အခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့တဲ့ ဂွန်ဇာလို ဂါဇီယာ

ဒီကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသက်အရွယ်လေးနဲ့မှမလိုက်အောင် အကောင်းဆုံးခြေစွမ်းတွေပြနေပြီး ပွဲစဥ်တိုင်းမှာ ဂိုးပါဝင်ပတ်သတ်မှု ပြုလုပ်ထားနိုင်တဲ့ လူငယ်ခြေတက်ကစားသမား တစ်ယောက်ရှိပါတယ်။ အဲ့ဒီ ကစားသမားလေးကတော့ ရီးရဲလ်မက်ဒရစ် ကတ်စတယ်လာ ကထွက်ပေါ်လာခဲ့တဲ့ တိုက်စစ်ကစားသမားလေး ဂွန်ဇာလို ဂါဇီယာ ပဲဖြစ်ပါတယ် ။ ရီးရဲလ်မက်ဒရစ် အသင်းက နည်းပြအသစ် ဇာဗီအလွန်ဆို လက်ထပ်မှာ အင်မတန် ကောင်းမွန်တဲ့ ကစာကွက် ၊ ကစားပုံ အသစ်တွေနဲ့ နိုင်ပွဲတွေဆက်နေတဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ဇာဗီ အလွန်ဆို လက်ထပ်မှာ ရီးရဲလ်မက်ဒရစ် အသင်းအနေနဲ့ သိသိသာသာကြီး တိုးတက်လာခဲ့သလို လူငယ်ကစားသမားတွေလည်း အများကြီး ပွဲထွက်ခွင့်ပိုမိုရရှိလာခဲ့ပါတယ်။ဘောလုံးကစားသမားတစ်ယောက်ဆိုတာ အမြဲကြိုးစားနေဖို့လိုအပ်သလို ၊ ခြေစွမ်းကလည်း ကမ္ဘာ့အဆင့်မှာ ရှိနေရမှာဖြစ်ပြီး ကံတရားကောင်းမွန်ဖို့လည်းလိုအပ်ပါတယ်။
ရီးရဲလ်တိုက်စစ်မှူးလေး ဂွန်ဇာလို ဂါဇီယာ အနေနဲ့လည်း ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကံကောင်းပြီး အခွင့်အရေးတစ်ချို့ကို ရရှိခဲ့တယ်။ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေ တစ်ယောက်အစာအိမ်ပြဿနာ တစ်ခုကြောင့် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပွဲစဥ်အချို့ကို လွဲချော်ခဲ့ရတယ်။ အဲ့တာကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြ ဇာဗီအလွန်ဆိုအနေနဲ့ တိုက်စစ်မှူးနေရာအတွက် ရီးရဲလ်မက်ဒရစ် ကတ်စတယ်လာ ကထွက် အသက် ၂၁ နှစ်အရွယ် ကစားသမား ဂွန်ဇာလို ဂါဇီယာ ကို အခွင့်အရေးတစ်ခုပေးခဲ့တယ်။ ဂွန်ဇာလို ဂါဇီယာ အနေနဲ့လည်း ဒီအခွင့်အရေးကို ကောင်းကောင်းကြီး အသုံးချနိုင်ခဲ့တယ်။ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂွန်ဇာလို ဂါဇီယာ အနေနဲ့ ၅ ပွဲစလုံးကစားခဲ့ရပြီး ၅ ပွဲစလုံးကို ဂိုးပါဝင်ပတ်သတ်မှုပြုလုပ်ထားနိုင်တာပဲဖြစ်ပါတယ်။ ဂွန်ဇာလို ဂါဇီယာ အနေနဲ့ ဒီကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၄ ဂိုးသွင်းထားပြီး ၁ ဂိုးဖန်တီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဇာဗီ အလွန်ဆိုလို လူငယ်ကစားသမားတွေကို ကောင်းကောင်းကြီးနေရာပေးတက်တဲ့ နည်းပြတစ်ယောက်က ပေးတဲ့ အခွင့်အရေးကို ဂွန်ဇာလို ဂါဇီယာ အနေနဲ့ အကောင်းဆုံးခြေစွမ်းပြကာ အခွင့်အရေးကို ကောင်းကောင်းအသုံးချနိုင်ခဲ့တာကြောင့် လာမယ့်ရာသီ မှာ ဂွန်ဇာလို ဂါဇီယာ ရဲ့ ပွဲကစားချိန်တွေကို ပိုမိုမြင့်တွေ့လာနိုင်ပါတယ်။
ဂွန်ဇာလို ဂါဇီယာ က အဆုံးသတ်ပိုင်းသေချာတဲ့ လူငယ်တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အပြင် ဘောလုံးဖြန့်ဝေတဲ့ အပိုင်းတွေ ၊ အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားတဲ့ အပိုင်းတွေ မှာကောင်းမွန်တဲ့အပြင် ၊ Box အတွင်းမှာရော အပြင်မှာပါ Link up play လည်းကောင်းကောင်းကြီး ကစားနိုင်တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ် ။ လာမယ့်ရာသီ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ တိုက်စစ်ပိုင်းက ပိုပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်တာကြောင့် ဂွန်ဇာလို ဂါဇီယာ အနေနဲ့လည်း ဒီထက်မက အများကြီး ကြိုးစားဖို့ လိုအပ်သေးပါတယ်။ ဂွန်ဇာလို ဂါဇီယာ အနေနဲ့ ဒီလို ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ပြီး လာမယ့်နှစ်ဘောလုံးရာသီမှာလည်းကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကလိုပဲ စီနီယာ ကစားသမားတွေလောက် ကြမ်းပြနိုင်သေးဖို့လိုအပ်ပါတယ်။ ဒီလိုခြေစွမ်းကောင်းတွေကို ဆက်လက်ပြသနိုင်ခဲ့ပါက ဂွန်ဇာလို ဂါဇီယာ ကလည်း ကမ္ဘာ့ဘောလုံး ဇာတ်ခုံပေါ်မှာ တောက်ပလာအုံးမယ့် ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူအများကြီးတင်ရှိပါတယ်။
#mmmedia
#gonzalogarcía
#clubworldcup
#realmadrid
#striker
#premierleague
最新消息



