ချယ်ဆီး အသင်းရဲ့ ဂျိုကာ ကစားသမား ( သို့ ) ကူကူရယ်လာ

ချယ်ဆီး အသင်း မနှစ်ကဘောလုံးရာသီမှာ သူတို့သတ်မှတ်ထားတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ နဲ့ ကွန်ဖရင့်လိဂ် ဖလား ကြီးကို အရယူနိုင်ခဲ့တယ်ဆိုတာ အသင်းကို အမြဲတမ်း ကယ်တင်နေတဲ့ အသင်းရဲ့ ထောက်တိုင် ကစားသမား အချို့ကြောင့်ပဲဖြစ်ပါတယ် ။ ချယ်ဆီး အသင်း အမှန်တကယ် အားကိုးရတဲ့ ထောက်တိုင် ကစားသမားတွေထဲမှာ စပိန် ဘယ်နောက်ခံ ကစားသမား ကူကူရယ်လာ က ထိပ်ဆုံးကနေပါဝင်နေတာပဲဖြစ်ပါတယ်။ စပိန် အသင်း နဲ့ အတူ ယူရို ပြိုင်ပွဲမှာကတည်းက အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ ကူကူရယ်လာ က ယူရိုဖလားကြီး ကိုင်မြှောက်ပြီးကတည်း က ယုံကြည်မှု အတော်လေးမြင့်မားပြီး တစ်နေ့ထက်တစ်နေ့လည်း ခြေစွမ်းပိုမိုကောင်းမွန်လာခဲ့တာကို သိသိသာသာ ကြီး မြင်တွေ့နေခဲ့ရပါတယ်။ ကူကူရယ်လာ က တစ်ပွဲလုံးကို မမောနိုင်မပန်းနိုင် တစ်ကွင်းလုံး ပြေးလွှားကစားနိုင်ပြီး တိုက်စစ် နဲ့ ခံစစ် မျှတအောင်လည်း ကစားနိုင်ပါတယ်။
ခံစစ်ပိုင်း ကစားတဲ့ ပုံစံမှာ ဘားမှ အပြစ်ပြောစရာမရှိအောင် ကောင်းမွန်တဲ့ အပြင် တိုက်စစ်ပိုင်းကို လိုက်ကူတဲ့အပိုင်းမှာလည်း ဒီနောက်ပိုင်း တော်တော်လေးကို တိုးတက်လာခဲ့ပါတယ်။ ချယ်ဆီး နည်းပြ အန်ဇို မာရက်စကာ ရဲ့ အဓိက အားထားရတဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ အပြင် သူစိတ်ကြိုက် နည်းစနစ်ပြောင်းလဲ အသုံးပြုတဲ့ အချိန်မှာလည်း ကူကူရယ်လာတစ်ယောက် ကျရာနေရာမှာ အကောင်းဆုံးဖြစ်အောင် အမြဲလိုလို ကစားပြနေတာပဲဖြစ်ပါတယ်။အစပိုင်းမှာ ဘယ်နောက်ခံနေရာ ကနေ ကွင်းလယ် အထိ HB ပုံစံမျိုး ကစားရတဲ့ အချိန်မှာလည်း မထင်ထားလောက်အောင်ကောင်းတဲ့ အပြင် အသင်းတိုက်စစ်ဆင်နေတဲ့ အချိန်တွေမှာ ဆိုရင် NO 10 နေရာအထိ ဝင်ရောက်ကစားခဲ့ပြီး ဂိုးတွေလည်း အလျင်းသင့်ရင် သင့်သလို သွင်းပြနေတာပဲဖြစ်ပါတယ် ၊ ဟိုနေ့က ကစားခဲ့တဲ့ ဘင်ဖီကာ နဲ့ ပွဲစဥ်မှာဆိုရင် ချယ်ဆီး နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ ကစားကွက် အပြောင်းအလဲ တစ်ခုကို ချပြခဲ့ပါတယ်။ ကူကူရယ်လာ အနေနဲ့ အရင်ဘယ်နောက်ခံ နေရာကနေ ကွင်းလယ် ကို HB ပုံစံ နဲ့ ဝင်ဆော့ ရတဲ့ ပုံစံမျိုးမဟုတ်တော့ပဲ ကွင်းလယ်ဘယ်ခြမ်း ကစားသမား တစ်ယောက်အဖြစ် ကစားခဲ့ရတာပဲဖြစ်ပါတယ်။ အရင်လောက် ခံစစ်ကို လိုက်ပါကူစရာမလိုတော့ပဲ ဘယ်ခြမ်းမှာကစားနေတဲ့ ကိုလ်းပါမား နဲ့ အကောင်းဆုံးတွဲဖက် ကစားပြီး ဘင်ဖီကာ အသင်းရဲ့ ညာခြမ်းခံစစ်ကို အကြိမ်ကြိမ် ဒုက္ခပေးနိုင်ခဲ့ပါတယ်။ ချယ်ဆီး အသင်း ရဲ့ ဘယ်တောင်ပံ တစ်လျောက် ကူကူရယ်လာရဲ့ လုပ်ကွက် တွေကြီးပါပဲ ။ အပိုင်အခွင့်အရေး တွေလည်း တော်တော်များများ ရရှိခဲ့ပြီး ဘင်ဖီကာ အသင်းရဲ့ ဂိုးသမား လက်စွမ်းပြ ကာကွယ်နေတာကြောင့်သာ ကူကူရယ်လာ အနေနဲ့ သွင်းဂိုးမရရှိခဲ့တာပဲဖြစ်ပါတယ်။
အရင်က အမေ့ခံကစားသမား တစ်ဦးဖြစ်ခဲ့ပေမယ့် စပိန် အသင်းနဲ့ အတူ ယူရို ဖလားကိုင်မြှောက်ပြီးတဲ့ အချိန်ကတည်းက ယုံကြည်မှု မြင့်တက်ပြီး နတ်ရေကန် ထဲ ခုန်ဆင်းခဲ့သလား အောင့်မေ့ရအောင် သိသိသာသာကြီး တိုးတက်လာတဲ့ ကူကူရယ်လာ က ချယ်ဆီး အသင်းမှာလည်း အစွမ်းကုန်တောက်ပပြနေတာပဲဖြစ်ပါတယ်။ အဲ့တာအပြင် ချယ်ဆီး အသင်း နည်းပြ အန်ဇိုမာရက်စကာရဲ့ ကစာပုံ အပြောင်းအလဲတိုင်းမှာလည်း အကောင်းဆုံးလိုက်ပါစီးမျော နိုင်သလို ဘယ်နေရာ ၊ ဘယ် position ဖြစ်ဖြစ် သူအရင်ကပဲ အဲ့နေရာတွေမှာ ကစားခဲ့ဖူးတဲ့ ပုံစံအတိုင်း အကောင်းဆုံး’ခြေစွမ်းပြ ကစားနေတာပဲဖြစ်ပါတယ်။ ဒီလို နေရာစုံမှာ အကောင်းဆုံးကစားပြနေတာကြောင့် ကူကူရယ်လာ က ချယ်ဆီး အသင်းအတွက် ဂျိုကာ တစ်ယောက်ဖြစ်နေပါပြီ ။ အသင်းတစ်သင်းမှာ ကူကူရယ်လာ ကို ကစားသမားကလိုကိုလိုအပ်ပါတယ်။ ချယ်ဆီး အသင်းအနေနဲ့ ကူကူရယ်လာလို ဂျိုကာ ကစားသမားတစ်ယောက်ကိုပိုင်ဆိုင်ထားတာက သိပ်ကိုကံကောင်းတဲ့ အချက်တစ်ချက်ဖြစ်ကြောင်းပြောရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#cucurella
#leftback
#championsleague
#conferencleague
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )