ခံစစ်ပြဿနာ ကို ကောင်းကောင်းကြီးရင်ဆိုင်နေရတဲ့ ချဲလ်ဆီး အသင်း

ချဲလ်ဆီး အသင်းအနေနဲ့ နွေရာသီ အပြောင်းအရွှေ့ကာလမှာ အသင်းအတွက် ကစားသမားအသစ် ခေါ်ယူမှုပေါင်းများစွာကို ပြုလုပ်နိုင်ခဲ့တယ် ။ ဒါပေမယ့် ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေအနေနဲ့ တိုက်စစ်ပိုင်းကိုသာ အဓိက ဦးစားပေး ပြောင်းလဲပြင်ဆင်ခဲ့ကြတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းက မနှစ်ကဘောလုံးရာသီလောက်ထဲက ခံစစ်ပြဿနာကို ရင်ဆိုင်ခဲ့ရပြီး အမှတ်မဆုံးရှုံးသင့်တဲ့ ပွဲတွေမှာ အမှတ်တွေဆုံးရှုံး နဲ့ တော်တော်လေးကိုတိုင်ပတ်ခဲ့တာပါ ။ ဒါပေမယ့် ရာသီကုန်ခါနီးပွဲစဥ်တွေမှာ လီဗိုင်း ကိုလ်ဝဲ နဲ့ ချာလိုဘာ တို့ရဲ့ ခံစစ်က တိုးတက်ကောင်းမွန်လာခဲ့ပြီး တဖြည်းဖြည်း နဲ့ အသားကျလာခဲ့ပါတယ် ။အဲ့တာကြောင့် ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေ အနေနဲ့ တဖြည်းဖြည်း နဲ့ တိုးတက်ကောင်းမွန်လာတဲ့ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ခံစစ် အစုအဖွဲ့ နဲ့သာ လာမယ့်ရာသီကို ဆက်လက်ယှဥ်ပြိုင်ဖို့စီစဥ်ခဲ့ကြတာပဲဖြစ်ပါတယ် ။
ဒါပေမယ့် ဘောလုံးရာသီမစခင် လီဗိုင်းကိုလ်ဝဲ အနေနဲ့ ACL ရရှိခဲ့ပြီး ဘောလုံးရာသီ တစ်ဝက်လောက်ကို အနားယူရမှာဖြစ်တာကြောင့် ချဲလ်ဆီး အသင်းရဲ့ နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ အသင်းတာဝန်ရှိသူတွေကို ဗဟို ခံစစ် ကစားသမား တစ်ယောက် ခေါ်ယူပေးဖို့အတွက် ၃ ကြိမ်တိုင်တိုင်တောင်းဆိုခဲ့တာပဲဖြစ်ပါတယ် ။ လီဗိုင်း ကိုလ်ဝဲ က ချဲလ်ဆီး အသင်းဗဟို ခံစစ် ကစားသမားတွေထဲမှာ အကောင်းဆုံး နဲ့ အသင်းအတွက် အားကိုးအရဆုံး ကစားသမားတစ်ဦးဖြစ်တာကြောင့် အန်ဇိုမာရက်စကာရဲ့ တောင်းဆိုမှုကို ချယ်ဆီး ချဲလ်ဆီး အသင်းတာဝန်ရှိသူတွေအနေနဲ့ လိုက်လျောပေးသင့်ပေမယ့် ဗဟိုခံစစ်တစ်ယောက် အားဖြည့်မှုကို မပြုလုပ်ခဲ့ပါဘူး ။ လက်ရှိ ချဲလ်ဆီး အသင်းရဲ့ ဗဟိုခံစစ်က မှာဖိုဖာနာ ၊ ဘက်တီရာရှီး တို့လို ဒဏ်ရာခနခနရရှိနေတဲ့ကစားသမားတွေအပြင် အာချဥ်ပေါင်တို့လို အချိန်တစ်ခုပေးဖို့လိုအပ်နေသေးတဲ့ ကစားသမားနဲ့ နည်းပြစိတ်ကြိုက်ကစားသမားမဟုတ်တဲ့ ဒီဆာဆီလို ကစားသမားတွေသာရှိပါတယ် ။ တိုဆင် က အရမ်းလေးကန်ပြီး အမှားများတက်တဲ့ ကစားသမားတစ်ဦးဖြစ်ပေမယ့် သူ့ကိုထည့်ကစားလို့ မရတဲ့ အခြေအနေတစ်ခုနဲ့ အန်ဇိုမာရက်စကာ ရင်ဆိုင်နေရတာပဲဖြစ်ပါတယ် ။ တိုဆင်ရဲ့ လေးကန်မှုကြောင့် ချဲလ်ဆီး အသင်းရဲ့ ခံစစ်ကတော်တော်လေးကို အားနည်းသွားခဲ့ပါတယ် ။
ပြိုင်ဘက်အသင်းတော်တော်များများ က ချဲလ်ဆီး အသင်းခံစစ်ရဲ့ အားနည်းချက်ကို ကောင်းကောင်းကြီးနားလည်ပြီး ဒီအားနည်းချက်ကို ပဲ ကောင်းကောင်းကြီး အသုံးချနေခဲ့ကြပါတယ် ။ ချဲလ်ဆီး အသင်း အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဖူဟမ် ၊ ဘရန်ဖို့ ၊ ဘိုင်ယန်မြူးနစ် ၃ပွဲစလုံးမှာ တိုဆင်ရဲ့ အားနည်းချက်ကြောင့် ပုံစံတူ ၃ ဂိုးအထိပေးခဲ့ရတာပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းအနေနဲ့ နောက်ထပ် ပြိုင်ပွဲစုံပွဲကြပ်တွေတော်တော်များများကို ရင်ဆိုင်ရအုံးမှာဖြစ်တာကြောင့် လက်ရှိ ချဲလ်ဆီး အသင်းကောင်းကောင်းကြီး ရင်ဆိုင်နေရတဲ့ ဗဟိုခံစစ်ပြဿနာကို ဖြေရှင်းနိုင်ဖို့အတွက် လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ ဗဟိုခံစစ် ကစားသမား အသစ် တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့လိုအပ်နေတာပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#chelsea
#defensive
#levicolwill
#enzomaresca
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )