မန်ချက်စတာယူနိုက်တက် နဲ့ ဂါနာချို ရေစက်ကုန်ပြီလား

မန်ချက်စတာယူနိုက်တက် အသင်းက ဒီနှစ်ဘောလုံးရာသီ မှာ အခြေအနေ အရပ်ရပ် က ဆိုးရွားနေပြီး သမိုင်းတစ်လျောက် အဆိုးဝါးဆုံးရာသီ တစ်ခုကို ဖြတ်သန်းခဲ့ရတာပဲဖြစ်ပါတယ်။ ယူရိုပါလိဂ် ဖလားကို ရအောင်ယူပြီး နောက်ရာသီမှာ ဥရောပဝင်ခွင့်တစ်နေရာ အပိုင်စားရယူမယ်လို့ ဆုံးဖြတ်ချက် ချထားခဲ့ပြီး ယူရိုပါလိဂ် ဖလားတစ်ခုထဲကိုသာ အပြည့်အဝ အာရုံစိုက်ခဲ့ပေမယ့် ယူရိုပါလိဂ် ဖိုင်နယ် မှာ စပါး အသင်းကို ရှုံးနိမ့်ခဲ့ပြီး ဖလားလက်မဲ့ ရာသီ တစ်ခုကို ဖြတ်ကျော်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့တာတွေကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းက ဖလားလက်မဲ့ ရာသီ တစ်ခုကိုဖြတ်သန်းခဲ့ရပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုမှာလည်း အဆင့် 15 ထိ ရောက်ရှိနေတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းက အဆိုးဝါးဆုံး ရာသီ တစ်ခုကို ခက်ခက်ခဲခဲ နဲ့ ဖြတ်သန်းနေကြရတာပဲဖြစ်ပါတယ်။
စပါးကို ရှုံးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ် ဖိုင်နယ် ပွဲစဥ်မှာ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အာမိုရင် နဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဂါနာချို နဲ့ အခြေအတင် ဖြစ်ခဲ့ကြတယ်။ ဂါနာချိုဆိုတာကတော့ မန်ချက်စတာယူနိုက်တက် အသင်း လိုအပ်တဲ့ အချိန်တိုင်း ၊ ဒုက္ခရောက်နေတဲ့ အချိန်တိုင်း အသင်းကို အမြဲလိုလို ကယ်တင်ပေးနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အာမိုရင်က ဂါနာချို အနေနဲ့ ဖိုင်နယ်ပွဲစဥ်မှာ အခွင့်အရေးတွေ အသုံးမချနိုင်ဘူးဆိုပြီး ဝေဖန်ခဲ့သလို ၊ ဂါနာချို အနေနဲ့ကလည်း ပြိုင်ပွဲတစ်လျောက်လုံး အကောင်းဆုံးခြေစွမ်းတွေပြပြီး မန်ချက်စတာယူနိုက်တက် ကို ဖိုင်နယ်ထိ ရောက်အောင် အကောင်းဆုံးစွမ်းဆောင်ပေးခဲ့ပေမယ့် ဖိုင်နယ် ပွဲစဥ်မှာ မိနစ် ၂၀ ပဲ ကစားခဲ့ရလို့ မကျေနပ်တာတွေကို အင်တာဗျူးတစ်ခုမှာ ထုတ်ပြောခဲ့တာပဲဖြစ်ပါတယ်။ အဲ့ကနေစလို့ မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ အာမိုရင် နဲ့ လူငယ်ကြယ်ပွင့်ကစားသမား ဂါနာချို တို့ စတင်သဘောထားကွဲလွဲခဲ့တာပဲဖြစ်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ နည်းပြ အာမိုရင် က အသင်း ထရိန်နင် တစ်ခုမှာ နောက်ရာသီမှာ အာမိုရင် တစ်ယောက် အသင်းမှာ ဆက်ရှိအုံးမှာဖြစ်ကြောင်း ကြော်ငြာခဲ့တဲ့ အပြင် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့်ကစားသမား ဂါနာချို ကို အသင်းသစ်ရှာဖွေဖို့လည်း ပြောကြားခဲ့တာပဲဖြစ်ပါတယ်။
ဂါနာချိုက ဇန်နဝါရီ အပြောင်းအရွှေ့ကာလထဲ က အသင်းကနေ ထွက်ဖို့ သတင်းအချို့ကို ကြားခဲ့ရပေမယ့် အပြောင်းအရွှေ့ကတော့ မဖြစ်မြောက်ခဲ့ပါဘူး ။ အခုချိန်မှာတော့ ဂါနာချို တစ်ယောက် အသင်းကနေ ထွက်ခွာဖို့ အတော်လေးနီးစပ်နေပြီပဲဖြစ်ပါတယ်။ အသင်း အဆင်မပြေဖြစ်နေတဲ့ အချိန်တွေမှာ အသင်းအတွက် တကယ့်ကို အားကိုးခဲ့ရတဲ့ လူငယ်ကစားသမားလေးတစ်ယောက် ၊ အသင်းပေါ် ပေးဆပ်ချင်စိတ် အပြည့်အဝ ရှိတဲ့ ကစားသမားတစ်ယောက် ကို မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ တကယ်ပဲ လက်လွှတ်ခံတော့မှာလား။ ဂါနာချို တစ်ယောက် ဘယ်ကလပ် အသင်းကို ရောက်ရှိသွားမလဲ ?။ ပရိတ်သတ်တွေ ရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။ အဆုံးထိဝင်ရောက် ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#alejandrogarnacho
#attacking
#midfielder
#premierleague
最新消息



