နှစ်ရာသီမှာ ၉၇ ဂိုးအထိ သွင်းယူထားနိုင်တဲ့ ယော့ကရက်စ် ကို ဘယ်အသင်းကခေါ်ယူသွားမလဲ

အခုလက်ရှိ ဥရောပ အသင်းကြီးတော်တော်များများ ရဲ့ ပစ်မှတ်စာရင်းထဲမှာ ပါဝင်နေတဲ့ တိုက်စစ်မှူး တစ်ယောက် ရှိပါတယ်။ အဲ့ဒီ တိုက်စစ်မှူးကတော့ စပို့တင်း အသင်းရဲ့ ကစားသမား ယော့ကရက်စ် ပဲဖြစ်ပါတယ်။ ယော့ကရက် က ဒီနောက်ပိုင်းနှစ်တွေမှာ စပို့တင်း အသင်းနဲ့ အတူ အကောင်းဆုံး ထွန်းတောက်လာခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ စပို့တင်း အသင်းရဲ့ တိုက်စစ်ကို အဓိက ဦးဆောင်နေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး စပို့တင်း အသင်းအတွက် တစ်ပွဲကို ပျှမ်မျှတစ်ဂိုးနှုန်း နဲ့ ဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ဒီလို ကစားသမား မျိုးက ဥရောပ အသင်းကြီးတိုင်းရဲ့ ပစ်မှတ်ကစားသမား တစ်ဦးဖြစ်နေတာ ဆန်းတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ ယော့ကရက်စ် က တိုးအားရှိတယ် ။ ပွဲစဥ် တစ်ခုလုံးကို မမောနိုင်မပန်းနိုင်နဲ့ ရုန်းနိုင်တယ်၊ အဆုံး သတ်သေချာတယ် ။ ဘယ် အသင်းမှာ မဆို လွယ်လွယ်နိုင် အသားကျသွားမယ့် ကစားပုံ တစ်ခုကို ယော့ကရက် ကပိုင်ဆိုင်ထားတယ်။
၂၀၂၃-၂၄ ဘောလုံးရာသီမှာ ယော့ကရက် က စပို့တင်း အသင်းအတွက် စုစုပေါင်း ပွဲ ၅၀ ကစားခဲ့ပြီး ၄၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၄ ဂိုးအထိ ဖန်တီး နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း စုစုပေါင်း ၅၂ ပွဲ အထိ ကစားထားပြီး ၅၄ ဂိုးအထိ သွင်းယူကာ ၁၂ ကြိမ် ဖန်တီးထားနိုင်တာပဲဖြစ်ပါတယ်။ ၅၂ ပွဲမှာ ၅၄ လုံး သွင်းနိုင်တယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး ။ ယော့ကရက် က စပို့တင်း အသင်းအတွက် တစ်ပွဲပျှမ်းမျှ တစ်ဂိုးနှုန်း သွင်းယူပေးထားနိုင်တာပဲဖြစ်ပါတယ်။ အသက် ၂၆ နှစ် နဲ့ ၅၂ ပွဲမှာ ၅၄ လုံးသွင်းနိုင်တဲ့ တိုက်စစ်မှူးမျိုးကို ဥရောပမှာ နောက်တစ်ယောက်ရှာဖို့ဆိုတာ မလွယ်ကူပါဘူး။ ယော့ကရက် က စပို့တင်း အသင်းမှာ ၂ ရာသီကြာ ကစားခဲ့ပြီး စုစုပေါင်း သွင်းဂိုး အနေနဲ့ ၉၇ ဂိုးအထိ သွင်းယူထားနိုင်တာပဲဖြစ်ပါတယ်။ စပို့တင်း အသင်းမှာ ကစားခဲ့တဲ့ နှစ် ရာသီလုံးမှာ ပေါ်တီဂူ လိဂ်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ၂ ကြိမ်လုံး သိမ်းပိုက်နိုင်ခဲ့သလို ပေါ်တူဂီ အမှတ်ပေးဖလားကိုလည်း ၂ ကြိမ်တိုင်တိုင် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒီလို ဂိုးတွေကို ထမင်းစားရေသောက် သွင်းပြနေတဲ့ Quality တိုက်စစ်မှူးမျိုးကို ပြောင်းရွှေ့ကြေး ပေါင်း ၆၅ သန်းထဲနဲ့ ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ အရန်ကစားသမားတွေ နဲ့ ဂိုးသမား တစ်ယောက် အတွက်တောင် ပေါင် သန်းချီ သုံးနေတဲ့ ဒီလိုခေတ်ကြီးထဲမှာ ယော့ကရက် လို Quality တိုက်စစ်မှူးမျိုးကို ပေါင် ၆၅ သန်းထဲနဲ့ ခေါ်ယူနိုင်တယ်ဆိုတာ အလကားပေးလိုက်သလိုပါပဲ ။
ပရီးမီးယားလိဂ် ရဲ့ အသင်းကြီးတော်တော်များများ က တိုက်စစ်မှူးနေရာ အတွက် ခေါင်းခဲနေရတာပဲဖြစ်ပါတယ်။ ချယ်ဆီး ၊ အာဆင်နယ် တို့က တိုက်စစ်မှုးကောင်းကောင်း တစ်ယောက်မရှိတဲ့ ပြသာနာကို ဒီနှစ်ဘောလုံးရာသီ တစ်ခုလုံး ရင်ဆိုင်ခဲ့ရသလို အာနေးစလော့ ရင် လီပါပူး အသင်းကလည်း တောင်ပံကစားသမားတွေ ဂိုးသွင်းယူနိုင်လို့သာ ခံသာနေတာဖြစ်ပါတယ်။ လီပါပူး အသင်းရဲ့ တိုက်စစ် ကစားသမား ဒါဝင် နူနပ်ကလည်း အပြည့်အဝ ယုံကြည်စိတ်ချရတဲ့ တိုက်စစ်မှူးတော့ မဟုတ်ပါဘူး။ အဲ့တာကြောင့် ယော့ကရက် ကို ပရီးမီးယားလိဂ် ကလပ် အသင်းကြီး တော်တော်များများ က စိတ်ဝင်စားနေကြတာပဲဖြစ်ပါတယ်။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ နောက်ရာသီ မှာ ယော့ကရက် က ဘယ်အသင်းရဲ့ ကစားသမားဖြစ်သွာမလဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#viktorgyokeres
#sportingcp
#striker
#premierleague
最新消息



