ဗဟို ခံစစ်မှူး ၃ ယောက်နဲ့ လီပါပူး ဘယ်လိုဖြတ်သန်းမှာလဲ ?

Ma Nyein
2天 前
Sport Articles
ဗဟို ခံစစ်မှူး ၃ ယောက်နဲ့ လီပါပူး  ဘယ်လိုဖြတ်သန်းမှာလဲ ?

လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီပါပူး အသင်းက ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာ ငွေတော်တော်လေးကို သုံးနေတာကို သတိထားမိမှာပါ ။ တိုက်စစ်ပိုင်း ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီး စံချိန်တင်ပြောင်းရွှေ့ကြေးတွေနဲ့ ကစားအသစ်တွေကို ခေါ်ယူအားဖြည့်နေခဲ့တာပဲဖြစ်ပါတယ်။ ချန်ပီယံ ဂုဏ်ပုဒ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ နဲ့ နောက်တစ်ကြိမ် ပရီးမီးယားလိဂ် ဖလားကြီး ကို ဆွတ်ခူးနိုင်ဖို့ အတွက် တစ်ဖက် မှာ ပြောင်းလဲပြင်ဆင်မှုပေါင်းစွာပြုလုပ်နေသည့်တိုင်အောင် လီပါပူး အသင်းရဲ့ ခံစစ်အစုအဖွဲ့က အားကောင်းတာမျိုးကို မတွေ့ရသေးပါဘူး ။ လီပါပူး အသင်းက နောက်နှစ် ဘောလုံးရာသီမှာ ပြည်တွင်းဖလားပြိုင်ပွဲအစုံ နဲ့ ချန်ပီယံလိဂ် ပြိုင်ပွဲကြီး ကို အကောင်းဆုံးဝင်ရောက်ယှဥ်ပြိုင်နိုင်ဖို့ဆိုရင် ကစားသမား သမားအင်အားတောင့်တင်းဖို့ လိုအပ်ပါတယ် ။ ကစားရမယ့် ပွဲအရေအတွက် ကြောင့်ရော ၊ ခက်ခဲပြီး ရင်ဆိုင်ရ ခက်တဲ့ အသင်းတွေ နဲ့ ရင်ဆိုင်ရမှာဖြစ်တာကြောင့် အသင်းရဲ့ ကစားသမား အစုအဖွဲ့အင်အားက တောင့်တင်းနေဖို့ လိုအပ်ပါတယ် ။

ဗဟို ခံစစ်နေရာမှာဆိုရင် ဒေါင်ဒေါင်မြည်ကစားသမား ၄ ယောက် လိုအပ်တယ် ။ ၄ ယောက်ထက်ပိုရင်တော့ ပိုကောင်းတာပေါ့ ။ မနှစ်ကဘောလုံးရာသီထဲက လီပါပူး အသင်းက ဗန်ဒိုက် ၊ ကွန်နာတေး ၊ ဂျိုး ဂိုးမက်ဇ် ၊ ကွမ်ဆာ စတဲ့ ကစားသမား လေးယောက်ထဲနဲ့ ဖြတ်သန်းခဲ့ပြီး အခုချိန်မှာ ကွမ်ဆာ က လီပါကူဆင် အသင်းကို ပြောင်းရွှေ့သွားတာကြောင့် ဗဟိုခံစစ် ကစားသမား ၃ ယောက်ပဲ ကျန်တော့ပါတယ် ။ ဒါကြီး ကို လီပါပူး အသင်းရဲ့ တာဝန်ရှိသူတွေက ပြဿနာ တစ်ခုလို့ မမြင်ပါဘူး ။ ၂၀၁၉-၂၀ ဘောလုံးရာသီတုန်းကလည်း လီပါပူး အသင်းက ဗန်ဒိုက် ၊ မာတစ် ၊ ဂိုးမက်ဇ် စတဲ့ ခံစစ်မှူး ၃ ဦးထဲနဲ့ တစ်ရာသီလူံးကို ဖြတ်သန်းခဲ့ပါတယ်။ ကံကောင်းတယ်ပဲ ပြောရမလား ဒီကစားသမား သုံးယောက်လုံးက တစ်ရာသီလုံးဒဏ်ရာပြသာနာ နဲ့ မရင်ဆိုင်ရပဲ နောက်ဆုံးမှာ ပရီးမီးယားလိဂ် ဖလားကြီးကိုတောင် ဆွတ်ခူးနိုင်ခဲ့ပါသေးတယ် ။


မနှစ်ကဘောလုံးရာသီတုန်းကလည်း ဂိုးဇ်မက် တစ်ယောက်ဒီဇင်ဘာလောက်ကတည်းက ရာသီကုန်လောက်ထိ ဒဏ်ရာပြဿနာ နဲ့ အနားယူခဲ့တာကြောင့် ခံစစ်မှူး ၃ ယောက်ထဲ နဲ့ ဖြတ်သန်းပြီး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တာကြောင့် လီပါပူး အသင်းက အခုလက်ရှိ အသင်းမှာ ခံစစ်မှူး ၃ ယောက်ပဲရှိတယ်ဆိုတာကို ပြဿနာ တစ်ခုလို့ မမြင်တာပဲဖြစ်ပါတယ်။ ခရစ္စတယ်ပဲလေ့စ် အသင်းရဲ့ ခံစစ်မှူး ဂီဟီ ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပေမယ့် ဂီဟီ ရောက်လာရင် ကွန်နာတေး က အသင်းကနေ ထွက်ခွာသွားနိုင်ပါတယ်။ လီပါပူး အသင်းအနေနဲ့ ခက်ခဲတဲ့ ပြိုင်ပွဲတွေများစွာကို ယှဉ်ပြိုင်ဖို့ အတွက် ခံစစ်မှူး ၃ ယောက်ထဲနဲ့တော့ လုံလောက်ပါ့မလား ။ ချန်ပီယံလိဂ် ပြိုင်ပွဲ အပါအဝင် ၊ ပြည်တွင်းဖလား ပြိုင်ပွဲတွေအတွက် လီပါပူး အသင်းအနေနဲ့ ဗဟို ခံစစ်မှူး ၃ ယောက်ထဲနဲ့ ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပဲ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#liverpool

#defenders

#virgilvandijk

#ibrahimakonate

#joegomez

Leave a reply