စပါး နဲ့ ဆွန်ဟောင်မင် ဇာတ်သိမ်းတော့မှာလား

Admin
1个月 前
Sport Articles
စပါး နဲ့ ဆွန်ဟောင်မင် ဇာတ်သိမ်းတော့မှာလား

ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ် အသင်းကြီးတွေထဲမှာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ တော်တင်ဟမ် စပါးအသင်းတို့အတွက် အတော်လေးကို ခက်ခဲတဲ့ ရာသီတစ်ခုဖြစ်ခဲ့တယ်။ အသင်းရဲ့ ကစားသမားတိုင်းရဲ့ စွမ်းဆောင်ရည် က အားရစရာမရှိအောင် ကျဆင်းနေတဲ့ အပြင် အသင်းရဲ့ အဓိက အားထားရတဲ့ ကစားသမားတွေရဲ့ ဒဏ်ရာပြဿနာတွေကလည်း အသင်းကို အတော်လေးရိုက်ခက်စေခဲ့ပါတယ်။ ဒီနှစ်သင်းလုံးက ရာသီကုန်တဲ့ အချိန် ပရီးမီးယားလိဂ် အမှတ်ပေးဇယားရပ်တည်မှုအဖြစ် တန်းဆင်းဇုန် အထက်ပိုင်းတွေမှာ ရှိခဲ့ကြတာပဲဖြစ်ပါတယ်။ ထူးဆန်းတာက ဒီအသင်းနှစ်သင်းက ပရီးမီးယားလိဂ်မှာ ရလဒ်မကောင်းပေမယ့် ယူရိုပါလိဂ် ဖိုင်နယ်ကိုတော့ နှစ်သင်းလုံးတက်လှမ်းနိုင်ခဲ့တယ်။ နောက်ဆုံးမှာတော့ စပါးအသင်းက သူတို့ရဲ့ ၁၇ နှစ်ကြာဝေးကွာနေတဲ့ ဆုဖလားအောင်မြင်မှုကို ယူရိုပါလိဂ်ဖလားကြီးနဲ့ အဆုံးသတ်ခဲ့သလို မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ကလည်း အဆိုးဝါးဆုံးသော ဘောလုံးရာသီ တစ်ခုကို ကျော်ဖြတ်ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့နောက် စပါးအသင်းက တော်တော်လေးကို ထူးဆန်းတဲ့ ကိစ္စတစ်ခုကို ကြေညာခဲ့ပါတယ်။


အဲ့တာကတော့ စပါးအသင်းရဲ့ ဆုဖလားဝေးကွားမှုကို အဆုံးသတ်ပေးခဲ့တဲ့ နည်းပြကြီး ပိုစေလိုဂလူးကို နည်းပြရာထူးကနေထုပ်ပယ်ခဲ့ကြတာပဲဖြစ်ပါတယ်။ အဲ့လို ပိုစေလိုဂလူး ထုပ်ပယ်ခံခြင်းရတဲ့ အကျိုးဆက် အနေနဲ့ စပါးအသင်းကစားသမားတော်တော်များများကလည်းအသင်းကနေထွက်ခွာချင်နေကြတာပဲဖြစ်ပါတယ်။ အဲ့ကစားသမားတွေထဲမှာ စပါး အသင်းအတွက် အချိန်အတော်ကြာ အကောင်းဆုံးပေးဆပ်ကစားပေးခဲ့တဲ့ အသင်းခေါင်းဆောင်ကြီး ဆွန်ဟောင်မင်လည်းပါဝင်နေတာပဲဖြစ်ပါတယ်။ စပါး အသင်းကစားသမား တော်တော်များများက ယူရိုပါလိဂ်ဖလားကြီးကို ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြကြီး ပိုစေလိုဂလူးကို အသင်းကထုပ်ပယ်ခဲ့ကြတာကြောင့် မကျေမနပ်ဖြစ်နေကြတာပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင် ဆိုတာကလည်း စပါးအသင်းအတွက် အချိန်တော်တော်ကြာပေးဆပ်ကစားခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ် ၊ အသင်းရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အတွက် စပါးအသင်းက ဆွန်ဟောင်မင်ကို စာချုပ်သက်တမ်းဆက်လက်တိုးချင်နေတာပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင်ရဲ့ စာချုပ်သက်တမ်းကလည်း ၁ နှစ်သာကျန်တော့တာဖြစ်ပြီး ဆွန်ဟောင်မင်ကို ဆော်ဒီကလပ် အသင်းတော်တော်များများ ကခေါ်ယူဖို့အတွက် စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ် ။

စပါး အသင်းအနေနဲ့ကတော့ ဆွန်ဟောင်မင် ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ အကောင်းဆုံး ကြိုးစားနေပြီး မြောက်များတဲ့ အပြောင်းအရွှေ့တစ်ခုနဲ့ ကမ်းလှမ်းခဲ့ပါကလည်း ရောင်းချသွားနိုင်ဖွယ်ရှိနေပါတယ်။ တကယ်ပဲ ဥရောပ ဘောလုံးရပ်ဝန်းမှာ တောက်ပပြခဲ့တဲ့ ကစားသမားတစ်ယောက်ကအသင်းခေါင်းဆောင်လက်ပတ်ကြီးပက်ကာ အသင်း ရဲ့ ၁၇ နှစ်ကြာ ဆုဖလားဝေးကွာနေမှုကြီးကို အဆုံးသတ်ပေးပြီးတဲ့ အချိန်မှာတော့ အသင်းကနေ တကယ်ပဲထွက်ခွာသွားတော့မှာလား ။ တော်တင်ဟမ် စပါး အသင်းနဲ့ ဆွန်ဟောင်မင် တို့ရဲ့ ဇာတ်လမ်းက ဇာတ်သိမ်းတော့မှာလား ။ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#tottenhamhotspur

#sonheungmin

#leftwinger

#angepostecoglou

#premierleague

Leave a reply