နီကိုလပ် ဂျက်ဆင် ဘာတွေမှားခဲ့တာလဲ ?

Published 1mo ago
Article
နီကိုလပ် ဂျက်ဆင် ဘာတွေမှားခဲ့တာလဲ ?

အပြောင်းအရွှေ့ရာသီကုန်ခါနီးလေ နီကိုလပ် ဂျက်ဆင် အနေနဲ့ ချဲလ်ဆီး အသင်းကထွက်ခွာဖို့ ပိုမိုနီးစပ်လာလေလေပဲဖြစ်ပါတယ် ။ တစ်ချိန် က ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်အတွက် အရမ်းကို အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမယ့် အခုချိန်မှာတော့ ချဲလ်ဆီး အသင်းမှာ နီကိုလပ် ဂျက်ဆင် အတွက် နေရာတစ်နေရာ မရှိတော့ပါဘူး ။အဲ့တာကြောင့်လည်း နီကိုလပ် ဂျက်ဆင် အနေနဲ့ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမှီ ချဲလ်ဆီး အသင်းကနေ ထွက်ခွာခဲ့ရတာပဲဖြစ်ပါတယ် ။ နီကိုလပ် ဂျက်ဆင် က အဆုံးသတ်ပိုင်းတွေမှာ အားနည်းပေမယ့် တိုးအား ၊ ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်တဲ့ အပြင် Link up play ကစားတဲ့နေရာမှာလည်း သိပ်ကိုထူးချွန်တဲ့ ကစားသမား တစ်ယောက်ပဲဖြစ်ပါတယ် ။ ချဲလ်ဆီး အသင်းနည်းပြ အန်ဇိုမာရက်စကာ ရဲ့ စိတ်ကြိုက်ကစားသမား တစ်ဦးဖြစ်တဲ့ အပြင် အခွင့်အရေးတော်တော်များများကိုလည်း နီကိုလပ် ဂျက်ဆင် အနေနဲ့ ရရှိခဲ့ပါတယ် ။


ဒါပေမယ့် နီကိုလပ် ဂျက်ဆင် ရဲ့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ၊ အရေးကြုံနေတဲ့ အချိန်တွေမှာ မစဥ်းစား မဆင်ခြင်ပဲ အမှားတွေပြုလုပ်တက်တာတွေက နီကိုလပ် ဂျက်ဆင် နဲ့ ချဲလ်ဆီး အသင်းဝေးကွာရတဲ့ အဓိက အကြောင်းအရင်းပဲဖြစ်ပါတယ် ။ နီကိုလပ် ဂျက်ဆင် အနေနဲ့ မနှစ်ကဘောလုံးရာသီတုန်းက ချန်ပီယံလိဂ် ဝင်ခွင့်တစ်နေရာအတွက် အဓိကပြိုင်ဘက်ဖြစ်တဲ့ နယူးကာဆယ် အသင်းနဲ့ ပွဲစဥ်တုန်းကလို အမှားမျိုးကို ကလပ်ကမ္ဘာ့ဖလား ပွဲစဥ်မှာ နောက်တစ်ကြိမ် ထပ်ပြုလုပ်ခဲ့တာကြောင့် ချဲလ်ဆီး အသင်းရဲ့ နည်းပြ အန်ဇိုမာရက်စကာ အနေနဲ့ တော်တော်လေးကို စိတ်ပျက်သွားခဲ့ရတာပဲဖြစ်ပါတယ် ။ နီကိုလပ် ဂျက်ဆင် နဲ့ ချဲလ်ဆီး အသင်းတို့ ဝေးကွာရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်း တစ်ခုကတော့ ဒီရာသီမှ အသင်းကို ရောက်ရှိလာခဲ့တဲ့ ဒီလပ် နဲ့ ဂျာအို ပက်ဒရို တို့ နှစ်ယောက်လုံးက အချိန်တိုလေးအတွင်းမှာ အန်ဇိုမာရက်စကာ ရဲ့ ကစားကွက် နဲ့ လျင်လျင်မြန်မြန် အသားကျသွားတာကြောင့်လည်း ပါတယ် ။ ဂျာအို ပက်ဒရို အနေနဲ့ ချဲလ်ဆီး အသင်းရဲ့ တိုက်စစ်ကို ပိုမိုကောင်းမွန်အောင် စွမ်းဆောင်နိုင်တဲ့ အပြင် တောင်ပံ ကစားသမားတွေ နဲ့ ကွင်းလယ်တိုက်စစ် ကစားသမားတွေအတွက်ပါ နေရာအလွတ်တွေအများကြီး ရှာဖွေပေးနိုင်တယ် ။ ပြီးတော့ အဆုံးသတ်ပိုင်းမှာလည်း နီကိုလပ် ဂျက်ဆင်ထက် အများကြီး အားကောင်းတာကြောင့် ချဲလ်ဆီး အသင်းရဲ့ နံပတ်တစ် တိုက်စစ်မှူးက ဂျာအိုပက်ဒရိုဖြစ်လာခဲ့တယ် ။

ဒီလပ် ကလည်း အရန်တိုက်စစ်မှူး ဖြစ်တာကြောင့် ချဲလ်ဆီး အသင်းမှာ ဂျက်ဆင် ရဲ့ အနာဂတ်က မရှိသလောက်ဖြစ်သွားခဲ့တယ် ။ ဒါလိုတွေဖြစ်လာတာလည်း ဂျက်ဆင်ကြောင့်လို့ပဲပြောရမယ် ။ အသင်းအတွက် သိပ်ကို အရေးပါတဲ့ အချိန်မျိုးမှာ မလုပ်သင့်တဲ့ အမှားမျိုးကို တစ်ကြိမ် တောင်မဟုတ် ၂ ကြိမ်တိုင်တိုင် ကျူးလွန်ခဲ့တာကြောင့် နည်းပြ အန်ဇိုမာရက်စကာ ရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ် ။ သူ့ရဲ့ အဲ့ဒီ လုပ်ရပ်တွေကြောင့်ပဲ သူ့ကို ခေါ်ယူချင်နေတဲ့ ဥရောပ အသင်းကြီးတော်တော်များများ ကတောင် တဖြည်းဖြည်းနဲ့ နောက်ဆုတ်သွားခဲ့တာပဲဖြစ်ပါတယ် ။ နောက်ဆုံးမှာတော့ နီကိုလပ် ဂျက်ဆင် တစ်ယောက် ချဲလ်ဆီး အသင်းကနေထွက်ခွာပြီး ဂျာမန်မြေ ကို ခြေချသွားပြီပဲဖြစ်ပါတယ် ။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#chelsea

#nicolasjackson

#striker

#premierleague

#enzomaresca

Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...