Mbeumo ကိုခေါ်ယူပြီးနောက် ကွင်းလယ် နဲ့ တိုက်စစ်ကို ပြင်ဆင်အုံးမယ် မန်ချက်စတာယူနိုက်တက်

Ma Nyein
8小时 前
Sport Articles
Mbeumo ကိုခေါ်ယူပြီးနောက် ကွင်းလယ် နဲ့ တိုက်စစ်ကို ပြင်ဆင်အုံးမယ် မန်ချက်စတာယူနိုက်တက်

မန်ချက်စတာ ယူနိုက်တက် အသင်းအနေနဲ့ သူတို့ရဲ့ အဓိက ပစ်မှတ်ဖြစ်တဲ့ ဘရန်ဖို့စ် တိုက်စစ်ကစားသမား အမ်ဗူမို ကို နောက်ဆုံးမှာတော့ အရခေါ်ယူနိုင်ခဲ့ပါပြီ ။ အမ်ဗူမို အတွက် အချိန်တော်တော်လေးပေးခဲ့ရပြီး ပရိတ်သတ်တွေရဲ့ ဝေဖန်တာကိုလည်း တော်တော်လေးခံခဲ့ရပါတယ် ။ အသင်းမှာ လိုအပ်ချက်တွေ ၊ ပြောင်းလဲပြင်ဆင်မှုတွေ ၊ ထုတ်ရောင်းရမယ့် ကစားသမားတွေ ပုံနေရတဲ့ ကြားထဲကမှ ဒီကိစ္စတွေ အားလုံးကို အပြီးမသတ်နိုင်ပဲ အမ်ဗူမို တစ်ယောက်ထဲ အတွက် တစ်လကျော် လောက်ကို အချိန်ပေးခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ တိုက်စစ် အားသန်ကစား သမားတွေဖြစ်ကြတဲ့ ခူညာ နဲ့ အမ်ဗူမို ကို ခေါ်ယူပြီးတဲ့ အချိန်မှာတော့ သူတို့အတွက် ပြင်ဆင်ဖို့အတွက် သုံးနေရာလောက်ပဲ ကျန်တော့တယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ တိုက်စစ်မှူး ၊ ကွင်းလယ် နဲ့ ဂိုးသမားနေရာအတွက် ဖြည့်ဆည်းဖို့လိုအပ်သေးတယ် ။

ဂိုးသမားနေရာအတွက် အက်စတွန်ဗီလာ အသင်းရဲ့ ဂိုးသမား မာတီးနက် ကို ခေါ်ယူချင်ပေမယ့် အိုနားနား ရဲ့ အပြောင်းအရွှေ့ကြောင့် ဖြစ်မလာဖို့များတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ကွင်းလယ်နေရာအတွက် ဂျူဗင်ဒက် အသင်းကရောင်းချဖို့ အတွက် စီစဥ်နေတဲ့ ဒေါက်လကပ်လူးဝစ် ကို အငှားပုံစံမျိုး နဲ့ ခေါ်ယူချင်နေတဲ့ အပြင် မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ပစ်မှတ်တွေထဲမှာ ဘရာဇီး ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ပါးမီးယက် အသင်းရဲ့ ကစားသမား ရီချက်ရိ အပြင် အက်တလန်တာ အသင်းရဲ့ ကစားသမား အီဒါဆန် ကလည်းပါဝင်နေတယ် ။ ရီချက်ရိ က ရိုးမား အသင်းနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် နှစ်ဖက် အသင်းကြား ပြောင်းရွှေ့ကြေး ကိစ္စမှာ အဆင်မပြေဖြစ်နေတယ် ။ အီဒါဆန် ရဲ့ ပြောင်းရွှေ့ကြေးကလည်း ပေါင် သန်း ၆၀ လောက်အထိ ရှိတာကြောင့် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ခေါ်ယူပါ့မလားဆိုတာကတော့ စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ အဲ့တာအပြင် မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ တိုက်စစ်မှူး နေရာအတွက်လည်း ခေါ်ယူမှု တစ်ခုကိုပြုလုပ်သွားဖို့ရှိသေးတယ် ။ ဒါပေမယ့် အဓိကပြဿနာ က ဟွိုက်လန်းပဲ ။ စီရီးအေး ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အေစီမီလန် အသင်းက ဟွိုက်လန်းကို ခေါ်ယူချင်နေပေမယ့် ကစားသမားက အသင်းကနေ မထွက်ခွာချင်ဘူး ။

ဟွိုက်လန်း ထွက်ခွာသွားရင် တိုက်စစ်မှူး အသစ် တစ်ယောက်မဖြစ်မနေရောက်ရှိလာမှာဖြစ်သလို ၊ ဒီတိုင်းလဲ တိုက်စစ်မှူး တစ်ယောက် ရောက်ရင်ရောက်လာနိုင်တယ် ။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ချယ်ဆီး အသင်းရဲ့ တိုက်စစ်မှူး နီကိုလပ် ဂျက်ဆင် ကိုလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ဖူးပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ သူတို့ရဲ့ ကာလရှည်ပစ်မှတ် အမ်ဗူမို ကို ခေါ်ယူပြီးတဲ့ အချိန်မှာတော့ ကွင်းလယ် နဲ့ တိုက်စစ်မှူးနေရာတွေ အတွက် ကစားသမား အသစ်ခေါ်ယူဖို့ ထပ်မံ စီစဥ်နေတာပဲဖြစ်ပါတယ် ။ ဘယ်ကစားသမားတွေထပ်ရောက်လာမလဲဆိုတာကတော့စောင့်ကြည့်ရအုံးမှာပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်‌ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#premierleague

#manchesterunited

#bryanmbeumo

#midfielder

#rasmushojlund

#striker

Leave a reply