ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံး စကာတင် ကစားသမား ၈ ယောက်

ပရီးမီးယားလိဂ် ဘောလုံးရာသီ တစ်ရာသီပြီးတော့မယ်ဆိုရင် တစ်ရာသီလုံးမှာ အကောင်းဆုံးပုံစံတွေနဲ့ အသင်းကို ဆွဲတင်ပေးခဲ့တဲ့ လူငယ်ကစားသမားတွေ ၊ နည်းပြတွေ ၊ အသင်းရဲ့ ဝါရင့် ကစားသမားတွေကို ချီးမြှင့်တဲ့ ဆု ၃ ခုရှိပါတယ်။ အဲ့တာတွေကတော့ တစ်နှစ်တာ အကောင်းဆုံး လူငယ်ကစားသမားဆု ၊ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု နဲ့ တစ်နှစ်တာ အကောင်းဆုံး နည်ပြဆုတို့ပဲဖြစ်ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ၂၀၂၄-၂၅ ဘောလုံးရာသီရဲ့ တစ်နှစ်တာ အကောင်းဆုံး စကာတင် ကစားသမာ ၈ ယောက်အကြောင်းပဲဖြစ်ပါတယ် ။ ဒီစကာတင် ၈ ယောက်စာရင်းထဲမှာ နော်တင်ဟမ် ဖောရက် အသင်းက ကစားသမား ၂ ယောက်ပါဝင်လာခဲ့ပြီး လီပါပူး အသင်းက ၃ ယောက်တောင်ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ကျန်တဲ့ ကစားသမားတွေကတော့ အာဆင်နယ် အသင်းက ၁ ယောက် ၊ ဘရန်ဖို့စ် အသင်းက ၁ ယောက် နဲ့ နယူးကာဆယ် အသင်းက ကစားသမားတစ်ယောက်တို့ပါဝင်နေတာပဲဖြစ်ပါတယ် ။
နော်တင်ဟမ် အသင်းက မော်ဂန် ဂေ့စ်ဝိုက် နဲ့ ခရစ်ဝှစ် တို့ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီကစားသမားနှစ်ယောက် က နော်တင်ဟမ် ဖောရက် အသင်းရဲ့ မရှိမဖြစ် တဲ့ ကစားသမားတွေဖြစ်ကြပြီး ဒီနှစ်ဘောလုံးရာသီ နော်တင်ဟမ် ဖောရက် အသင်းရဲ့ အမြင့်ပျံသန်းရာ လမ်းကြောင်းတစ်လျောက်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ နယူးကာဆယ် အသင်းရဲ့ ကစားသမား အီဆက် ကလည်း ဒီစာရင်းမှာပါကို ပါဝင်ရမယ့်ကစားသမား တစ်ဦးဖြစ်ပါတယ်။ အီဆက် ရဲ့ အတောက်ပဆုံးနဲ့ အကောင်းဆုံးရာသီ တစ်ခုကို မြင်တွေ့ခဲ့ရပြီး နယူးကာဆယ် အသင်းကို သူ့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ပုခုံးထမ်းတင်ပေးသွားတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရမှာပဲဖြစ်ပါတယ် ။ ဒီဆုအတွက် အီဆက်ကလည်း ရေပန်းအစားဆုံး ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂရာဘင်ဗက် ကတော့ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာ အကောင်းဆုံး လူငယ် ကစားသမားဆုရော ၊ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရော နှစ်ခုလုံးမှာရွေးချယ်ခံထားရတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ ဂရာဘင်ဗက် က သူအသက်အရွယ်နဲ့ မလိုက်အောင် လီပါပူးလို့ အသင်းမျိုးမှာ deep-lying midfielder တစ်ယောက်အဖြစ် အကောင်းဆုံးအသုံးတော်ခံပြနိုင်ခဲ့သလို လီပါပူး အသင်းရဲ့ legend ကစားသမားတွေဖြစ်ကြတဲ့ ဆာလာ နဲ့ ဗန်ဒိုက်တို့ကလည်း ဒီစာရင်းမှာပါဝင်လာခဲ့ပါတယ် ။ ဒီကစားသမားတွေပါဝင်လာတာက ဘားမှမွေးခွန်းထုတ်စရာမရှိပါဘူး။
ဒီနှစ် ပရီးမီးယားလိဂ်ဖလားကို လီပါပူး အသင်းဆွတ်ခူးနိုင်တာက အဲ့ကစားသမားတွေရဲ့ အတွေ့အကြုံ ၊ အသင်းကို ထိန်းသိမ်း ဦးဆောင်နိုင်စွမ်း ၊ သူတို့ရဲ့ နိုင်လိုစိတ် ၊ သူတို့ရဲ့ ထမ်းတင်အားတွေကြောင့်သာ ဆုဖလားကို စိန်ခေါ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်တစ်ယောက်ကတော့ ဘရန်ဖို့စ် အသင်းရဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အမ်ဗျူမို ပဲဖြစ်ပါတယ်။ ဒီကစားသမားက တန်ပြန်တိုက်ဆင် ဆင်တဲ့ နေရာမှာ အလွန်လျင်မြန်ကောင်းမွန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ဘရန်ဖိုစ့် အသင်း ဒီလို ရပ်တည်နိုင်တာတွေက သူရဲ့ ကြိုးစားအားထုတ်မှု တွေ သူ့ရဲ့ သွင်းဂိုးတွေနဲ့ အများကြီး သက်နိုင်နေတာပဲဖြစ်ပါတယ် ။ နောက်ဆုံးတစ်ယောက်ကတော့ အာဆင်နယ် အသင်းရဲ့ မရှိမဖြစ်ကစားသမား ဒီကလန် ရိုက်ပဲဖြစ်ပါတယ်။ ဒီကလန်ရိုက် ကသူကဘယ်လိုကစားသမားမျိုးလဲ သူကဘယ်လောက်ကောင်းတဲ့ ကစားသမားလည်းဆိုတာ ဝက်ဟမ်း အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတွေမှာ အကြိမ်ကြိမ် သက်သေပြပြီးတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။ အာဆင်နယ် အသင်းကို ရောက်ရှိသွားတဲ့ အချိန်မှာလည်း သူရရှိခဲ့တဲ့ အတွေ့အကြုံတွေ နဲ့ သူရဲ့ ကြိုးစားအားထုပ်မှုတွေကို ပေါင်းစပ်ပြီး အင်မတန် တောက်ပပြနေတဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ် ။ ဒီဆုကို ဆာလတ် ရသွားမယ်လို့ ရေပန်းစားနေပေမယ့် ဘယ်ကစားသမား ရသွားမလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
ပရိတ်သတ်တွေရော ဘယ်ကစားသမားက ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားမယ်လို့ထင်လဲ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါအူံး။ ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#morgangibbswhite
#chriswood
#alexanderisak
#ryangravenberch
#mohamedsalah
#virgilvanijk
#bryanmbeumo
#declanrice
最新消息



