟုတ်တော့ပဲ လူကြီးတစ်ယောက်သဖွယ် ဒိုင်လူကြီးတွေကို ရဲရဲတင်းတင်း နဲ့ စောဒကတက် လာတယ် ။ ကိုယ် အသင်းသားကို ထိတဲ့ အချိန်မှာလဲ အရင်လို ထိုင်ကြည့်မနေတော့ပဲ ထိပ်ဆုံးကဝင်ပါလာတယ် ။ အရင်ထက်လည်း ပိုပြီး ကြမ်းကြမ်းတမ်းတမ်း ကစားတက်လာတယ် ။ ခံစစ် ကိုလည်း အရင်ကထက်ပိုပြီး လိုက်ပါကူညီတာကို ပိုမိုတွေ့မြင်လာခဲ့ရတယ် ။ ဒီ အချက်တွေကို ကြည့်ရရင် ကိုလ်းပါမားတစ်ယောက် အရင်လို အေးတိအေးစက် ကောင်းလေးတစ်ယောက် အဖြစ်ကနေ လူကြီးတစ်ယောက်ပုံစံကို ပြောင်းလဲသွားတာကို သတိထားမိလာတယ်။ အရင်ကဆို ကိုလ်းပါမား တစ်ယောက် ဘာပြဿနာဖြစ်နေဖြစ်နေ ပြဿနာတွေနဲ့ ဝေးရာအရပ်မှာ အေးအေးဆေးဆေးလေး ဘောလုံးဖင်ခုထိုင်နေတဲ့ ပုံစံတွေကိုပဲ အမြဲလိုလို တွေ့မြင်ခဲ့ရတာပါ ။ အခုနောက်ပိုင်း အဲ့လိုပုံစံတွေကို လုံးဝ မမြင်တွေ့ရတော့ပဲ လည်ချောင်းကြောတွေထောင်ပြီး ဒိုင်ကို စောဒကတက်တက်တာတွေ ၊ တစ်ဖက်ပြိုင်ဘက်ကို စိတ်ဆွကစားတာတွေ ၊ နောက်တန်း ခံစစ်အထိ မမောနိုင်မပန်းနိုင် ကာဗာလိုက်လုပ်ပေးတာတွေကို အမြဲလိုလိုတွေ့မြင်လာရသလို အရင်ကထက် ပိုမိုကြိုးစားတဲ့ ကိုလ်းပါမား ကိုတွေ့မြင်လာခဲ့ရတယ်။
ဒီလို ကိုလ်းပါမား တစ်ယောက် လူငယ်ကစားသမား တစ်ယောက်ပုံစံကနေ လူကြီးတစ်ယောက်အဖြစ် ပြောင်းလဲသွားတာက ချယ်ဆီးအသင်း ပရိတ်သတ်တွေ အတွက်တော့ ဝမ်းသားစရာကိစ္စ တစ်ခုပါပဲ ။ ချယ်ဆီး ပရိတ်သတ်တွေအနေနဲ့ ကိုလ်းပါမား ဆီက အသင်းအတွက် အကျိုးရှိနိုင်မယ့် ပုံစံကောင်းတွေကို အရင်ကထက် ပိုမိုမျှော်လင့်လို့ရနိုင်တယ် ။ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အန်ဇိုမာရက်စကာ အနေနဲ့ ကိုလ်းပါမား ကို တိုက်စစ်နေရာအစုံမှာ စမ်းသပ်အသုံးပြုနေပြီး ကိုလ်းပါမား အနေနဲ့လဲ ကျရာ နေရာတိုင်းမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်နေတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အေးတိအေးစက် ကောင်းလေးတစ်ယောက်ပုံစံကနေ လူကြီးတစ်ယောက်သဖွယ် ပြောင်းလဲသွားခဲ့တဲ့ ကိုလ်းပါမား အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ။
#mmmedia
#colepalmer
#midfielder
#chelsea
#premierleague
#enzomaresca
最新消息



