ကိုလ်းပါမားကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်နေတဲ့ ပီအက်ဂျီ အသင်း

လက်ရှိဘောလုံးလောကရဲ့ ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား နှစ်ယောက် က နေမာ နဲ့ အမ်ပါပေ ပါ ။ သူတို့နှစ်ယောက်လုံးကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ပီအက်ဂျီ အသင်းက မရမကခေါ်ယူထားခဲ့တာပဲဖြစ်ပါတယ်။ ပီအက်ဂျီ ဆိုတာအဲ့လို အသင်းပါပဲ ။ လိုချင်တဲ့ ကစားသမားကို ငွေပုံပေးပြီး အမြဲလိုလို မရမက ခေါ်ယူတက်တဲ့ အသင်းတစ်သင်းပဲဖြစ်ပါတယ် ။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ အဲ့လိုလုပ်တာမျိုးတွေကို သိပ်မတွေ့ရတော့ပဲ နည်းပြ လူးဝစ်အန်ဒရီကေး လို ကမ္ဘာ့အဆင့်နည်းပြကို ခန့်အပ်ပြီး အသင်းကို သေချာပြန်လည်တည်ဆောက်တယ် ။ အရင်လိုခြေစွမ်းကောင်းတိုင်း ၊ နာမည်ကြီးတိုင်း ပိုက်ဆံပုံပေးပြီး ခေါ်ယူတာမျိုးတွေ မဟုတ်တော့ပဲ အသင်းမှာ တကယ်လိုအပ်တဲ့ ကစားသမားတွေသာ ခေါ်ယူပြီး အသင်းကို စနစ်တကျတည်ဆောက်ခဲ့တယ် ။ အဲ့ဒီ အကျိုးဆက်တွေကြောင့် သူတို့အရမ်းလိုချင်နေတဲ့ ဥရောပအောင်မြင်မှု လဲရရှိခဲ့သလို လက်ရှိ ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးအသင်းတစ်သင်းအဖြစ်လည်း ရပ်တည်နိုင်ခဲ့တယ်။ အခုလက်ရှိမှာတော့ ပီအက်ဂျီ အသင်းက ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဥ်မှာ သူတို့ အသင်းကို ဒုက္ခကောင်းကောင်း ကြီးပေးသွားတဲ့ ကိုလ်းပါမား ကို ခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတာပဲဖြစ်ပါတယ်။
ပါးမား က မန်စီးတီး အသင်းကနေ ချယ်ဆီး အသင်းကို ရောက်ရှိလာပြီးတဲ့ အချိန်ကတည်းကနေ အခုချိန်ထိ အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ပြီး ချယ်ဆီး အသင်းကို ထမ်းတင်နေတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလား ဖိုင်နယ် ပွဲစဥ်မှာ လက်ရှိ ဥရောပ ချန်ပီယံ လဲဖြစ် လက်ရှိ ကမ္ဘာ့အကောင်းဆုံး အသင်းလည်းဖြစ်တဲ့ ပီအက်ဂျီ အသင်းက ပရီးမီးယားလိဂ် အသင်းတစ်သင်းဖြစ် ၊ အခုချိန်မှ ပြန်လည်တည်ဆောက်နေတဲ့ အသင်းတစ်သင်းဖြစ်တဲ့ ချယ်ဆီး အသင်း နဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် လူတိုင်းက ပီအက်ဂျီ အသင်းက ဒီဆုဖလားကြီးကို ဆွတ်ခူးသွားမယ်လို့ မျှော်လင့်ခဲ့ကြတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်ဂျီ အသင်း ရဲ့ တစ်ရာသီအတွင်း ဆုဖလား ၆ လုံးဆွတ်ခူးနိုင်မယ့် အခွင့်အရေးကို ချယ်ဆီး အသင်းကရပ်တန့်နိုင်ခဲ့ပါတယ်။ ဒီဖိုင်နယ် ပွဲစဥ်က အများထင်ထားသလိုတော့ ဖြစ်မလာခဲ့ပဲ ချယ်ဆီး အသင်းက ခြေစွမ်းအသာ ၊ ရလဒ်အသာ နဲ့ ပီအက်ဂျီ အသင်းကို အနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနိုင်ပွဲက ချယ်ဆီး အသင်းရဲ့ နည်းပြ ၊ ချယ်ဆီး အသင်းရဲ့ ကစားသမားတွေ အားလုံးရဲ့ ခြေစွမ်းကောင်းမွန်မှုကြောင့်လိုပဲပြောရမယ် ။
အဲ့ကစားသမားတွေထဲမှာမှ ပီအက်ဂျီ အသင်းကို ကောင်းကောင်းကြီး ဒုက္ခပေးသွားတဲ့ ကစားသမားကတော့ ပါးမားပဲဖြစ်ပါတယ်။ လက်ရှိကမ္ဘာ့အကောင်းဆုံး ဘယ်နောက်ခံကစား ဖြစ်တဲ့ နူနို မန်းဒက် က ကောင်းလှပါတယ်ဆိုတဲ့ ကစားသမားတိုင်းကို အိတ်ကပ်ထဲထည့်ထားနိုင်ခဲ့ပေမယ့် ကိုလ်းပါမား နဲ့ အတွေ့မှာတော့ ဒူးထောက်လက်မြှောက်ခဲ့ရတယ်။ ကိုလ်းပါမား က တစ်ပွဲလုံးမှာ ထူးရှယ်ခြေစွမ်းပြပြီး ၂ ဂိုးသွင်း ၁ ဂိုး ဖန်တီးနိုင်ခဲ့တယ်။ ပီအက်ဂျီ အသင်းကလည်း သူတို့အသင်းကို ကောင်းကောင်းကြီး ပညာပြသွားတဲ့ ကိုလ်းပါမား ကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့အတွက် ပြင်ဆင်နေတာပဲဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့က အမှန်တကယ် ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#colepalmer
#midfielder
#psg
#transferplayer
最新消息



