အန်ဇိုဖာနန်ဒက် ရဲ့ ချယ်ဆီးကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်သွားမလား

လက်ရှိ ဘောလုံးလောကမှာ ကွင်းလယ် DM နေရာနဲ့ CM နေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကစားသမားတွေက တဖြည်းဖြည်းရှားပါးလာခဲ့ပြီ ။ အဲ့လို ရှားပါးနေတဲ့ ကြားထဲကမှ ကွင်းလယ်နေရာစုံမှာ အကောင်းဆုံးကစားနိုင် သလို အတွေ့အကြုံ အများအပြားရှိပြီး CM နေရာမှာ အကောင်းဆုံး ခြေစွမ်းပြနေတဲ့ ကစားသမား တစ်ယောက်ရှိပါတယ် ။ အဲ့ဒိကစားသမားကတော့ အန်ဇိုဖာနန်ဒက်ပဲဖြစ်ပါတယ် ။ အန်ဇိုဖာနန်ဒက် က ဘင်ဖီကာ အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သလို ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျောက်မှာ အင်ဂျင်တီးနား အသင်းနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့တယ်။ ပြိုင်ပွဲတစ်လျောက် အကောင်းဆုံး လူငယ်ကစားသမား ဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်။ သူပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဥရောပ အသင်းကြီး တော်တော်များများက စိတ်ဝင်စားခဲ့ကြပေမယ့် နောက်ဆုံးမှာတော့ ချယ်ဆီး အသင်းက ရအောင်ခေါ်ယူခဲ့တယ်။ အန်ဇို က ချယ်ဆီး အသင်းကို ရောက်ရှိတဲ့ အချိန်မှာလည်း အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် အကောင်းဆုံးခြေစွမ်းတွေကို ဆက်ပြသနိုင်ခဲ့တယ်။
အန်ဇို ရဲ့ ခြေစွမ်း ၊ အန်ဇို ရဲ့ vision ၊ အမ်ဇို ရဲ့ passing တွေကြောင့် သူ့ကို ဥရောပ အသင်းကြီးတော်တော်များများက မျက်စိကျခဲ့တယ်။ အဲ့ထဲမှာ အန်ဇိုဖာနန်ဒက်ကို အလိုအရှိဆုံးကတော့ ရီးရဲလ်မက်ဒရစ် အသင်းပေါ့။ ရီးရဲလ်မက်ဒရစ် အသင်း က တိုနီ ခရုစ် ထွက်ခွာသွားတဲ့ အချိန်ကတည်းက တိုနီ ခရုစ် လို passing မွန်းစတား တစ်ယောက်ဖြစ်တဲ့ အန်ဇိုဖာနန်ဒက် ကို ခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ် က အန်ဇိုဖာနန်ဒက် ကို ခေါ်ယူချင်နေတယ်ဆိုတဲ့ သတင်းတွေက အစောပိုင်းကာလတွေထဲကကျယ်ကျယ်လောင်လောင်ထွက်ပေါ်ပြီးသားပါ။ ဒါပေမယ့် အဲ့ သတင်းက အခုနောက်ပိုင်းမှာ ပိုမို ခပ်စိမ့်စိမ့် ထွက်ပေါ်လာခဲ့တယ်။ ရီးရဲလ်မက်ဒရစ် အသင်းက နောက်နှစ်ဘောလုံးရာသီက သူတို့အသင်းအတွက် အပြောင်းအလဲများစွာကို ပြုလုပ်မယ့်ရာသီပဲ ။ အသင်းရဲ့ ဝါရင့် နည်းပြ အန်စလော့တီ ကို အသင်းကနေ ထုတ်ပယ်ပြီး ဇာဗီအလိုဆို လို အလားအလာကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတဲ့ နည်းပြကို ခန့်အပ်ခဲ့သလို ကစားသမား အပြောင်းအရွှေ့တွေမှာလည်း ခပ်စိမ့်စိမ့် ကို လှုပ်ရှားနေတာတွေတွေ့ရတယ်။ အန်ဇို ဖာနန်ဒက် ရဲ့ အပြောင်းအရွှေ့ကလည်း ဖြစ်မလာနိုင်ဘူးလို့ ပြောမရဘူး။ ချယ်ဆီး အသင်းက သူတို့လိုချင်တဲ့ဈေး ၊ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းမယ်ဆို ရောင်းချသွားနိုင်တယ်။ ပြီးတော့ ချယ်ဆီး အသင်းရဲ့ အသင်းပိုင်ရှင် တော့ဘိုလေးတို့က ကစားသမား လဲလှယ်ရတာကို အရမ်းကြိုက်နှစ်သက်တဲ့ လူတွေ ။
ချယ်ဆီး အသင်းက ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တောင်ပံ ကစားသမား ရိုဒရီဂို ကို လိုချင်နေပေမယ့် ရီးရဲလ်မက်ဒရစ် တောင်းဆိုတဲ့ မြင့်မားနေတာပဲဖြစ်ပါတယ်။ ဒါကြောင့် ရိုဒရိဂို ရဲ့ အပြောင်းအရွှေ့မှာ အန်ဇိုဖာနန်ဒက် ရဲ့ အပြောင်းအရွှေ့ကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ချယ်ဆီး ပရိတ်သတ်တွေ အတွက်ကတော့ အန်ဇို လို အသင်းပေါ်ပေးဆပ်ချင်စိတ် ၊ အသင်းကို ဦးဆောင်နိုင်တဲ့ အရည်အချင်း ၊ ကမ္ဘာ့အဆင့်မှီခြေစွမ်းတွေကို ပိုင်ဆိုင်ထားတဲ့ ကစာသမားကို ဆုံးရှုံးရမှာတော့အရမ်းကို နှမြောဖို့ကောင်းပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ အန်ဇိုဖာနန်ဒက် ရဲ့ ချယ်ဆီးကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်သွားမလား ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#enzofernandez
#chelsea
#midfielder
#premierleague
最新消息



