အကောင်းဆုံးလူငယ် ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ ဂရာဖန်ဘတ်ချ်

ဒီနှစ် ဘောလုံးရာသီ က အတော်လေးကို ပြိုင်ဆိုင်မှုပြင်းထန် တဲ့ ရာသီ တစ်ခုဖြစ်ခဲ့တယ် ။ အသင်းတိုင်းနီးပါးက ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာ အတွက်သာ အသည်းအသန်ပြိုင်ဆိုင်ခဲ့ကြပြီး ၂၀၂၄-၂၅ ရာသီ ရဲ့ ပရီးမီးယားလိဂ် ဖလားကိုတော့ လီပါပူး အသင်းက ပွဲစဥ် ၃၈ မတိုင်ခင်မှာပဲ စောစောစီးစီး သိမ်းပိုက်နိုင်ခဲ့တယ်။ လီပါပူး အသင်း အကျပိုင်းကို ရောက်နေတဲ့ အချိန်ကတည်းကနေ အသင်းကို ဖြည်းဖြည်း နဲ့ မှန်မှန် အကောင်းဆုံးတည်ဆောက်ပြီး ဆုဖလားအားလုံးကို ပြန်လည်သိမ်းပိုက်နိုင်တဲ့ အသင်းတစ်သင်းဖြစ်အောင်ကို နည်းပြကြီး ယာဂန် ကလော့စ် က ဖန်တီးပေးနိုင်ခဲ့တယ်။ အသင်းကို အကောင်းဆုံးတည်ဆောက်ပေးပြီး လီပါပူး အသင်းပရိတ်သတ်တွေရဲ့ အသဲနှလုံးကို အပိုင်သိမ်းနိုင်ခဲ့တဲ့ နည်းပြကြီး ကလော့ က ဒီနှစ်ဘောလုံး ရာသီ မတိုင်ခင်မှာ အသင်းကနေထွက်ခွာသွားခဲ့တယ်။နည်းပြကြီး ကလော့ ထွက်ခွာသွားပြီးတဲ့နောက်မှာတော့ လီပါပူး အသင်းက ဖီယန်နု အသင်းရဲ့ နည်းပြ အာနေး စလော့ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တယ်။
လီပါပူး အသင်းပရိတ်သတ်တွေ အတွက် နည်းပြကြီး ကလော့ကို ဆုံးရှုံးလိုက်ရတာကြောင့် နှမြောစရာဖြစ်ပေမယ့် အာနေး စလော့ကလည်း လီပါပူး အသင်းကို အကောင်းဆုံး ဆက်လက်ကိုင်တွယ်နိုင်ခဲ့တယ်။ ယာဂန် ကလော့ အထိုင်ချသွားခဲ့တာတွေကို ပြောင်းလဲပြင်ဆင် မှု အများကြီး မလုပ်ပဲ အာနေးစလော့ က သူ့ရဲ့ နည်းစနစ် တွေနဲ့ ပေါင်းစပ်ပြီး ပရီးမီးယားလိဂ်ကို ပထမဆုံးရောက်ရှိတဲ့ ရာသီမှာပဲ ပရီးမီးယားလိဂ်ဖလားကြီးကို ထိုက်ထိုက်တန်တန် နဲ့ သိမ်းပိုက်နိုင်ခဲ့တယ်။ လီပါပူး အသင်း ရဲ့ ကစားပုံ ၊ ကစားကွက်တွေက ဘားမှပြောင်းလဲမသွားပဲ အကောင်းဆုံး အသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့တယ်။ အာနေးစလော့ရဲ့ လီပါပူး အသင်း ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရာ လမ်းကြောင်းမှာ ဆာလတ် နဲ့ ဗန်ဒိုက် က အကောင်းဆုံး ပါဝင်ပတ်သတ်ခဲ့ပေမယ့် ကွင်းလယ် တစ်နေရာမှာ အကောင်းဆုံးခြေစွမ်းပြပြီး အသင်းကို ထိန်းပေးသွားတဲ့ လူငယ်ကစားသမား ဂရာဖန်ဘတ်ချ် ရဲ့ အခန်းကဏ္ဍကလည်း အရမ်းကို အရေးပါခဲ့ပါတယ်။ ဂရာဖန်ဘတ်ချ် က သူ့ရဲ့ အသက်အရွယ်လေးနဲ့မှ မလိုက် သူပုံမှန် ကစားနေကျ မဟုတ်တဲ့ နေရာမှာ အကောင်းဆုံးခြေစွမ်းပြပြီး အသင်းကို အကောင်းဆုံး ထမ်းတင်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဂရာဖန်ဘတ်ချ် က NO 8 နေရာမှာ ကစားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အာနေးစလော့ရဲ့ လီပါပူး အသင်းမှာတော့ NO 6 နေရာမှာ အကောင်းဆုံး အသုံးတော်ခံခဲ့တယ်။ အခြား No 6 နေရာမှာ ကစားတဲ့ ကစားသမားတော်တော်များများ ရဲ့ အားနည်းချက်ဖြစ်တဲ့ ဘောလုံးနဲ့အတူ ဆွဲပြေးတဲ့ အပိုင်းတွေမှာ ဂရာဖန်ဘတ်ချ် က အရင် က NO 8 နေရာမှာ ကစားခဲ့တာကြောင့် သူ့အတွက်ကတော့ အားသာချက်ဖြစ်စေခဲ့တယ်။ ဂရာဖန်ဘတ်ချ် က ပရီးမီးယားလိဂ်ရဲ့ ဘောလုံးနဲ့ အတူ ဆွဲပြေးတဲ့ အပိုင်းမှာ အကောင်းဆုံးကစားသမားတွေထဲ က တစ်ယောက်ပဲဖြစ်ပါတယ်။
အဲ့တာအပြင် ဂရာဖန်ဘတ်ချ် က ဘောလုံးလမ်းကြောင်းမှန်းဆတဲ့ အပိုင်းမှာ အလွန်ကောင်းမွန်ပြီး ဘောလုံး ကြားဖြတ်လုယူမှု အပိုင်းမှာ ဒီနှစ် ပရီးမီးယားလိဂ် ရဲ့ NO 6 ကစားသမားတွေထဲမှာ အကောင်းဆုံးလို့ပြောရမယ့် ကိုင်စီဒို ကို ကျော်ပြီး ထိပ်ဆုံးမှာ ရပ်တည်နေတာပဲဖြစ်ပါတယ် ။ လီပါပူး အသင်း ဒီနှစ်ပရီးမီးယားလိဂ်ဖလားကြီးကို ဆွတ်ခူးခဲ့တဲ့ လမ်းကြောင်းမှာ ဂရာဖန်ဘတ်ချ် က အာနေးစလော့ ရဲ့ လီပါပူး အသင်းအတွက် အကောင်းဆုံး အုတ်မြစ်ဖြစ်ခဲ့တယ် ။ ဒီလို အသက်အရွယ်နဲ့ မလိုက် ခက်ခဲ ကြမ်းတမ်းပါတယ်ဆိုတဲ့ ပရီးမီးယားလိဂ်လို လိဂ်မျိုးမှာ ကိုယ်ပိုင်နိုင် တဲ့ နေရာ၊ ကိုယ်ကစားနေကျ မဟုတ်တဲ့ နေရာ မှာ အကောင်းဆုံးခြေစွမ်းပြပြီး အသင်းအတွက် မရှိမဖြစ် ကစားသမားဖြစ်ခဲ့တဲ့ ဂရာဖန်ဘတ်ချ် က ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#liverpool
#ryangravenberch
#defensivemidfielder
#premierleague
#bestyoungplayeraward
最新消息



