ပြောင်းရွှေ့ကြေး အများဆုံး ဂိုးသမား ၅ယောက်

အခုနောက်ပိုင်း ကာလတွေမှာ ပရီးမီးယားလိဂ်နဲ့ ဥရောပလိဂ်တွေမှာ ကမ္ဘာ့ဘောလုံးဈေးကွက်ကတော်တော်လေးကြီးမားလာခဲ့တယ်။ဘောလုံးတစ်ရာသီ ပြီးတိုင်းပြီးတိုင်း အသင်းတိုင်းက သူတို့အသင်းကို နောက်ရာသီမှာ ပိုမိုကောင်းမွန်တဲ့ အသင်းတစ်သင်းဖြစ်စေရန်အတွက် ပြောင်းလဲပြင်ဆင်မှုအဖြစ် ကစားသမားသစ်ခေါ်ယူမှုတွေကို အမြဲလိုလို ပြုလုပ်လေ့ရှိပါတယ်။ မထင်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးနဲ့ အပြောင်းအရွှေ့ကိစ္စပြီးမြောက်သွားတဲ့ ပြောင်းရွှေ့မှုတွေရှိသလို ထင်ထားတဲ့ ပြောင်းရွှေ့ကြေးထက် ပိုမိုများပြားနေတဲ့ ပြောင်းရွှေ့မှုတွေလည်းရှိနေပါတယ်။ဒီနေ့တင်ဆက်ပေးသွားမှာကတော့ ကမ္ဘာ့ဘောလုံး လောကရဲ့ ပြောင်းရွှေ့ကြေးအများဆုံး ပေးချေခဲ့ရတဲ့ ဂိုးသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။
၁ . Kepa Arrizabalaga
2018 ခုနှစ်က ဘောလုံးသမိုင်းတစ်လျောက် ဂိုးသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအများဆုံး ဖြစ်စေမယ့် ကစားသမားတစ်ဦးကို ဘီဘာအို အသင်းထံကနေ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ချယ်ဆီး အသင်းက ဘီဘာအို အသင်းက ကီပါ ကို စံချိန်တင်ပြောင်းရွှေ့ကြေး ယူရို သန်း ၈၀ နဲ့ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီ ပြောင်းရွှေ့ကြေးက ယခုအချိန်ထိ ဘောလုံးသမိုင်းတစ်လျောက် ဂိုးသမားတွေအတွက် ပေးချေရတဲ့ အများဆုံးပြောင်းရွှေ့ကြေးပဲဖြစ်ပါတယ်။ ကီပါက ချယ်ဆီး အသင်းမှာ ထိုက်သင့်သလောက် လက်စွမ်းမျိုးကို ပြသနိုင်ခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ် ၊ ဘုန်းမောက် အသင်းတွေကို အငှားထွက်ရောက်ကစားခဲ့တာပဲဖြစ်ပါတယ်။
၂. Alisson Becker
လီပါပူး အသင်းရဲ့ အဓိကအားထားရတဲ့ ဂိုးသမားကြီး အလီဆန် က လည်း ဒီစာရင်းရဲ့ နံပတ် ၂ နေရာမှာ ပါဝင်လာခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်က ပြောင်းလဲပြင်ဆင်မှုတွေ များစွာပြုလုပ်နေတဲ့ ကလော့ရဲ့ လီပါပူး အသင်းက အသင်းမှာ အားနည်းချက်တွေရှိနေတဲ့ ဂိုးသမား နေရာအတွက် ရိုးမား အသင်းရဲ့ ဘရာဇီး ဂိုးသမား အလီဆန် ကို ပြောင်းရွှေ့ကြေး ယူရို ၆၂.၅ သန်းအပြင် အခြား Add on တွေအပါအဝင် ပြောင်းရွှေ့ကြေးများစွာဖြစ်ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။လီပါပူးအသင်းအတွက် အလီဆန်က ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိုးကို ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။
၃. Gianluigi Buffon
ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်တဲ့ ဂိုးသမား ကြီး ဘူဖွန်ကို ၂၀၀၁ ခုနှစ်မှာ ဂျူဗင်တက် အသင်းက ပါးမား အသင်းဆီကနေ ပြောင်းရွှေ့ကြေး ယူရို ၅၂ သန်းနဲ့ အရခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အဲ့ချိန်တုန်းက ဒီပြောင်းရွှေ့ကြေးက အင်မတန်များပြားတဲ့ ပြောင်းရွှေ့ကြေးတစ်ခုဖြစ်ပေမယ့် ဘူဖွန်ဆီက ရရှိခဲ့တဲ့ ကာကွယ်မှုတွေ ၊ အသင်းကို ဦးဆောင်နိုင်စွမ်းတွေနဲ့ ယှဥ်လိုက်ရင် ဒီများပြားလှတဲ့ပြောင်းရွှေ့ကြေးက ဘားမှ မပြောပလောက်တော့ပါဘူး။
၄. André Onana
၂၀၂၃ ခုနှစ် နည်းပြကြီး တန်ဟက် မန်ချက်စတာယူနိုက်တက် အသင်းကို ကိုင်တွယ်ခဲ့စဥ် အချိန်တုန်းက အသင်းရဲ့ ဂိုးသမား ဒီဂီယာက တန်ဟက်သွားချင်တဲ့ ပုံစံနဲ့ ကိုက်ညီမှုမရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ Build Up Play ကစားတဲ့ အချိန်မှာ ဒီဂီယာက Pressure ကို ကောင်းကောင်းမခံနိုင်တာကြောင့် ဘောလုံးကိုင်ပြီး သေချာမကစားနိုင်ခဲ့ပါဘူး။ ဒါကြောင့်ပဲ မန်ချက်စတာယူနိုက်တက် အသင်းက အင်တာမီလန် အသင်းရဲ့ sweeper keeper တစ်ယောက်ဖြစ်တဲ့ အန်ဒရီ အိုနားနားကို ပြောင်းရွှေ့ကြေး ၅၁ သန်းထိ အသုံးပြုကာ ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
၅. Ederson Moraes
အီဒါဆန် က လီပါပူး အသင်းရဲ့ ဂိုးသမား အလီဆန်လိုပဲ sweeper keeper ဂိုးသမားတစ်ဦးဖြစ်ပြီး ဂွာဒီယိုလာရဲ့ မန်စီးတီး အသင်း တည်ထောင်တဲ့နေရာမှာ အရေးပါဆုံးသော ကစားသမားတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ် ။ မန်စီတီး ကစားသမားဘဝ တစ်လျောက်လုံးမှာ ဂိုးဖန်တီးမှု အဖြစ် ၇ ကြိမ်တိုင်တိုင် ပြုလုပ်ထားနိုင်ခဲ့ပြီး ပရီးမီးယားလိဂ် သမိုင်းတစ်လျောက် ဂိုးဖန်တီးမှု အများဆုံး ဂိုးသမားတစ်ယောက်ပဲဖြစ်ပါတယ်။ အသင်းအတွက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ လက်စွမ်းမျိုးကိုလည်း ပြသနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဂိုးသမားတွေထဲကတစ်ယောက်ပဲဖြစ်ပါတယ်။
အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#kepaarrizabalaga
#alissonbecker
#gianluigibuffon
#andreonana
#edersonmoraes
#goalkeeper
LATEST NEWS




Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo