မားကတ် ရက်ဖို့စ်ဘက်ကို တစ်ဖန် ပြန်လှည့်လာနိုင်တဲ့ ဘာစီလိုနာ အသင်း

Ma Nyein
2周 前
Sport Articles
မားကတ် ရက်ဖို့စ်ဘက်ကို တစ်ဖန် ပြန်လှည့်လာနိုင်တဲ့ ဘာစီလိုနာ အသင်း

မန်ချက်စတာယူနိုက်တက် အသင်းမှာ အနာဂတ် လုံးဝမရှိတော့တဲ့ မားကတ် ရက်ဖို့စ် က ဒီနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းသစ် တစ်သင်းကို ပြောင်းရွှေ့ဖို့ဆိုတာ သေချာနေပါပြီ ။ဒါပေမယ့် ရက်ဖို့စ် ရဲ့ လစာကိစ္စနဲ့ ပတ်သတ်လို့ အသင်းတော်တော်များများ က‌ ခေါ်ယူဖို့ မရဲမတင်းဖြစ်နေပါတယ်။ ရက်ဖို့စ် အနေနဲ့လည်း ဘာစီလိုနာ အသင်းတစ်သင်းထဲကိုသာ ပြောင်းရွှေ့ချင်နေပြီ။ လစာကိစ္စကိုလည်း ညှိနှိုင်းပေးသွားမယ့်လို ပြောထားပေမယ့် အစောပိုင်းအချိန်တွေတုန်းက ဘာစီလိုနာ အသင်းရဲ့ အဓိကပစ်မှတ်က နီကို ဝီလျံပါပဲ ။ ဘာစီလိုနာ အသင်းအနေနဲ့ သူတို့အသင်းမှာ အရည်အသွေးမြင့်ပြီး အလားအလာကောင်းတွေအများကြီးပိုင်ဆိုင်ထားတဲ့ စပိန်တောင်ပံ တစ်စုံကို ဖန်တီးချင်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒါတွေက စိတ်ကူးသက်သက်ဖြစ်ခဲ့ပါပြီ ။ အက်သလက်တစ် ဘီဘာအို အနေနဲ့ သူတို့ရဲ့ တောင်ပံကစားသမား နီကို ဝီလျံကို ဘာစီလိုနာ အသင်းလက်ဦးမှုမရခင် အချိန်အတွင်းမှာပဲ ၂၀၃၅ ခုနှစ်ထိ သက်တမ်းရှိတဲ့ ၁၀ စာချုပ် နဲ့ သက်တမ်းတိုးနိုင်ခဲ့တာပဲဖြစ်ပါတယ်။

ဒါကြောင့် ဘာစီလိုနာ အသင်းရဲ့ အဓိက ပစ်မှတ် နီကိုဝီလျံ က သက်တမ်းတိုးစာချုပ်ချုပ်ဆိုလိုက်တာကြောင့်ဘာစီလိုနာအသင်းအနေနဲ့ သူတို့ရဲ့ အဓိက ပစ်မှတ်က ပရီးမီးယားလိဂ် ကစားသမားတွေဖြစ်ကြတဲ့ မားကတ် ရက်ဖို့ နဲ့ လူးဝစ် ဒီယက် တို့ဖြစ်လာနိုင်ပါတယ်။ ဒီမှာ တစ်ချက်စဥ်းစားရမှာက လီပါပူး အသင်းအနေနဲ့ သူတို့ရဲ့ ကစားသမား ဒီယေဂို ဂျိုတာ ကို ကားမတော်တဆမှုနဲ့ ဆုံးရှုံးခဲ့ရတာကြောင့် လူးဝစ် ဒီးယက် ကို ထုပ်ရောင်းဆိုဖို့ဆိုတာ မဖြစ်နိုင်ဖို့များပါတယ်။ ဒါကြောင့် အစောပိုင်းအချိန်တွေတုန်းက အနာဂတ် မှေးမှိန်နေရတဲ့ မားကတ် ရက်ဖို့စ် အနေနဲ့ သူပြောင်းရွှေ့ချင်နေတဲ့ ဘာစီလိုနာ အသင်းရဲ့ ကမ်းလှမ်းမှု တစ်ချို့ကို ရရှိသွားနိုင်ပါတယ်။ ဒီရက်ဖို့စ် ကို ပစ်မှတ်ထားလာနိုင်တဲ့ အသင်းတွေထဲမှာ ဘာယန်မြူးနစ် အသင်းကိုလည်း ထည့်သွင်းစဥ်းစားထားရမှာပဲဖြစ်ပါတယ်။ နီကို ဝီလျံကို ခေါ်ယူချင်ခဲ့တဲ့ အသင်းတွေထဲမှာ ဘာစီလိုနာ အပြင် ဘာယန်မြူးနစ် အသင်းလည်း ပါဝင်တယ် ။ ဘာယန်မြူးနစ် အသင်းအနေနဲ့ကလည်း ဝီလျံ ကို ခေါ်ယူဖို့မဖြစ်နိုင်တော့တာကြောင့် ဈေးကွက်ထဲမှာ ခေါ်ယူဖို့အတွက် အဆင့်သင့်ဖြစ်နေတဲ့ မားကတ် ရက်ဖို့စ် ဘက်ကို ဦးတည်လာနိုင်ပါတယ်။

သေချာတာတစ်ခုက ဘာစီလိုနာ အသင်းနဲ့ ဘိုင်ယန် အသင်း တို့က ရက်ဖို့စ် ကို ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက စိတ်ဝင်စားခဲ့ပါတယ်။ ပစ်မှတ်ထားထားတယ် ဆိုတဲ့ စကားသံတွေက အလွယ်ထွက်လာတာ မဟုတ်ဘူးထင်တယ်။ဒီလို အခြေအနေ ဆိုရင် ယူနိုက်တက် က ထုတ်ရောင်းဖို့ ခက်နေတဲ့ ရက်ဖို့စ်က ပြန်ပြီး အသက်ဝင်လာပါပြီ။နှစ်သင်းစလုံးကလည်းဥရောပဝင်ခွင့်ရထားတဲ့အသင်းကြီး တွေဆိုတော့ ရက်ဖို့စ် အတွက်တော့ ပိုအဆင်ပြေသွားတာပေါ့ ။ ဒီတစ်ကြိမ်မှာလည်း ဘာစီ နဲ့ ဘာယန် အသင်းတို့ရဲ့ ရက်ဖို့စ် လုပွဲကြီးကို နောက်တစ်ကြိမ်တွေ့မြင်ရအုံးမလားဆိုတာတော့စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။ နီကို ဝီလျံ ရဲ့ သက်တမ်းတိုးစာချုပ်ချုပ် ဆိုနိုင်ခြင်းကြောင့် အစောပိုင်းအချိန်တုန်းက အပြောင်းအရွှေ့ဖြစ်ဖို့ ခက်ခဲနေတဲ့ ရက်ဖို့စ် ရဲ့ အပြောင်းအရွှေ့ကလည်း တစ်ဖန် ပြန်လည်ဖြစ်လာနိုင်တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#marcusrashford

#barcelona

#bayernmunchen

#manchesterunited

#stricker

Leave a reply