ကစားသမားတွေရဲ့ လစာမြင့်မားမှုကြောင့် ကစားသမားရောင်းချဖို့ အခက်တွေ့နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းက တစ်ဖက်မှာ ကစားသမား အသစ်တွေ ခေါ်ယူဖို့ ကြိုစားနေပေမယ့် တခြားတစ်ဖက်မှာတော့ အသင်းမှာ ရှိပြီးသား ကစားသမားတွေကို ထုပ်ရောင်းဖို့ အတွက်တော်တော်လေးကို ခက်ခဲနေတာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်း က မနှစ်ကဘောလုံးရာသီ ပြီးဆုံးချိန်ထဲက အသင်းကနေထုတ်ရောင်းမယ့် ကစားသမားတော်တော်များများ ရှိပေမယ့် အခုချိန်ထိ တစ်ယောက်မှ မရောင်းချရသေးတာပဲဖြစ်ပါတယ်။ ဘာလို့ ထုပ်ရောင်းဖို့ ခက်ခဲနေတာလည်းဆိုရင်တော့ မန်ချက်စတာယူနိုက်တက် ဘက်ကတောင်းတဲ့ ပြောင်းရွှေ့ကြေးက များတာကြောင့် တစ်ကြောင်း ၊ ရောင်းချမယ့် ကစားသမားတွေရဲ့ လစာက အလွန်မြင့်မားတာကြောင့်လည်း ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ဂါနာချိုဆိုရင် အစောပိုင်းအချိန်တွေတုန်းက အာဆင်နယ် ၊ ချယ်ဆီး ၊ စပါး ၊ နာပိုလီ စတဲ့ အသင်းတွေနဲ့ သတင်းထွက်ခဲ့ပေမယ့် ဒီကစားသမားအတွက် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ပြောင်းရွှေ့ကြေး သန်း ၇၀ သတ်မှတ်လိုက်ကတည်းက အသင်းတော်တော်များများကနောက်ဆုတ်သွားခဲ့တာပဲဖြစ်ပါတယ်။
နောက်တစ်ယောက်ကတော့ ဆန်ချိုပေါ့ ။ ဆန်ချို က မနှစ်ကဘောလုံးရာသီကတည်းက ချယ်ဆီး အသင်းကိုအငှားသွားရောက်ကစားခဲ့ပြီး ချယ်ဆီး အသင်းက အပြီးသတ်မဝယ်ယူချင်တာကြောင့် လျော်ကြေး ပေါင် ၅ သန်းပေးပြီး မန်ချက်စတာယူနိုက်တက် အသင်းထဲ ပြန်လည်ပို့ဆောင်ခဲ့တာပဲဖြစ်ပါတယ် ။ ဆန်ချို နဲ့ နာပိုလီ အသင်းက ပုဂ္ဂိုလ်ရေဆိုင်ရာ သဘောတူညီမှု ရရှိထားပေမယ့် ဆန်ချိုရဲ့ လစာ ၃သိန်းကျော်က ပြသာနာဖြစ်နေတာပါ ။ အလားတူ အန်တိုနီ အနေနဲ့လည်း ဘက်တစ် အသင်းကို ပြောင်းရွှေ့ချင်နေပြီ လစာတွေပါ လျော့ယူမယ်လို့ ပြောကြားထားတာပဲဖြစ်ပါတယ် ။ ဘက်တစ် အသင်းနေနဲ့ အန်တိုနီ ကို တစ်ရာသီ အငှား ပြီးရင် ပေါင် ၃၅ သန်း နဲ့ အပြီးသတ် ဝယ်ယူခွင့် စတဲ့ ပုံစံနဲ့ ကမ်းလှမ်းခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက် အသင်းက ဒီကမ်းလှမ်းချက်ကို ပယ်ချခဲ့တာပဲဖြစ်ပါတယ်။ အန်တိုနီ အတွက် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ခေါ်ယူခဲ့တုန်းက သန်း ၁၀၀ လောက် အသုံးပြုခဲ့ရတာကြောင့် ပြန်ရောင်းချတဲ့ အချိန်မှာလည်း ၄၀ ၊ ၄၅ သန်းလောက်လိုချင်နေတာပဲဖြစ်ပါတယ် ။ အခြားတစ်ဖက်မှာလည်း မားကတ် ရက်ဖို့စ် လည်းရှိနေပါသေးတယ် ။ရက်ဖို့စ် ရဲ့ အနာဂတ်က မန်ချက်စတာယူနိုက်တက် အသင်းမှာ ဆက်မရှိတော့ပါဘူး ။ ကစားသမားအနေနဲ့ ဘာစီလိုနာ တစ်သင်းထဲကိုသာပြောင်းရွှေ့ချင်နေပြီး ဘာစီလိုနာ အသင်းအနေနဲ့လည်း နီကိုဝီလီယံ ကို ခေါ်ယူနိုင်တော့မှာဖြစ်တာကြောင့် ရက်ဖို့စ် ကို ခေါ်ယူမှာမဟုတ်တော့ပါဘူး ။ ပရီးမီးယားလိဂ် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ နယူးကာဆယ် အသင်းအနေနဲ့ကတော့ ရက်ဖို့စ် ကိုစောင့်ကြည့်နေပါသေးတယ်။
မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့လည်း အက်စတွန်ဗီလာအသင်းရဲ့ ဂိုးသမား မာတီးနက် ကို ခေါ်ယူချင်နေပေမယ့် လက်ရှိ ဂိုးသမား အိုနားနား ကို ရောင်းချဖို့ အတွက်ကလည်း ခက်ခဲနေပြန်တယ် ။ အို နားနား ကို ဆော်ဒီကလပ် အသင်းတွေက ခေါ်ယူချင်နေပေမယ့် ကစားသမားက အသင်းမှာပဲ ဆက်ရှိချင်နေတာကြောင့်ပါ ။ တိုက်စစ်မှူး အသစ်ခေါ်ဖို့အတွက်ကလည်း လက်ရှိတိုက်စစ်ကစားသမား Rasmus Højlundကို ရောင်းချပြီးမှဝယ်ယူလို့ရမှာပဲဖြစ်ပါတယ်။ Rasmus Højlundကို ရောင်းချရာမှာလဲ မန်ယူ အသင်းအနေနဲ့ တော်တော်လေးအခက်တွေ့နေတာပဲဖြစ်ပါတယ်။ တကယ်ပဲ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ကစားသမား ရောင်းချဖို့ ဘာကြောင့် ဒီလောက်ခက်ခဲနေရတာလဲ ။ ဘာလို့ခက်ခဲနေတာလည်းဆိုရင် ရှင်းပါတယ် ။ ကစားသမားတွေ ရဲ့ လစာမြင့်မားတာ နဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ဆိုတဲ့ ပြောင်းရွှေ့ကြေးတွေက များတာကြောင့်ပဲဖြစ်ပါတယ်၊ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#alejandrogarnacho
#jadonsancho
#anthony
#martinez
#andreonana
#rasmushojlund
最新消息



