မြက်ခင်းစိမ်းတွေနဲ့ ၄ နှစ်လောက်ဝေးကွာသွားနိုင်တဲ့ မူဒရစ်

Admin
1个月 前
Sport Articles
မြက်ခင်းစိမ်းတွေနဲ့ ၄ နှစ်လောက်ဝေးကွာသွားနိုင်တဲ့ မူဒရစ်

တစ်ချိန်တုန်းက လန်ဒန်ပြိုင်ဘက် အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ ချယ်ဆီး အသင်းတို့က ရှက်တာဒိုးနက်မှာ ကြောက်စရာခြေစွမ်းတွေပြသနေတဲ့ တောင်ပံကစားသမား မီခဲလို မူဒရစ် ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးနှစ်သင်း က နောက်ဆုံးအချိန်ထိ မူဒရစ် ကို အပြိုင်လုခဲ့ကြပြီး ဒီလို အပြိုင်လုတဲ့ အခြေအနေကြောင့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကလည်း အဆမတန် တက်ခဲ့တယ်။ ယူကရိန်း ကလပ် အသင်းတစ်သင်းရဲ့ ကစားသမားတစ်ယောက် ပြောင်းရွှေ့ကြေး သန်း ၁၀၀ ပေးခဲ့ရတယ်။ ကစားသမားကိုလိုချင်တာထက် လန်ဒန် အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်ခဲ့လေသလားလို့တောင် အောက်မေ့ရတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ချယ်ဆီး အသင်းက ယူကရိန်း တောင်ပံကစားသမား မူဒရစ် ကို ပြောင်းရွှေ့ကြေး သန်း ၁၀၀ နဲ့ အရခေါ်ယူနိုင်ခဲ့တယ်။ မူဒရစ် ရဲ့ ခြေစွမ်းကို ဘယ်သူမှသတိမထားမိခဲ့ဘူး ။ ယူကရိုန်း လိဂ်က ပြိုင်ပွဲတွေကို ဘယ်သူမှလဲ ဂရုတစိုက်မကြည့်ခဲ့ကြဘူးလေ ။


မူဒရစ် က အရည်အသွေးပြည့်ဝပြီး အလားအလာ ကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် ။ တစ်ဦးချင်းကျော်ဖြတ်ပုံတွေ အလွန်ကောင်းမွန်တဲ့ အပြင် သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ပြေးနှုန်းနဲ့ ပြိုင်ဘက် အသင်းခံစစ်ကို အချိန်မရွေး ဖျက်စီးနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေး သန်း ၁၀၀ လောက်ပေးခဲ့ရတော့ ချယ်ဆီး အသင်းပရိတ်သတ်တော်တော်များများ က မူဒရစ်ကို အများကြီးမျှော်လင့်ခဲ့ကြတယ်။ ဒါပေမယ့် မူဒရစ် က ပြောင်းရွှေ့ကြေး ဖိအားကြောင့်လား အခြားကိစ္စတွေကြောင့်ပဲလား မသိဘူး ခြေစွမ်းကောင်းကောင်းမပြသနိုင်ခဲ့ဘူး ။ ပရီးမီးယားလိဂ်လို တောင်းဆိုမှုများပြီး ခက်ခဲကြမ်းတမ်းတဲ့ လိဂ်မှာ မူဒရစ် တစ်ယောက် အသားမကျခဲ့ဘူး ။ ဒီလို ခြေစွမ်းကောင်းတွေ မပြသနိုင်တဲ့ ကြားထဲက မူဒရစ် ရဲ့ ကစားသမား ဘဝကို အဆုံးသတ်သွားစေမယ့် ကိစ္စကြီးတစ်ခုက ဝင်လာခဲ့တယ်။ အဲ့ဒီကိစ္စကတော့ တားမြစ်ဆေးသုံးစွဲတယ်ဆိုတဲ့ ကိစ္စပဲဖြစ်ပါတယ် ။ မူဒရစ် တစ်ယောက် ဒီတားမြစ်ဆေးကိစ္စကြောင့် ကစားသမားဘဝ နေ ရပ်နားနေရတာ အချိန်အတော်ကြာပါပြီ ။ မူဒရစ် ရဲ့ တားမြစ်ဆေးကိစ္စကလည်း သေသေချာချာ နဲ့ တိတိကျကျ ဘာသတင်းမှ မကြားရပါဘူး ။


ဒါပေမယ့် နောက်ဆုံးကြားသိရတဲ့ သတင်းတွေ အရ မူဒရစ် ကို FA က အားကစားတားမြစ်ဆေးမှုနဲ့ စွဲချက်တင်ထားပြီး မူဒရစ် တစ်ယောက် အချိန်ကြာမြင့်စွာ ကစားခွင့် ပိတ်ပင်ခံရနိုင်ပါတယ်။အင်္ဂလန်​ဘောလုံးအဖွဲ့ချုပ် FA ရဲ့စည်းမျဉ်းတွေအရ ဆိုရင် မူဒရစ် ကို ကစားခွင့် လေးနှစ်အထိ ပိတ်ပင်နိုင်ပါတယ်။ မူဒရစ် ကို ​ တားမြစ်ဆေးသုံးစွဲထားခြင်းရှိ/မရှိ​ နောက်တစ်ကြိမ် ထပ်မံစစ်ဆေးမှုပြုလုပ်ရာမှာ​ စွမ်းဆောင်ရည်မြှင့်တင်ပေးတဲ့ Meldonium (မယ်ဒိုနီယမ်) ဓာတ်ပစ္စည်းနဲ့ပတ်သက်ပြီး ဆေးစစ်ချက်​အဖြေ​ က (Positive)​ အပေါင်းပြခဲ့တာဖြစ်ပါတယ်။ အဲ့တာတွေကြောင့်ပဲ အရည်အသွေးပိုင်းမှာ ပြောစရာမလိုတဲ့အပြင် အလားအလာကောင်းတွေ အများကြီးရှိတဲ့ မူဒရစ် က မြက်ခင်းစိမ်းတွေနဲ့ ၄ နှစ်လောက်ဝေးကွာသွားဖို့ရှိနေတာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှူပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#lukamodric

#laliga

#realmadrid

#midfielder

#football

Leave a reply