အန်ဇိုမာရက်စကာအနေနဲ့ ဘရာဇီးကလပ်တွေရဲ့ အထာကို နားလည်သင့်ပြီ

Ma Nyein
1周 前
Sport Articles
အန်ဇိုမာရက်စကာအနေနဲ့ ဘရာဇီးကလပ်တွေရဲ့ အထာကို နားလည်သင့်ပြီ

အခုလက်ရှိ ကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲက ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိနေပါပြီ ။ ပြိုင်ပွဲတောက်လျောက် ခြေစွမ်းပြနေတဲ့ လူငယ်ကစားသမားတွေကိုလည်း မြင်တွေ့ခဲ့ရသလို ၊ ရွက်ပုန်းသီးကစားသမားတွေရဲ့ အရည်အသွေးကိုကောင်း ကောင်းကောင်းကြီး ကြည့်ရှုခံစားခဲ့ရတယ်။ ဒီလိုပဲ အရမ်းကိုကြည့်ကောင်းခဲ့တဲ့ ပွဲစဥ်တွေလည်းရှိသလို ၊ ကြမ်းတမ်းတဲ့ ပွဲစဥ်တွေနဲ့လည်း ဖျော်ဖြေမှု တစ်ခုပေးစွမ်းနိုင်ခဲ့တယ်။ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံဩစရာကောင်းတဲ့ ခြေစွမ်းတွေပြသနေတာကတော့ ဘရာဇီးကလပ်တွေပဲ ။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဘရာဇီးကလပ်အသင်း ၄ သင်းပါဝင်ယှဥ်ပြိုင်ခဲ့ပြီး ၄ သင်းလုံးက ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘရာဇီးကလပ် အသင်းတစ်သင်းဖြစ်တဲ့ ဖလူမီနစ် အသင်းဆိုရင် ဆီမီးဖိုင်နယ် အဆင့်ထိကို တက်လှမ်းနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီးအသင်းနဲ့ ထိုက်တိုက်ရင်ဆိုင်ရမှာပဲဖြစ်ပါတယ် ။ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဥရောပ အသင်းကြီးတော်တော်များများက ရာသီဥတု အပူရှိန်ကြောင့် တော်တော်လေးကို ရုန်းကန်ရတာကို သတိထားမိမှာပါ ။

ဒါပေမယ့် မြောက်အမေရိက ရဲ့ ရာသီဥတု အပူရှိန် နဲ့ တောင်အမေရိကရဲ့ ရာသီဥတု အပူရှိန်က အရမ်းကြီး ကြီးကြီးမားမား ကွာခြားတာမရှိတာကြောင့် တောင်အမေရိက အသင်းတွေအနေနဲ့ ဥရောပ အသင်းတွေထက် တစ်ပွဲလုံးကို သက်လုံကောင်းကောင်းနဲ့ ပိုမို ရုန်းကစားနိုင်တာကို တွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီအားသာချက်ကြောင့်ပဲ တောင်အမေရိက အသင်းတွေအနေနဲ့ အခြားပြိုင်ဘက်အသင်းတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနေတာပဲဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချယ်ဆီး အသင်းအနေနဲ့ ခြေစွမ်းပြနေတဲ့ ဘရာဇီးကလပ်အသင်းတွေနဲ့ပဲ ၂ ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် ဆီးမီးဖိုင်နယ် အဆင့်မှာလည်း ဘရာဇီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဖလူမီနစ် အသင်းနဲ့ ထပ်မံရင်ဆိုင်ရအုံးမှာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ ဘရာဇီးကလပ်တွေနဲ့ တွေ့တိုင်း ပထမ ပိုင်းမှာ ကောင်းမွန်တဲ့ ကစားကွက် နဲ့ အသာဆော့ထားနိုင်ပေမယ့် ဒုတိယပိုင်းရောက်တိုင်း ဘရာဇီးကလပ် အသင်းတွေရဲ့ ပြန်လည်ဒုက္ခပေးတာကို အရှေ့က နှစ်ပွဲလုံးမှာ ကောင်းကောင်းကြီး ကြုံတွေပြီးပါပြီ ။ ချယ်ဆီး အသင်းရဲ့ နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့လည်း ဒီကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ပိုမိုကောင်းမွန်တဲ့ ကစားပုံ တစ်ခုကို ပြသနေပြီး အရင်ကထက် ပိုမိုတည်ငြိမ်လာတာကိုတွေ့မြင်ရမှာပါ ။

အန်ဇိုမာရက်စကာ အနေနဲ့ အရှေ့မှာ ဘရာဇီးကလပ်အသင်းတွေနဲ့ ၂ ကြိမ်တိုင်တိုင် ရင်ဆိုင်ခဲ့ရပြီးပြီ ဖြစ်တာကြောင့် ဘရာဇီးကလပ်တွေရဲ့ အထာ ၊ ဘရာဇီးလကပ်တွေရဲ့ ကစားပုံ ၊ ကစားပေါက် ၊ ဘရာဇီးကလပ်အသင်းတွေ ဘယ်လိုအခြေအနေနဲ့ ကစားတက်တယ်ဆိုတာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သင့်ပါပြီ ။ ဘရာဇီး ကလပ်တိုင်းက ဒုက္ခကောင်းကောင်းပေးနိုင်တဲ့ အသင်းတွေဖြစ်တဲ့အပြင် ဖလူမီနစ် အသင်းအနေနဲ့ကလည်း ရှုံးပွဲဆိုလို တစ်ပွဲတောင် မရှိသေးတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ဘယ်လောက်ကောင်းတဲ့ ရလဒ်တွေကို ဖော်ဆောင်နိုင်ခဲ့ပါစေ ချယ်ဆီး အသင်းရဲ့ နည်းပြ အန်ဇိုမာရက်စကာအနေနဲ့ ဘရာဇီး ကလပ်တွေ ကို ကောင်းကောင်းကြီးနားလည်သဘောပေါက်သင့်ပါပြီ လို့ပြောရင် ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#enzomaresca

#coach

#chelsea

#brazilclub

#premierleague

Leave a reply