အိမ်မက်ဆိုးတွေကနေ ပြန်လည်ရုန်းထွက်လာနိုင်ခဲ့တဲ့ ဂရင်းဝုစ်

ဂရင်းဝုစ် ဆိုတဲ့ လူငယ်ကစားသမားလေးက မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ ဘောလုံးပရိတ်သတ်တွေရဲ့ မျက်စိရှေ့ကို ပေါ်ထွက်လာခဲ့တယ်။ မန်ချက်စတာယူနိုက်တက် အသင်းအတွက် တကယ့်ကို အားကိုးရတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဂရင်းဝုစ် က လည်း မန်ချက်စတာယူနိုက်တက် အသင်းအတွက် အကောင်းဆုံး အသုံးတော်ခံခဲ့တယ်။ ဂရင်းဝုစ် က မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တောင်ပံတစ်လျောက် လျင်မြန်တဲ့ ပြေးနှုန်းတွေ ၊ အားပါပြင်းထန်တဲ့ အဝေးကန်ချက်တွေ ၊ အလွန်ကောင်းမွန်တဲ့ တစ်ဦးချင်းကျော်ဖြတ်မှုတွေ နဲ့ ပြိုင်ဘက်အသင်း ခံစစ်ကို အကြိမ်ကြိမ် ဖြိုခွဲပေးနိုင်တဲ့ လူငယ်ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဗန်ဗာစီ လက်သစ် လို့ ဘောလုံးပရိတ်သတ်တော်တော်များများက ချီးကျူးရလောက်တဲ့ အထိ ဂရင်းဝုစ် က အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တယ်။ ဒါပေမယ့် အတူနေ ချစ်သူကို ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ ကြောင့် ဂရင်းဝုစ် ရဲ့ ဘောလုံးကစားသမားဘဝ က နိမ့်ကျခဲ့ရတယ်။
သူအရမ်းနှစ်သက်ပါတယ် ဆိုတဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရတယ်။ ဂရင်းဝုစ် က သူ့ရဲ့ စိတ်လိုက်မာန်ပါ လုပ်ရပ်ကြောင့် ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေထိ ကို ရောက်ရှိခဲ့တယ်။ ဂရင်းဝုစ် ကို ယုံယုံကြည်ကြည်နဲ့ နေရာပြန်ပေးခဲ့တာကတော့ ဂီတာဖေး အသင်းပဲဖြစ်ပါတယ်။ ဂရင်းဝုစ် က ဂီတာဖေး အသင်းမှာ သူ့ရဲ့ ပုံမှန်ခြေစွမ်းတွေကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်။ ဂီတာဖေး အသင်းမှာ တစ်ရာသီ ကြာ ကစားခဲ့ပြီး ၁၀ ဂိုးသွင်းကာ ၆ ဂိုးအထိ ဖန်တီးမှု ပြုလုပ်နိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ သူ့ရဲ့ ခြေစွမ်းကို ပြန်လည်ရှာဖွေနိုင်ခဲ့ပြီးနောက်မှာတော့ ပြင်သစ် လိဂ်ဂူး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ မာဆေး အသင်းက ဂရင်းဝှစ်ဝုစ်ကို ခေါ်ယူခဲ့တယ်။ တဖက်မှာလည်း ဂရင်းဝုစ် က အတူနေချစ်သူနဲ့ ပြန်အဆင်ပြေပြီး ရင်သွေးလေးလဲ ပိုင်ဆိုင်ထားသလို သာယာပျော်ရွှင်တဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မာဆေး အသင်းက ဂရင်းဝုစ် ကို စတင်ခေါ်ယူတဲ့ အချိန်တုန်းကဆို မာဆေး အသင်းရဲ့ ပရိတ်သတ်တွေက အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တဲ့ လူကိုခေါ်ယူတာကြောင့် ဝေဖန်သံတွေကို တော်တော်လေးကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် ဂရင်းဝုစ် က ဒီဝေဖန်သံတွေကို အချိန်ခနလေးအတွင်းမှာပဲ သူ့ရဲ့ အကောင်းခြေစွမ်းတွေနဲ့ ရပ်တန့်ပြစ်နိုင်ခဲ့တယ်။ စပိန် လာလီဂါမှာ ပြသခဲ့တဲ့ခြေစွမ်းတွေထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို မာဆေး အသင်းမှာပြသနိုင်ခဲ့တယ်။ ဂရင်းဝုစ်က မာဆေး အသင်းအတွက် ဒီရာသီ ၂၁ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ဒီဂိုးအရေအတွက် က ပြင်သစ်လိဂ်ဂူးဝမ်း အများဆုံးသွင်းဂိုးလည်းဖြစ်ပါတယ် ။
ဂရင်းဝုစ် နဲ့ ပီအက်ဂျီ တိုက်စစ်မှူး ဒမ်ပီလီ တို့က ၂၁ ဂိုးအထိ အသီးသီး သွင်းယူနိုင်ခဲ့ကြပေမယ့် ပြင်သစ်လိဂ်ဂူးဝမ်းရဲ့ စည်းမျဥ်းတွေကြောင့် ပင်နယ်တီ အနည်းဆုံး ကစားသမားက ဂိုးသွင်းဘုရင်ဆုကို ရရှိမှာဖြစ်တာကြောင့် အမ်ပီလီ က ပြင်သစ်လိဂ်ဂူးဝမ်း ရဲ့ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့တယ်။ ဂရင်းဝုစ် က မာဆေးအသင်းရဲ့ သမိုင်းတစ်လျောက် ပွဲဦးထွက် ရာသီမှာ သွင်းဂိုးအများဆုံးသွင်းယူပေးနိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပဲဖြစ်ပါတယ်။ မာဆေး အသင်း က ပီအက်ဂျီ အသင်းရဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ မာဆေး အသင်းရဲ့ ချန်ပီယံလိဂ် ဝင်ခွင့်တိုက်ပွဲမှာ မေဆင် ဂရင်းဝုစ် ရဲ့ သွင်းဂိုးတွေက အင်မတန် အရေးပါခဲ့ပါတယ်။ ဒီလိုနဲ့ပဲ ကစားသမားဘဝ အဆုံးသတ်သွားနိုင်တဲ့ အခြေအနေကနေ သူ့ရဲ့ အကောင်းဆုံးပုံစံကို ဂရင်းဝုစ်တစ်ယောက် ပြန်လည်ရှာဖွေနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#manchesterunited
#champions
#masongreenwood
#rightwinger
#marseille
最新消息



