ချဲလ်ဆီးပရိတ်သတ်တွေ မျှော်လင့်ထားသလောက်ဖြစ်မလာခဲ့တဲ့ ဂျာအို ဖီးလစ်

ချဲလ်ဆီးပရိတ်သတ်တွေ မျှော်လင့်ထားသလောက်ဖြစ်မလာခဲ့တဲ့ ဂျာအို ဖီးလစ်
ဂျာအို ဖီးလစ် ဆိုတဲ့ ပေါ်တူဂီ ကစားသမားက ချဲလ်ဆီး အသင်းပရိတ်သတ်တော်တော်များများ ရဲ့ အချစ်တော်ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ် ။ အက်သလက်တီကို အသင်းကနေ ချဲလ်ဆီး အသင်းကို တစ်ရာသီ အငှားလာရောက် ကစားတဲ့ အချိန်ကတည်းက ချဲလ်ဆီးအသင်းပရိတ်သတ်တွေရဲ့ အားပေးထောက်ခံမှုကို ဂျာအိုဖီးလစ် တစ်ယောက် အပြည့်အဝ ရရှိခဲ့တယ် ။ ဂျာအို ဖီးလစ် အနေနဲ့လည်း ချဲလ်ဆီးအသင်းကို ပထမဆုံးတစ်ကြိမ် အငှားလာရောက်ကစားခဲ့တဲ့ အချိန်ကတည်းက အသင်းကို အလွန်ချစ်တဲ့ ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာ သတိထားမိတယ် ။ အငှားစာချုပ် သက်တမ်းပြည့်သွားတဲ အချိန်မှာလည်း အက်သလက်တီကို မက်ဒရစ် အသင်းကို ပြန်သွားခဲ့ပေမယ့် ချဲလ်ဆီး အသင်း ဂျာစီနဲ့ ဓာတ်ပုံကို သူ့ရဲ့ profile မှာ တင်ထားတုန်းပဲမဟုတ်လား ။ မကြာခဏဆိုသလို လည်း ချဲလ်ဆီး အသင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အမြဲလိုလို တင်လေ့ရှိတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ် ။
ဒီလို အသင်းကိုလဲချစ် ၊ အသင်းရဲ့ ပရိတ်သတ်တွေကလည်း ချစ်တဲ့ ဂျာအိုဖီးလစ် လို ကစားသမား မျိုးကို အပြီးသတ်ဝယ်ယူသင့်တယ် လို့ပရိတ်သတ် အချို့က ထောက်ပြလာခဲ့တယ် ။ သိပ်မကြာပါဘူး နောက်တော့ ချဲလ်ဆီး အသင်းက ဂျာအို ဖီးလစ် ကို အပြီးသတ်ဝယ်ယူခဲ့တယ် ။ အန်ဇိုမာရက် စကာလို တိုက်စစ် အားသန်နည်းပြတစ်ယောက်ရဲ့ လက်ထဲမှာ ဂျာအိုဖီးလစ်လိုတိုက်စစ် လမ်းကြောင်းတွေရှာဖွေရာမှာ သိပ်ကို ထူးချွန်တဲ့ ကစားသမား တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေကို ဆွတ်ခူးနိုင်မယ်လို့ ထင်ထားပေမယ့် လက်တွေ့မှာတော့ တစ်ခြားစီဖြစ်သွားခဲ့ရပါတယ် ။တကယ့်တော့ ဂျာအို ဖီးလစ် က ချဲလ်ဆီး အသင်းပရိတ်သတ်တွေ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ရတဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းကို ပထမ ဆုံး အကြိမ် အငှားလာရောက် ကစားတဲ့ အချိန် တုန်းကဆိုရင် ချဲလ်ဆီး အသင်းက တော်တော်လေးကို အခြေအနေဆိုးနေပြီး ရုန်းကန် နေရတာပဲဖြစ်ပါတယ်။
အဲ့ဒီအချိန် ချဲလ်ဆီး အသင်းကို အငှားနဲ့လာရောက်ကစား ဖြစ်ပေမယ့် သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေ နဲ့ အသင်းကို ထမ်းတင်ပေးနိုင်ခဲ့တာကြောင့် ဂျာအို ဖီးလစ် ကို အပြီးသတ် ဝယ်ယူပြီးတဲ့ အချိန်မှာတော့ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့ကြတာပဲဖြစ်ပါတယ် ။ဒါပေမယ့် ဂျာအို ဖီးလစ် က သူအားသန်တဲ့ တစ်ကိုယ်တော် အလှကွက်တွေ ၊ အန်ဇို မာရက်စကာ ရဲ့ နည်းစနစ် နဲ့ အံဝင်မှု မရှိတာတွေကြောင့် ချဲလ်ဆီး အသင်းမှာ ပွဲကစားချိန် များများစားစား မရရှိပဲ ရာသီဝက်မှာပဲ အေစီမီလန် အသင်းကို အငှားသွားရောက်ကစားခဲ့ရတယ်။ ရာသီကုန်တဲ့ အချိန်မှာတော့ ဂျာအို ဖီးလစ် က ချဲလ်ဆီးအသင်းရဲ့ အရောင်းစာရင်းတင်ထားတဲ့ ကစားသမားတွေထဲမှာ ပါဝင်လာခဲ့တယ် ။ နောက်ဆုံးမှာတော့ ဂျာအိုဖီးလစ် က ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်နာဆာ အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ် ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီး တင်ရှိပါတယ် ။
#mmmedia
#chelsea
#joaofelix
#atleticomadrid
#laliga
#midfielder
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )