တိုက်စစ်ပိုင်း အပြောင်းအလဲ များစွာပြုလုပ်မယ့် ချယ်ဆီး

Admin
1个月 前
Sport Articles
တိုက်စစ်ပိုင်း အပြောင်းအလဲ များစွာပြုလုပ်မယ့် ချယ်ဆီး

လက်ရှိ ကွန်းဖရင့်လိဂ် ချန်ပီယံ ချယ်ဆီး အသင်းက နောက်ရာသီ မှာ ရင်ဆိုင်ရမယ့် ခက်ခဲ ကြမ်းတဲ့ ပွဲစဥ်တွေ အတွက် အသင်းရဲ့ အားနည်းတဲ့ နေရာတွေမှာ ကစားသမား အင်အားဖြည့်တင်းမှုတွေ ၊ ပြုပြင်ပြောင်းလဲမှုတွေကို အများကြီး ပြုလုပ်သွားမှာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက လူငယ် ကစားသမားတွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ အသင်းတစ်သင်းဖြစ်ပြီး ဒီနှစ်ပရီးမီးယားလိဂ် ပြိုင်ပွဲတစ်လျောက်မှာ အသင်းရဲ့ တိုက်စစ်ပိုင်း နဲ့ ခံစစ်ပိုင်း အားနည်းချက်တွေကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့ခဲ့ရတယ် ။ နောက်ရာသီ ချန်ပီယံလိဂ် ပြိုင်ပွဲကို ဝင်ရောက်ယှဥ် ပြိုင်ရမှာဖြစ်တာကြောင့် ချယ်ဆီး အသင်းက အသင်းရဲ့ အားနည်းတဲ့ နေရာတွေ အတွက် ဖြည်းတင်းမှုတွေကို ဆက်တိုက်ဆိုသလို လုပ်နေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက အသင်းမှာ ရှိပြီးသားဖြစ်တဲ့ လူငယ် တိုက်စစ်မှူးလေး မက် ဂီရူး ကို ချန်ပီယံ ရှစ် တန်းဆင်းသွားတဲ့ အစ်ဆွစ် အသင်း ဆီကို အငှားချသွားဖွယ် ရှိသလို တိုက်စစ် ကစားသမား အန်ကူကူ ကိုလည်း အသင်းကနေ ရောင်းချသွားမှာပဲ ဖြစ်ပါတယ်။


ပြင်သစ် တိုက်စစ် ကစားသမား အန်ကူကူ ကို ပရီးမီးယားလိဂ် အသင်းတော်တော်များများ ကခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။ နဂိုထဲ က အားနည်းနေတဲ့ တိုက်စစ်ပိုင်းမှာ မက် ဂီရူး နဲ့ အန်ကူကူ တို့သာ အသင်းကထွက်ခွာသွားပါက အသင်းရဲ့ တိုက်စစ်က ပိုမိုအားနည်းသွားမှာပဲဖြစ်ပါတယ်။ မျှော်လင့်ချက် ကြီးကြီးမားမား နဲ့ ခေါ်ယူခဲ့တဲ့ မူဒရစ် ကလည်း တားမြစ်ဆေး ပြဿနာ က ဘာမှန်းရေရေရာရာ မသိရပါဘူး ။ အဲ့တာကြောင့် ချယ်ဆီး အသင်းက မန်ချက်စတာယူနိုက်တက် အသင်းကနေ အငှားခေါ်ယူထားတဲ့ ဂျေဒန် ဆန်ချိုကို အပြီးသတ်ဝယ်ယူဖို့ ဆုံးဖြတ်လိုက်သလို အစ်ဆွစ် အသင်းရဲ့ တိုက်စစ်မှူး ဒီလပ် ကိုလည်း အရခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်း အားဖြည့်မှုက ဒီလောက် လူခေါ်ယူမှုတွေ နဲ့ ရပ်တန့် မသွားပဲ အခြားတောင်ပံ နဲ့ တိုက်စစ် ကစားသမား တွေကို လိုက်လံ စုံစမ်းနေတာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်း က အသင်းရဲ့ တိုက်စစ် နေရာ အတွက် ရော့ဂရက် နဲ့ အိုစီမင် တို့လို တိုက်စစ်မှူးတွေကိုလဲ ထပ်မံ ဆွေးနွေးနေတာပဲဖြစ်ပါတယ်။ ရော့ဂရက် က အစောပိုင်းမှာ အာဆင်နယ် အသင်း နဲ့ သတင်းတွေ တော်တော်ထွက်ခဲ့ပေမယ့် အာဆင်နယ် အသင်းရဲ့ တိုက်စစ် အတွက် နံပတ် တစ် ပစ်မှတ် က ဘင်ဂျမင် ဆက်စကို ကို ပြောင်းသွားခဲ့တာကြောင့် ရော့ဂရက် ကို ချယ်ဆီး အသင်း က စတင်ဆွေးနွေးမှုတွေ ပြုလုပ်နေတာပဲဖြစ်ပါတယ် ။ တောင်ပံ တစ်နေရာ အတွက် ဘီဘာအို အသင်းရဲ့ လူငယ် ကစားသမား နီကို ဝီလျီယံ နဲ့ စတင်ဆွေးနွေးနေတာပဲဖြစ်ပါတယ်။


နီကို ဝီလျီယံ ရဲ့ စာချုပ်လျော်ကြေးက ပေါင် ၆၈ ဖြစ်ပြီး ချယ်ဆီး အသင်းကလဲ ပေးချေဖို့ အဆင့်သင့် ရှိနေတာပဲဖြစ်ပါတယ်။ နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရရှိထားတာကြောင့်ချယ်ဆီး အသင်း ရဲ့ လူခေါ်ယူမှုအတွက် ဒီထက်ပိုမို လှုပ်ရှားနိုင်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ တိုက်စစ်ပိုင်း အပြောင်းအလဲ များစွာပြုလုပ်မယ့် ချယ်ဆီး အသင်းအကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#conferenceleague

#chelsea

#striker

#champions

#nicowilliams

Leave a reply