သွင်းဂိုးတွေအများကြီးမျှော်လင့်လိုရတဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်အစုအဖွဲ့

Published 3w ago
Article
သွင်းဂိုးတွေအများကြီးမျှော်လင့်လိုရတဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်အစုအဖွဲ့

ချဲလ်ဆီးအသင်း က မနှစ်ကဘောလုံးရာသီတုန်းက ဆိုရင် တိုက်စစ်ပိုင်း ပြဿနာတွေ ကို တော်တော်လေးကို ဆိုးဆိုးဝါးဝါး ခံစားခဲ့ရတယ် ။ တိုက်စစ်မှူးတွေ ဒဏ်ရာပြဿနာ ကြုံတွေ့တာတွေ ၊ တောင်ပံ ကစားသမားတွေ နဲ့ တိုက်စစ်မှူးတွေ အချိတ်အဆက် မမိတာတွေ ၊ တစ်ကိုယ်‌ကောင်းဆန်တာတွေ ၊ အန်ကူကူ လို စိတ်ကောက်ပြီး စိတ်ပါလက်ပါ မကစားတာတွေ အပြင် အသင်းရဲ့ အဓိက တိုက်စစ်မှူးဖြစ်တဲ့ ဂျက်ဆင် ရဲ့ အခွင့်အရေးဖြုန်းတီးမှုတွေ‌ကြောင့် ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်းက ထင်ထားသလောက် အလုပ်မဖြစ်ခဲ့ပါဘူး ။ ကွင်းလယ်ကစားသမားတွေ အခွင့်အရေးဖန်တီး ပေးနိုင်သလောက် တိုက်စစ်ပိုင်းက ကောင်းကောင်းမွန်မွန် အသုံးမချနိုင်ပဲ ဂိုးအဖြစ်‌ပြောင်းလဲနိုင်စွမ်းက တော်တော်လေးကို နည်းပါးပါတယ် ။ ဒါပေမယ့် ချဲလ်ဆီးအသင်းက ဒီအပြောင်းအ‌ရွှေ့ကာလမှာ အသင်းရဲ့ ခံစစ် နဲ့ ဂိုးသမား နေရာအတွက် ပြောင်းလဲပြင်ဆင် ဖို့လိုအပ်နေပေမယ့် တိုက်စစ်ပိုင်း အတွက်သာ ပြောင်းလဲပြင်ဆင်မှုတွေ ၊ ကစားသမားခေါ်ယူမှုတွေကို အာရုံစိုက်ခဲ့တာပဲဖြစ်ပါတယ် ။

ချဲလ်ဆီး အသင်းက ဒီအပြောင်းအရွှေ့ကာလမှာ ဂျေမီ ဂစ်တန် ၊ ဂျာအို ပက်ဒရို ၊ ဒီလပ် ၊ အက်စတာဗို ဝီလျံ စတဲ့ အရည်အသွေးမြင့် တိုက်စစ်အားသန် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီး အသင်းရဲ့ တိုက်စစ်ကို တော်‌တော်လေးပြောင်းလဲပြင်ဆင်ထားတာပဲဖြစ်ပါတယ် ။ မယုံနိုင်စရာကောင်းအောင် အသင်းက အသစ်ခေါ်ယူထားတဲ့ ကစားသမားတိုင်းက အသင်းနဲ့ လျှင်လျှင်မြန်မြန် ပဲ အသားကျခဲ့ပြီး အန်ဇိုမာရက်စကာ ရဲ့ ကစားကွက် နဲ့ တော်တော်‌လေးကို အံဝင်နေတာပဲဖြစ်ပါတယ် ။ ပရီးမီးယားလိဂ် ပြိုင်ပွဲတွေမစခင် ချစ်ကြည်ရေး ပွဲစဥ်အဖြစ် ကစားတဲ့ 2 ပွဲစလုံးမှာ ချဲလ်ဆီး အသင်းအနေနဲ့ ပြတ်ပြတ်သားသား အနိုင်ယူနိုင်ခဲ့သလို ကစားသမား အသစ်တွေကိုလည်း တော်တော်လေး ကစားချိန်ပေးနိုင်ခဲ့ပါတယ် ။ ကစားသမား အသစ်တွေက တော်တော်လေးကို ခြေစွမ်းပြနိုင်ခဲ့သလို သွင်းဂိုး‌တွေ ၊ ဂိုးဖန်တီးမှုတွေလည်း ရရှိခဲ့တယ်။ ဂျာအိုပက်ဒရို က 5 ပွဲကစားပြီးတဲ့ အချိန် 5 ဂိုးအထိ သွင်းနိုင်ခဲ့သလို သူက ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ကို ဦးဆောာင်မယ့် ကစားသမားဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သလို ၊ ဒီလပ် အနေနဲ့ကလည်း သွင်းဂိုး သုံးဂိုးအထိ သွင်းပြထားပြီး ဂျာအိုပက်ဒရို မရှိရင်တောင် ဒီလပ် က အသင်းရဲ့ တိုက်စစ်ကို ကောင်းကောင်းကြီး ဦးဆောင်နိုင်ပါတယ် ။

တောင်ပံ ကစားသမားတွေဆီကနေလည်း အရင်ထက်ပိုပြီးတော့ ဖြတ်တင်ဘောာတွေ ၊ ဖန်တီးမှုတွေ ၊ သွင်းဂိုးတွေ ပိုမို မျှော်လင့်နိုင်ပါတယ် ။ အရင်ကချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ပိုင်းနဲ့ လုံးဝမတူပဲ လျင်မြန် တဲ့ ချိတ်ဆက်မှုတွေ ၊ ကန်သွင်းမှုတွေ ၊ နားလည်မှု ရှိရှိ နဲ့ထိုးဖောက်မှုတွေကို ကောင်းကောင်းကြီး မြင်တွေ့ခဲ့ရပြီး မနှစ်ကဘောလုံးရာသီထက် လာမယ့်ရာသီမှာ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်က ဂိုးတွေကို ပိုမိုမျှော်လင့်လာနိုင်တယ်လို့ပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရ‌စေ ။ အဆုံးထိ ဝင်‌ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ် ။


#mmmedia

#chelsea

#attacking

#premierleague

#football

Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...