ဥရောပ ရွှေဖိနပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ အမ်ဘာပေ

အမ်ဘာပေ ဆိုတဲ့ ကစားသမားကတော့ မက်ဆီ နဲ့ ရော်နယ်ဒို ပြီးနောက် ကမ္ဘာ့ဘောလုံးလောကရဲ့ အလားအလာ အရှိဆုံး နဲ့ မျှော်လင့်ချင်စရာအကောင်းဆုံးကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။ သူ့ရဲ့ အရည်အသွေးတွေကို မိုနာကို နဲ့ ပီအက်ဂျီ အသင်းတွေမှာ အကောင်းဆုံး သက်သေပြပြီးပြီ ဖြစ်သလို ပြင်သစ် လက်ရွေးစင် အသင်းနဲ့ လည်း အောင်မြင်မှု များစွာရရှိထားတဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာတော့ အမ်ဘာပေ တစ်ယောက် သူ့ရဲ့ အိမ်မက် အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီက ရီးရဲလ်မက်ဒရစ် အတွက်တော့ ကျရှုံးတဲ့ ရာသီ တစ်ခုဖြစ်ခဲ့ပါတယ်။ ပြည်တွင်းဖလား အားလုံးကို အဓိကပြိုင်ဘက် ဘာစီလိုနာ အသင်းကို အကုန်ထိုးအပ်လိုက်ရသလိုရီးရဲလ်မက်ဒရစ် အသင်းရဲ့ အောင်မြေဖြစ်တဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲမှာလဲ ပရီးမီးယားလိဂ် ကလပ် အာဆင်နယ် ကိုရှုံးပြီး စောစောစီးစီ ပြိုင်ပွဲကထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ်။
အမ်ဘာပေ က သူရောက်ရောက်ချင်း ရာသီ အစပိုင်းမှာတော့ အနည်းငယ် ရုန်းကန်ခဲ့ရပေမယ့် ပတ္တမြား မှန်ရင် နွံမနစ်ဘူးဆိုတဲ့ ဆိုရိုး အတိုင်း သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို အချိန်တိုလေးအတွင်းမှာပဲပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ရီးရဲလ်မက်ဒရစ် ရဲ့ အကျပိုင်းကို ရောက်ရှိခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရပေမယ့် အမ်ဘာပေ ရဲ့ ရုန်းအားတွေနဲ့ အသင်းကို အကောင်းဆုံးနေရာမဟုတ်ရင်တောင်ထိုက်သင့်တဲ့ နေရာကို အတက်နိုင်ဆုံးထမ်းတင်ပေးနိုင်ခဲ့တယ်။ အမ်ဘာပေ က စပိန် လာလီဂါ ကို ပထမဆုံးရောက်ရောက်ချင်း နှစ်မှာပဲ ၃၁ ဂိုးအထိ သွင်းယူကာ လာလီဂါ ရဲ့ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ လာလီဂါ မှာ ဂိုးသွင်းအများဆုံး ရွှေဖိနပ် ဆုကို ရရှိခဲ့တဲ့ အပြင် အမ်ဘာပေ က ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုပါ ဆာလတ် ၊ ရော့ဂရက် ၊ ဟာရီကိန်းတို့ကို ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန် နဲ့ ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒီ ဥရောပ ဂိုးသွင်းအများဆုံး ရွှေဖိနပ် ဆုက အမ်ဘာပေ ရဲ့ ကစားသမား ဘဝ ပထမဆုံး ရရှိခဲ့တာပဲဖြစ်ပါတယ်။ အမ်ဘာပေ တစ်ယောက် စပိန်မြေမှာ ကိုရောက်ရောက် ချင်း ပထမဆုံးရာသီ မှာ ဆုဖလားတွေနဲ့ ဝေးကွာခဲ့ပေမယ့် သူရဲ့ ကစားသမား ဘဝ ပထမဆုံး ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့သလို လာလီဂါ ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကိုလည်း လီဝန်ဒေါ့စကီး လို ကစားသမားမျိုးကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပဲဖြစ်ပါတယ်။
အမ်ဘာပေ က ရီးရဲလ်ကစားသမားဘဝ ပထမဆုံး ရာသီမှာပဲ သူ့ရဲ့ အိုက်ဒေါ ရော်နယ်ဒို ပြီးနောက် ရီးရဲလ် ကစားသမားတစ်ဦး အနေနဲ့ ပထမဆုံး အဖြစ် ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ် ။အမ်ဘာပေ က အွန်နရီနောက်ပိုင်းဥရောပရွှေဖိနပ်ဆုကိုပထမဆုံးရယူနိုင်တဲ့ပြင်သစ်သားလည်းဖြစ်လာပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ ၂၀၂၄-၂၅ ရာသီရဲ့ ဥရောပ ရွှေဖိနပ်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ အမ်ဘာပေ အကြောင်းပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#kylianmbappe
#striker
#football
#premierleague
#goldenshoeaward
最新消息



