အန်တိုနီ တစ်ယောက် ဘာကြောင့် မန်ယူမှာခြေစွမ်းမပြနိုင်တာလဲ

အန်တိုနီ ဆိုတဲ့ ကစားသမားက က ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကို အေဂျက် အသင်းနဲ့ အတူ ပေါ်ထွက်လာခဲ့တယ်။ အဲ့ချိန်တုန်းက တန်ဟက် ကိုင်တွယ်တဲ့ အေဂျက် အသင်းက အန်တိုနီ ၊ ဗန်ဒီဗစ် ၊ ဒီလစ် ၊ ဇီရက်စ် စတဲ့ ကစားသမားတွေရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ဥရောပ အသင်းကြီးတွေနဲ့ပါ ယှဥ်ဖိုက်နိုင်တဲ့ အနေအထားလောက်ကို ကောင်းတဲ့အသင်းတစ်သင်းဖြစ်ခဲ့တာပေါ့။ အဲ့နောက်တော့ အသင်းရဲ့ နည်းပြ တန်ဟက် ကလည်း အသင်းကနေ ထွက်သွားခဲ့သလို ခြေစွမ်းကောင်းတွေပြသနိုင်တဲ့ ကစားသမားတွေကလည်း ဥရောပ အသင်းကြီး တော်တော်များများကို အသီးသီး ပြောင်းသွားခဲ့ကြတယ်။ ၂၀၂၂ ခုနှစ်မှာတော့ အန်တိုနီ က သူ့ရဲ့ ဆရာဟောင်းဖြစ်တဲ့ နည်းပြကြီး တန်ဟက် ကိုင်တွယ်နေတဲ့ မန်ချက်စတာယူနိုက်တက် အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၈၆ သန်းနဲ့ပြောင်းရွှေ့ခဲ့တယ်။ အန်တိုနီ က မန်ချက်စတာယူနိုက်တက် အသင်း နဲ့ အစပိုင်း ပွဲစဥ်တွေမှာ သူ့ရဲ့ ကောင်းမွန်လှပါတယ်ဆိုတဲ့ သူ့ရဲ့ ကစားပုံ ၊ ကစားကွက် နဲ့ ခြေစွမ်းတွေကို ဆက်လက်ပြသနိုင်ပေမယ့် နောက်ပိုင်း အချိန်တဖြည်းဖြည်း ကြာလာတာနဲ့ အမျှ အန်တိုနီ ရဲ့ စွမ်းဆောင်ရည်ပိုင်း က တော်တော်လေးကို ကျဆင်းသွားတယ်။
ပွဲထွက်ခွင့် တစ်နေရာအတွက် အသေအလဲ ရုန်းကန်ခဲ့ရသလို နောက်ပိုင်းမှာ ပွဲကစားချိန်တွေ တော်တော်လေးကို နည်းပါးခဲ့ရတယ်။ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပရိတ်သတ် အချို့ကလည်း ပြောင်းရွှေ့ကြေးနဲ့ မထိုက်တန်ဘူးလို့ ဝေဖန်ခဲ့ကြတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဆိုတာ တော်တော်လေးကို ပုံရိပ်ကြီးမားတဲ့ အသင်းတစ်သင်းပါ။ တော်ရုံတန်ရုံ ခြေစွမ်း ၊ တော်ရုံတန်ရုံ စိတ်ဓာတ်ပိုင်းနဲ့ မန်ချက်စတာယူနိုက်တက် အသင်းမှာ ကစားလို့မရပါဘူး။ အန်တိုနီ က မန်ချက်စတာယူနိုက်တက် အသင်း ပရိတ်သတ်တွေရဲ့ ဖိအား ၊ မီဒီယားတွေရဲ့ ဖိအားတွေကို ကောင်းကောင်းကြီး ရင်မဆိုင်နိုင်ခဲ့ပါဘူး။ အခြား ကလပ် အသင်းတွေမှာ တပွဲလောက်ခြေစွမ်းမပြနိုင်တာ ပြသာနာမရှိပေမယ့် မန်ချက်စတာယူနိုက်တက် ဂျာစီ ဝတ်ဆင်ထားတဲ့ ကစားသမားက တစ်ပွဲလေးခြေစွမ်းမပြနိုင်တာနဲ့ အဘက်ဘက်က ဖိအားတွေကို ခံရပါတယ်။ ဒါက အသင်းရဲ့ ကြီးကျယ်ခမ်းနားမှု နဲ့ ပုံရိပ်ကြီးမားမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ဒီလိုနဲ့ ခြေစွမ်းမပြနိုင်တဲ့ အန်တိုနီ တစ်ယောက် ဒီနှစ်ဘောလုံးရာသီ ဆောင်းရာသီ ဈေးကွက်မှာ စပိန် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရီးရဲလ် ဘက်တစ် အသင်းကို အငှားထွက်ကစားခဲ့တာပဲဖြစ်ပါတယ်။ နတ်ရေကန်ထဲ ပြုတ်ကျသွားသလား ထင်ရလောက်အောင် ဘက်တစ် အသင်းမှာ အန်တိုနီ တစ်ယောက် သူ့ရဲ့ ပုံမှန် ကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဖိအား ကင်းကင်း ၊ ကိုယ်ကိုကိုယ့် ယုံကြည်မှု ရှိရှိ နဲ့ အကောင်းဆုံးခြေစွမ်းတွေကို ဆက်တိုက်ဆိုသလို ပြသနိုင်ခဲ့တဲ့ အန်တိုနီ တစ်ယောက် ဘက်တစ် အသင်းအတွက် မရှိမဖြစ် ကစားသမားတစ်ယောက်ဖြစ်လာခဲ့တယ် ။
ဘက်တစ် အသင်းရဲ့ ကွန်းဖရင့်လိဂ် လမ်းကြောင်းတစ်လျောက်မှာ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့ပြီ ဒီနှစ်ရာသီ ဘက်တစ် အသင်းရဲ့ အမြင့်ပျံသန်းတဲ့ ခရီးစဥ်မှာ အန်တိုနီ က အဓိက အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းလို ပုံရိပ်ကြီးမား ပြီး အမှားမခံတဲ့ ကလပ်အသင်းတစ်သင်းမှာ အန်တိုနီ လိုဖိအားကင်းကင်း နဲ့ လွတ်လွတ်လပ်လပ် ကစားတတ် တဲ့ ကစားသမားမျိုးက အဆင်မပြေခဲ့ပါ။ အန်တိုနီက ဖိအားကင်းကင်း နဲ့ သူစိတ်ကြိုက် လွတ်လွတ်လပ်လပ်များ ကစားရရင် ခြေစွမ်းကောင်းတွေ ပြသနိုင်တဲ့ ကစားသမားတစ်ယောက်ဆိုတာ အေဂျက် အသင်းနဲ့ အခုလက်ရှိ ဘက်တစ် အသင်းတွေမှာ ကောင်းကောင်းသက်သေပြပြီးပါပြီ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#antony
#rightwinger
#premierleague
#realbetis
最新消息



