အပြောင်းအရွှေ့သမိုင်း မှာ ၄ ယောက်မြောက် တန်ကြေးအများဆုံး ကစားသမား ဖြစ်လာခဲ့တဲ့ ဂျာအို ဖီးလစ်

ဂျာအို ဖီးလစ် က အသက်အရွယ် ငယ်ငယ်လေး နဲ့ အရည်အချင်းကောင်းတွေ အပြင် အလားအလာကောင်းတွေ အများကြီး ကို ပိုင်ဆိုင်ထားတဲ့ ကစားသမားပဲဖြစ်ပါတယ် ။ ဘင်ဖီကာ အသင်းမှာထဲ က အကောင်းဆုံးခြေစွမ်းတွေကို ပြသနိုင်ခဲ့တာကြောင့် ဥရောပ အသင်းကြီး တော်တော်များများ ရဲ့ မျက်စိကျခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ် ။ ၂၀၁၉ ခုနှစ်တုန်းက ဘင်ဖီကာ အသင်းမှာ အထူးခြေစွမ်းပြကာ Golden Boy ဆုကို ရရှိပြီး နောက်ပိုင်း ဂျာအို ဖီးလစ် တစ်ယောက် ဥရောပ ဘောလုံးဇာတ်ခုံပေါ်မှာ နောက်ထပ် ကြီးကြီးမားမားဆိုလို့ ဘာမှကို မလုပ်ပြနိုင်တော့တာပါဘူး ။ ဘင်ဖီကာ အသင်းမှာ ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့် စပိန် ကလပ် အသင်းတစ်သင်းဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် အသင်းက စံချိန်တင်ပြောင်းရွှေ့ကြေး ၁၂၇ သန်းလောက်နဲ့ ခေါ်ယူခဲ့တယ် ။ ဆီမြွန်နီ လို ခံစစ် ကို ကျစ်ကျစ်လစ်လစ် နဲ့ ကစားတက် တဲ့ နည်းပြတစ်ယောက်ရဲ့ လက်အောက်မှာ ဘောလုံးကို လှလှပပ နဲ့ တစ်ကိုယ်တော် အလှပြ ကစားတက်တဲ့ ဂျာအို ဖီးလစ် တစ်ယောက် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး ။
ဆီမြွန်နီ လို လုပ်အားနှုန်းကောင်းကောင်း ၊ မာမာထန်ထန် နဲ့ ပြန်လည်တုန့်ပြန် ကစားတက်တဲ့ အသင်းတစ်သင်းမှာ ဂျာအိုဖီးလစ် အတွက် နေရာတစ်နေရာ မရှိခဲ့ပါဘူး ။ အက်တလက်တီကို အသင်းမှာ ၄ နှစ်လောက် အချိန်ဖြုန်းသလို ဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့ ချဲလ်ဆီး ၊ ဘာစီလိုနာ စတဲ့ အသင်းတွေမှာ အငှားသွားရောက် ကစားခဲ့ပေမယ့် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကိုတော့ ပြန်ရရှိဖို့ ရုန်းကန်နေရဆဲပဲဖြစ်ပါတယ် ။ အဲ့နောက် အက်သလက်တီကို မက်ဒရစ် အသင်းကို ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ထုံစံအတိုင်း ဆီမြွန်နီ ရဲ့ အသင်းမှာ ဂျာအို ဖီးလစ် အတွက် နေရာတစ်နေရာ မရှိသလို အသင်း ပရိတ်သတ်တွေရဲ့ ဝေဖန်ခြင်းကိုလည်း ဂျာအို ဖီးလစ် တစ်ယောက် တော်တော်လေးကိုခံခဲ့ရပါတယ် ။ အဲ့နောက်တော့ ဂျာအို ဖီးလစ် က သူအငှား သွားရောက်ကစားခဲ့ဖူးတဲ့ ချဲလ်ဆီး အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၅၂ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ် ။ အန်ဇို မာရက်စကာ လို တိုက်စစ်အားသန်း နည်းပြတစ်ယောက်ရဲ့ လက်အောက်မှာ ဂျာအို ဖီးလစ် လို တိုက်စစ်လမ်းကြောင်းဖွင့်တဲ့နေရာမှာ သိပ်ကို ထူးချွန်တဲ့ ကစားသမား အနေနဲ့ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြန်လည် ရရှိနိုင်မယ်လို့ ထင်ထားခဲ့ပေမယ့် ဂျာအို ဖီးလစ် က အန်ဇို မာရက်စကာ ရဲ့ စိတ်ကြိုက်ကစားသမား တစ်ယောက်မဖြစ်ခဲ့ပါဘူး ။ အဲ့တာကြောင့် ရာသီဝက် အေစီမီလန် အသင်းကို အငှားသွားရောက်ကစားခဲ့ပြီး ရာသီကုန် အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ အချိန်မှာတော့ အရောင်းစာရင်းတင်ခံလိုက်ရတာပဲဖြစ်ပါတယ် ။
အခုချိန်မှာတော့ အသက် ၂၅ နှစ်အရွယ်သာ ရှိသေးတဲ့ ဂျာအို ဖီးလစ် တစ်ယောက် ဆော်ဒီကလပ် အယ်နာဆာ အသင်းကို ပြောင်းရွှေ့ကြေး + အပိုဆုကြေးအပါအဝင် ပေါင်သန်း ၅၀ နဲ့ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ် ။ အသက် ၂၅ နှစ်ဆိုတာ ကစားသမား တစ်ယောက်အတွက် အကောင်းဆုံးအသက်အရွယ်တစ်ခုဖြစ်ပေမယ့် ဂျာအို ဖီးလစ် ကတော့ ဥရောပ ဘောလုံးရပ်ဝန်းကို စွန့်ခွာသွားခဲ့ပြီဖြစ်ပါတယ် ။ ဂျာအို ဖီးလစ် က အသက် ၂၅ နှစ်အရွယ်သာရှိသေးပေမယ့် အပြောင်းအရွှေ့ဈေးကွက်မှာ သူ့အတွက် ပြောင်းရွှေ့ကြေး စုစုပေါင်း သန်း ၂၄၀ လောက်အထိကို သုံးထားခဲ့ရပြီးပြီဖြစ်ပါတယ် ။ ဒီသန်း ၂၄၀ ဆိုတဲ့ ပြောင်းရွှေ့ကြေးက ဘောလုံးသမိုင်းတစ်လျောက် အပြောင်းအရွှေ့သမိုင်း မှာ ၄ ယောက်မြောက် တန်ကြေးအများဆုံး ကစားသမား ဖြစ်လာခဲ့တာပဲဖြစ်ပါတယ် ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#alnassr
#joaofelix
#striker
#diegosimeone
#saudiproleague
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )