မားကတ် ရက်ဖို့စ် လိုပဲ လမ်းပျောက်အုံးမယ့် ဒါဝင် နူးညက်စ်

Ma Nyein
2周 前
Sport Articles
မားကတ် ရက်ဖို့စ် လိုပဲ လမ်းပျောက်အုံးမယ့် ဒါဝင် နူးညက်စ်

မန်ချက်စတာယူနိုက်တက် အသင်းရဲ့ တိုက်စစ်ကစားသမား မားကတ် ရက်ဖို့စ် ရဲ့ အနာဂတ် က မသေမချာဖြစ်နေပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းမှာ သူ့ရဲ့ အနာဂတ် က မရှိတော့သလို သူ့ကို ခေါ်ယူချင်တဲ့ အသင်းကလည်း တော်တော်လေးကို ရှားပါတယ်။ အဓိကပြဿနာ ကတော့ ကစားသမားရဲ့ လစာ နဲ့ ပြောင်းရွှေ့ကြေးမြင့်မားတာကြောင့်ပဲဖြစ်ပါတယ် ။ ရက်ဖို့စ် အနေနဲ့ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့ချင်ပေမယ့် ဘာစီလိုနာ အသင်းကလည်း ရက်ဖို့စ် ရဲ့ ပြောင်းရွှေ့ကြေးကို ပေးနိုင်ဖို့ မဖြစ်နိုင်ပါဘူး ။ အခုလဲ မားကတ် ရက်ဖို့စ် လိုပဲ အလားတူ ဒါဝင် နူးညက်စ် ကလည်း ဒီလို အလားတူ ပြဿနာမျိုးကို ရင်ဆိုင်နေရတာပဲဖြစ်ပါတယ်။

ဒါဝင် နူးညက်စ် အနေနဲ့ လီပါပူး အသင်းရဲ့ နည်းပြ အသစ်ဖြစ်လာတဲ့ အာနေးစလော့ ရဲ့ လက်ထပ်မှာ နေရာမရတဲ့ ကစားသမား တစ်ယောက်ဖြစ်တာကြောင့် အသင်းကနေထွက်ခွာချင်နေတာပဲဖြစ်ပါတယ်။ လီပါပူး အသင်းနဲ့ အတူ အနာဂတ် မသေချာတာတော့ ဒါဝင် နူးညက်စ် ကို မနှစ်ကဘောလုံးရာသီ က နည်းပြ အသစ် ကွန်တီ နဲ့ အတူ အီတလီ စီးရီးအေ ဖလားကြီးကို ပြန်လည်ကိုင်မြှောက်နိုင်ခဲ့တဲ့ နာပိုလီ အသင်းကခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။ နာပိုလီ အသင်းက လာမယ့် ရာသီမှာ သူတို့ရဲ့ ချန်ပီယံဂုဏ်ပုဒ် ကို ထပ်မံ ကာကွယ်နိုင်ရန် နဲ့ ခက်ခဲကြမ်းတမ်းတဲ့ ချန်ပီယံလိဂ် ခရီးကြမ်းကို ထပ်မံဖြတ်သန်းရအုံးမှာဖြစ်တာကြောင့် အသင်းရဲ့ ကစားသမားအင်အားကို ပိုမိုတောင့်တင်းစေရန် အတွက် ကစားသမားအသစ်တွေကို ခေါ်ယူချင်နေတာပဲဖြစ်ပါတယ်။ နာပိုလီ အသင်းအနေနဲ့ နူးညက်စ် ကို ခေါ်ယူချင်နေပေမယ့် လီပါပူး အသင်းကတောင်းဆိုတဲ့ ၅၁ သန်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို များတယ်လို့ သတ်မှတ်ထားပြီး ခေါ်ယူဖို့အတွက် စဥ်းစားစရာဖြစ်နေတာပါ ။ လီပါပူး အသင်းအနေနဲ့လည်း နူးညက်စ် ကို ခေါ်ယူခဲ့တုန်းက ပေါင် ၈၅ သန်း အထိအသုံးပြုခဲ့ရတာကြောင့် နူးညက်စ် ကိုပြန်လည်ရောင်းချရာမှာလည်း ဈေးတစ်ခုခုကို ပြန်လည်ရရှိချင်နေတာပဲဖြစ်ပါတယ်။ လီပါပူး အသင်းအနေနဲ့လည်း သူတို့ရဲ့ နည်းပြ အသစ် အာနေးစလော့ရဲ့ ပထမဆုံးရာသီမှာပဲ ပရီးမီးယားလိဂ် ဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့တာကြောင့် နောက်ရာသီမှာ ဥရောပဖလား ကိုင်မြှောက်နိုင်ဖို့အတွက် အပြောင်းအလဲများစွာကို ငွေကြေးအများအပြား သုံးစွဲပြီး ပြုလုပ်နေတာပဲဖြစ်ပါတယ်။

လီပါပူး အသင်းအနေနဲ့လည်း တိုက်စစ်ကစားသမား အသစ် တစ်ဦးခေါ်ယူချင်နေတာကြောင့် နူးညက်စ် ကို ဒီနွေအပြောင်းအရွှေ့ကာလမှာ ထုတ်‌ေရာင်းသွားမှာဖြစ်ပါတယ်။ နာပိုလီ အသင်းအနေနဲ့ကလည်း သူတို့ရဲ့ တိုက်စစ်မှူး အိုစီမင် ကို အသင်းကနေ မရောင်းချရသေးတာကြောင့် ကစားသမား အသစ်ခေါ်ယူဖို့ကို တွက်ချက်ပြီး စဥ်းစားနေရတာပဲဖြစ်ပါတယ်။ နူးညက်စ် ကို နာပိုလီ က ပြောင်းရွှေ့ကြေး အများကြီးသုံးစွဲပြီး မခေါ်ယူချင်တာကြောင့် လီပါပူး အသင်းဘက်က ဈေးမလျော့ပေးရင် ဒီအပြောင်းအရွှေ့က ဖြစ်လာဖို့အတွက် တော်တော်လေးကို ခက်ခဲပါတယ်။ ဒီလိုဆိုရင် ဒါဝင် နူးညက်စ် အနာဂတ် ကလည်း တော်တော်လေးကို ခက်ခဲသွားခဲ့ပါပြီလို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#manchesterunited

#darwinnúnez

#liverpool

#strikers

#marcusrashford

Leave a reply