ဒီနှစ်ဘောလုံးရာသီထက်ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်မယ့် ၂၀၂၅-၂၆ ဘောလုံးရာသီ

Admin
1个月 前
Sport Articles
 ဒီနှစ်ဘောလုံးရာသီထက်ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်မယ့် ၂၀၂၅-၂၆ ဘောလုံးရာသီ

ဒီနှစ်ဘောလုံးရာသီက ဘောလုံးပရိတ်သတ်တွေ ကို ရင်ခုန်မှု ၊ စိတ်လှုပ်ရှားမှု ၊ ပြိုင်ဆိုင်မှု ပြင်းထန်မှု တွေနဲ့ ဘောလုံးရသ ကို အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ လိဂ်တိုင်းလိဂ်တိုင်း ၊ ပြိုင်ပွဲတိုင်းပြိုင်ပွဲတိုင်းက အင်မတန်ကြည့်လို့ကောင်းခဲ့ပြီး တော်တော်လေးကို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ကြတာပဲဖြစ်ပါတယ်။ အရင်နှစ် ဘောလုံးရာသီ တွေကလို ချန်ပီယံ အသင်း ၊ နောက်နှစ် ဘယ်အသင်းတွေက ချန်ပီယံလိဂ် ကန်ရမလဲ ၊ ဘယ်အသင်းတွေက ယူရိုပါလိဂ် ကန်ရမလဲ ၊ ဘယ်အသင်းက ကွန်းဖရင့်လိဂ် သွားကန်ရမလဲ ဆိုတာ သေသေချာချာ မသိရပဲ နောက်ဆုံးပွဲစဥ် အထိကို ပြိုင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။ အသင်းတိုင်း ရဲ့ ရမှတ် ကွာခြားချက်က အလွန်နည်းပါးပြီး အသင်းတိုင်းက ဥရောပ ဝင်ခွင့်တွေ အတွက် တိုက်ပွဲဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ နောက်ဆုံးပွဲစဥ် အထိ ဥရောပ ဝင်ခွင့်အတွက် တိုက်ပွဲဝင်ခဲ့တဲ့ အသင်းတွေ ရှိသလို ၊ အမှတ်ပေးဖလား အတွက်လည်း နောက်ဆုံးချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတဲ့ အသင်းတွေလည်းရှိပါတယ်။


အလယ်အလတ်တန်းစား အသင်းတွေကလည်း အသင်းကြီးတိုင်းကို ကောင်းကောင်း ယှဥ်ကန်နိုင်သလို ၊ အသင်းငယ်တွေကလည်း အသင်းကြီး နဲ့ အလယ်အလတ်တန်းစား အသင်းတွေကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်တာပဲဖြစ်ပါတယ်။ အသင်းတိုင်းက ပိုမိုတောင့်တင်းလာ သလို ပိုမိုကောင်းလာတာကိုလည်း လက်ခံရမှာပဲဖြစ်ပါတယ်။ ဒါတောင် ဒီနှစ်ဘောလုံးရာသီမှာ အသင်းကြီးတော်တော်များများ က အဆင်မပြေဖြစ်ခဲ့ကြတာကိုတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ မန်စီးတီး တို့လို မန်ချက်စတာယူနိုက်တက်တို့လို ရီးရဲလ်မက်ဒရစ်လို အသင်းတွေက ဒီရာသီ အဆင်မပြေဖြစ်ခဲ့ကြပေမယ့် နောက်ရာသီမှာ ဆုဖလားတိုင်းကို စိန်ခေါ်နိုင်ဖို့အတွက် ပြင်ဆင်မှုပေါင်းများစွာကိုပြုလုပ်နေတာပဲဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီ ကုန်ဆုံးပြီးတဲ့ အချိန်ထဲက အသင်းတိုင်းက ကစားသမား အပြောင်းအရွှေ့အတွက် ဈေးကွက်ထဲမှာ လျင်လျင်မြန်မြန်လှုပ်ရှားခဲ့ကြတာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာ အကောင်းဆုံးစွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တဲ့ အသင်းတွေကလည်း သူတို့ရဲ့ လူစာရင်း အင်အားကို ပိုမိုတောင့်တင်းအောင် ပြောင်းရွှေ့ကြေးအမြောက်အများ သုံးနေတာကိုလည်း တွေ့နေရတာပဲဖြစ်ပါတယ်။ ဒီနှစ် ဘောလုံးရာသီမှာတောင် ဒီလောက်ကြည့်လို့ကောင်းပြီး ဘောလုံးရသ အပြည့်အဝ ပေးနိုင်ခဲ့တာ ဒီလို ပြင်ဆင်မှု ၊ ကစားသမား အင်အားဖြည့်တင်းမှု ပေါင်းများစွာကို ပြုလုပ်နေမယ်ဆိုရင် နောက်နှစ်ဘောလုံးရာသီက ဘယ်လောက်တောင် ပြိုင်ဆိုင်မှု ပြင်းထန်လိမ့်မလဲ ။


ကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲကလည်း အရင်နှစ်တွေနဲ့ မတူပဲ ပြိုင်ပွဲပုံစံကို ပြောင်းလဲခဲ့တာကြောင့် ဥရောပ အသင်းကြီးတော်တော်များများ ထိပ်တိုက်တွေ့ဆုံမယ့် ပွဲကြီးပွဲကောင်းတွေကိုလည်း ကြည့်ရှုရအုံးမှာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတောင် ဒီလောက် ပြိုင်ဆိုင်မှုပြင်းထန်နေတာ ၂၀၂၅-၂၆ ဘောလုံးရာသီမှာဆို ဘောလုံးပရိတ်သတ်တွေအတွက် ဘယ်လောက်တောင် ကြည့်ကောင်းတဲ့ ရာသီတစ်ခုဖြစ်မလဲဆိုတာ တွေးကြည့်ရင်း အလွန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။အခုတင်ဆက်ပေးသွားတာကတော့ ဒီနှစ်ဘောလုံးရာသီထက် ပိုကြည့်ကောင်း ၊ ပိုပြီး ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီ အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#premierleague

#football

#europe
#championsleague

#conferenceleague

#europaleague

Leave a reply