လူးဝစ်ဒီးယက်ကို ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ အရခေါ်ယူသွားနိုင်မလား

Ma Nyein
1周 前
Sport Articles
လူးဝစ်ဒီးယက်ကို  ဘိုင်ယန်မြူးနစ် အသင်းအနေနဲ့ အရခေါ်ယူသွားနိုင်မလား

ဒီအပြောင်းအရွှေ့ကာလမှာ ဂျာမန်ဘီလူးကြီး ဘာယန်မြူးနစ် အသင်းအနေနဲ့ ဘယ်တောင်ပံ ကစားသမား တစ်ဦးကို ခေါ်ယူဖို့အတွက် ကြိုးစားနေတယ် ။ အစောပိုင်းကာလတွေတုန်းကဆိုရင် ဘာယန်မြူးနစ် အသင်းရဲ့ အဓိကပြစ်မှတ်က နီကို ဝီလျံပဲဖြစ်ပါတယ် ။ ဟုတ်ပါတယ် ဘာယန်မြူးနစ် အသင်းကလည်း ဘာစီလိုနာ အသင်းနဲ့အတူ ယှဥ်ပြိုင်ပြီး နီကို ဝီလျံ ကို ခေါ်ယူဖို့အတွက် ကြိုးစားခဲ့ဖူးပါတယ် ။ ဒါပေမယ့် နီကို ဝီလျံ ကတော့ ဘီဘာအို အသင်း နဲ့ ၁၀ သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တာကြောင့်ဒီအပြောင်းအရွှေ့ကဖြစ်မလာခဲ့တာပဲဖြစ်ပါတယ်။ ဘာယန်မြူးနစ် အသင်း ရဲ့ ဘယ်တောင်ပံပစ်မှတ်ကစားသမားတွေ နဲ့ ဘာစီလိုနာ အသင်း ပစ်မှတ်ထားနေတဲ့ ဘယ်တောင်ပံ ကစားသမားတွေက တော်တော်များများတူနေတာကို သတိထားမိတယ် ။ မားကက် ရက်ဖို့စ် အပါအဝင် လီပါပူး အသင်းရဲ့ လူးဝစ် ဒီးယက် ကို လည်း ဒီနှစ်သင်းလုံး စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက တော်တော်လေးကို ကျယ်ကျယ်လောင်လောင်ထွက်ပေါ်ခဲ့ဖူးတယ်။


နီကို ဝီလျံ ကို လက်လျော့လိုက်ရတာကြောင့် ဘာစီ နဲ့ ဘာယန် နှစ်သင်းလုံးရဲ့ ပစ်မှတ်က ရက်ဖို့စ် နဲ့ လူးဝစ် ဒီးယက် နှစ်ယောက်ထဲကတစ်ယောက်ဖြစ်သွားနိုင်တယ် ။ဘာစီလိုနာ အသင်းအနေနဲ့ကတော့ မားကက် ရက်ဖို့စ် ကို ခေါ်ယူဖို့ဆိုတာ ပုံမှန်ထက်ပိုပြီးလွယ်ကူနိုင်တယ် ။ မန်ချက်စတာယူနိုက်တက် အသင်းမှာ ရက်ဖို့စ် ရဲ့ အနာဂတ်ကလုံးဝ မရှိတော့တာကြောင့် ဒီအပြောင်းအရွှေ့မှာ မဖြစ်မနေ မန်ချက်စတာယူနိုက်တက် အသင်းကနေ ထွက်ခွာရမှာဖြစ်တဲ့ အပြင် ရက်ဖို့စ် ကိုယ်တိုင်က ဘာစီလိုနာ အသင်းတစ်သင်းထဲကိုသာ ပြောင်ရွှေ့ချင်နေပြီး လုပ်ခလစာပါ လျော့ယူပေးသွားမယ်လို့ ပြောထားခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ဘာယန်မြူးနစ် အသင်းရဲ့ ပစ်မှတ်ကလူးဝစ် ဒီးယက်ဖြစ်သွားနိုင်တယ် ။ အစောပိုင်းကာလတွေတုန်းကတော့ လီပါပူး အသင်းအနေနဲ့ လူးဝစ် ဒီးယက်ကို ထိုက်သင့်တဲ့ ဈေးတန်းတစ်ခုနဲ့ ကမ်းလှမ်းရင် ရောင်းချသွားမယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဟို တလောကမှဖြစ်သွားတဲ့ လီပါပူး တိုက်စစ်ကစားသမား ဒီယေကို ဂျိုတာရဲ့ ဝမ်းနည်းစရာ ကားမတော်တဆမှုကြောင့် ဒီးယက် ကို ရောင်းချသွားမယ့် လီပါပူး အသင်းရဲ့ အစီအစဥ်တွေက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်တယ် ။


ဘာယန်မြူးနစ် အသင်းအနေနဲ့ကရော ဒီဘယ်တောင်ပံ ကစားသမား ပြဿနာကို ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကတော့စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ လီပါပူး အသင်းကို သူ့ရဲ့ စိတ်ကြိုက်ဖြစ်စေမယ့် ပြောင်းရွှေ့ကြေးတစ်ခုနဲ့ ကမ်းလှမ်းပြီး လူးဝစ် ဒီးယက်ကို ပဲ အရခေါ်ယူသွားမလား ။ ဒါမှမဟုတ် တခြားဘယ်တောင်ပံ ကစားသမား အသစ် တစ်ဦးကိုပဲ ရှာဖွေသွားမလားဆိုတာကတော့ သတိထားပြီးစောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ ဘာယန်မြူးနစ် အသင်းအနေနဲ့ကရော လူးဝစ် ဒီးယက်ကို အရခေါ်ယူသွားနိုင်မလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#liverpool

#luisdiaz

#fcbayernmunich

#nicowilliams

#leftwinger

#premierleague

Leave a reply