နောက်နှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းများ

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် က အတော်လေးကို ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းတိုင်းက ဥရောပ ဝင်ခွင့်နေရာတွေ အတွက် နောက်ဆုံးအချိန်ထိ ရေကုန်ရေခမ်း တိုက်ပွဲဝင်ခဲ့ကြပြီး ဘောလုံးပရိတ်သတ်တွေကို မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ဘောလုံးရသ အပြည့်အဝ ပေးစွမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ အသင်းတိုင်နီးပါးကလည်း နောက်နှစ်ဘောလုံးရာသီမှ အကောင်းဆုံးပုံစံတွေ ၊ အကောင်းဆုံးကစားကွက်တွေ ၊ အတောင့်တင်းဆုံး စုဖွဲ့မှုတွေနဲ့ ဆုဖလားစိန်ခေါ်နိုင်ဖို့အတွက် ဒီနှစ်ဘောလုံးရာသီ ပြီးဆုံးတဲ့အချိန်ထဲက အပြောင်းအရွှေ့ဈေးကွက်မှာ စတင်လှုပ်ရှားခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့တာကြောင့်ပဲ ပရီးမီးယားလိဂ် ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် စောင့်ကြည့်ချင်စရာ အကောင်းဆုံး အသင်းတွေရှိပါတယ် ။ အဲ့ထဲမှာ စောင့်ကြည့်ချင်စရာ အကောင်းဆုံးက လီပါပူး အသင်းဖြစ်ပါတယ်။ နည်းပြအသစ် အာနေးစလော့ရဲ့ ပထမဆုံး ရာသီမှာပဲ အကောင်းဆုံးပုံစံတွေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကို သိမ်းပိုက်နိုင်ခဲ့တဲ့ လီပါပူး အသင်းအနေနဲ့ကလည်း သူတို့ရဲ့ အကောင်းဆုံးပုံစံတွေကို ဆက်လက်ထိန်းသိမ်းထားပြီး နောက်ထပ်ဆုဖလားတွေကို ဆက်လက်စိန်ခေါ်နိုင်ဖို့အတွက် ဖရင်ပေါင် တို့လို ဖလော်ရမ် ယစ်ဇ် တို့လို ကစားသမားကောင်းတွေ အသင်းမှာ ထပ်ပေါင်းအားဖြည့်ထားခဲ့တာပဲဖြစ်ပါတယ်။ အရင်လူစာရင်းနဲ့တောင် အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့တဲ့ လီပါပူး အသင်းအနေနဲ့ အကောင်းဆုံးလူငယ် ကစားသမားတွေနဲ့ ပေါင်းစပ်လိုက်တာကို စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
နောက်တစ်သင်းကတော့ ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းပေါ့ ။ မန်စီးတီး အသင်းက ဒီနှစ်ဘောလုံးရာသီမှာ အတော်လေးကို အဆင်မပြေဖြစ်ခဲ့ပြီး အဓိက ကစားသမားတွေရဲ့ အသက်အရွယ်ကြီးလာမှု ၊ ခြေစွမ်းကျဆင်းသွားမှု တွေကြောင့် ဘယ်ဆုဖလားမှကို မသိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ မန်စီးတီး အသင်းကလည်း အကောင်းဆုံး ကစားသမား ၃ ယောက်လောက်ကို ထပ်မံခေါ်ယူခဲ့ပြီး အသင်းကို အကောင်းဆုံး ပြန်လည်တည်ဆောက်နေတာပဲဖြစ်ပါတယ်။ ဂွာဒီယိုလာ လို နည်းပြလက်ထဲကို အရည်သွေးမြင့် ကစားသမားတွေ ထပ်မံပေါင်းထည့်လိုက်တာက ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်မလဲ ။ မန်စီးတီး အသင်းကလည်း နောက်ရာသီမှာ စောင့်ကြည့်ရမှာ အသင်းတစ်သင်းပဲဖြစ်ပါတယ်။ နောက်ပြီး လန်ဒန် အသင်းတွေဖြစ်ကြတဲ့ အာဆင်နယ် နဲ့ ချယ်ဆီး အသင်းတို့ကလည်း လူခေါ်ယူမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာပဲဖြစ်ပါတယ်။ နည်းပြ အာတီတာ ကလည်း အာဆင်နယ် အသင်းကို ကိုင်တွယ်တာအချိန်တစ်ခုကို ရောက်နေပြီ ။ အသင်းရဲ့ကစားသမားတွေကလည်း အာတီတာ သွားချင်တဲ့ ကစားကွက်တွေကို ထိုက်သင့်သလောက် နားလည်သဘောပေါက်နေပြီ ။ပရီးမီးယားလိဂ် အမှတ်ပေးဖလားကိုလဲ ကပ်လွဲနေတာ အတော်ကြာပြီ၊ ဒီလိုအသင်းက ကစားသမား အားဖြည့်မှုတွေနဲ့အတူ သူတို့ ကပ်လွဲခဲ့တဲ့ ဆုဖလားကိုရော နောက်ရာသီမှာ သိမ်းပိုက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းကတော့ ပရီးမီးယားလိဂ် ရဲ့ အသက်အငယ်ဆုံး အသင်းတစ်သင်းလည်းဖြစ်သလို လူစာရင်း အင်အားကလည်းတော်တော်လေးကို တောင့်တင်းပါတယ် ။ ဒီရာသီ သူတို့သတ်မှတ်ထားတဲ့ ချန်ပီယံလိဂ် ကိုလည်း ဝင်ခွင့်ရရှိခဲ့အပြင် ကွန်းဖရင့်လိဂ် ဖလားကိုလည်း သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။
အရည်အသွေးမြင့် လူငယ်ကစားသမားပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့ ချယ်ဆီးအသင်းက ကစားသမား ခေါ်ယူမှုတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေပြီး အသင်းရဲ့ အားနည်းနေတဲ့ နေရာ အချို့ကို အကောင်းဆုံး ပြန်လည်ဖြည့်ဆည်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ထပ်တစ်သင်းကတော့ မန်ချက်စတာယူနိုက်တက် အသင်းပဲဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းက အဆိုးဝါးဆုံးရာသီ တစ်ခုကို ဖြတ်ကျော်ခဲ့ရတယ်လို့ဆိုပေမယ့် သူတို့ရဲ့ အလားအလာ နဲ့ အရည်အချင်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ နည်းပြအာမိုရင်ကို နောက်နှစ် ဘောလုံးရာသီမစခင်မှာပဲ ခူညာ တို့လို အမ်ဗူမို တို့ကို ကစားသမားတွေ မရမက လိုက်ခေါ်ယူပေးပြီး အသင်းကို အကောင်းဆုံးပြုပြင်နေတာပဲဖြစ်ပါတယ်။ ပရီးမီးယားလိဂ်အသင်းတော်တော်များများက ကစားသမား အင်အားဖြည့်ဆည်းမှုတွေကိုလုပ်သင့်သလောက်လုပ်နေတာကြောင့် နောက်နှစ်ဘောလုံးရာသီက ပိုမိုကြည့်ကောင်းတဲ့ ဘောလုံးရာသီ တစ်ခုဖြစ်လာမှာပါ ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#premierleague
#liverpool
#manchestercity
#manchesterunited
#chelsea
#arsenal
最新消息



