ဒဏ်ရာဟောင်းကို ပြန်လည်ကုသရအုံးမယ့် ကျော်မင်းဦး

ကျော်မင်းဦးဆိုတာကတော့ မြန်မာ့လက်ရွေးစင် အသင်းအတွက် အဓိက အားထားရတဲ့ ကွင်းလယ် အဖျက်ကစားသမား တစ်ဦးဖြစ်ပါတယ် ။ ကွင်းလယ် အဖျက်နေရာမှာ အကောင်းဆုံး ကစားနိုင်တဲ့ ကျော်မင်းဦးဟာ အသင်းက လိုအပ်ရင် လိုအပ်သလို ခံစစ်နေရာတွေမှာပါ ဖြည့်ဆည်းကစားပေးနိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ကွင်းလယ် ကို ကောင်းကောင်းထိန်းချုပ်ကစားနိုင်ပြီး ပွဲချိန်တစ်ချိန်လုံးကို လုပ်အားနှုန်းကောင်းကောင်းနဲ့ ကွင်းလယ်ကနေ ဘောလုံးတွေကို လိုက်ပါဖျက်ထုပ် နိုင်တဲ့ ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ မြန်မာ U 20 အသင်းနဲ့ အတူ တောက်ပလာခဲ့တဲ့ ကျော်မင်းဦးရဲ့ ကစားသမား ဘဝက အနိမ့်အမြင့်အတက်အကျ ပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတာပဲဖြစ်ပါတယ်။ ကျော်မင်းဦးက သူရရှိခဲ့တဲ့ ဒဏ်ရာပြသာနာကြောင့် ဘောလုံးကစားတာကနေ အနားယူတော့မယ်လို့ကြော်ငြာခဲ့ပေမယ့် သူ့ဘဝ အလှည့်အပြောင်းက တော်တော်လေးကိုထူးဆန်းခဲ့တာပဲဖြစ်ပါတယ်။
ဒဏ်ရာပြသာနာ ကနေ ပြန်လည်ကောင်းမွန်လာခဲ့ပြီး မြန်မာနေရှင်နယ်လိဂ် အသင်းကြီးတစ်သင်းဖြစ်တဲ့ ရန်ကုန်ယူနိုက်တက် အသင်းမှာ ကစားခဲ့ပြီး တကယ့်ကို ဘောလုံးအဆင့်အတန်းမြင့်မားပြီး အလွန်ကောင်းမွန်တဲ့ မလေးရှားကလပ်တွေမှာပါ ကစားခွင့်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ကျော်မင်းဦးက ကလပ် အသင်းအတွက်ရော နိုင်ငံလက်ရွေးစင် အသင်းအတွက်ပါ မရှိမဖြစ်ကစားသမား တစ်ဦးဖြစ်ပြီး ကလပ် အသင်းနဲ့ နိုင်ငံလက်ရွေးစင် အသင်းအတွက်ဆိုရင် ရရှိထားတဲ့ ဒဏ်ရာပြသာနာတွေကိုမေ့ထားပြီးတော့ ကစားသမားတစ်ယောက်အနေနဲ့ လုပ်ဆောင်နိုင်တာထက် ပိုမိုကောင်းမွန်အောင် စွမ်းဆောင်ပေးနေတာတွေက တကယ့်ကို ချီးကျူးရမှာပဲဖြစ်ပါတယ်။ ကျော်မင်းဦးက အရပ်အမောင်း ကောင်းကောင်းနဲ့ ဘောလုံးဖျက်ထုပ်မှုပေါင်းများစွာကို ပြုလုပ်နိုင်တဲ့ ကွင်းလယ် အဖျက်အားသန်ကစားသမား တစ်ဦးဖြစ်ပေမယ့် နည်းပြရဲ့ စိတ်တိုင်းကျနေရာတွေမှာပါ အကောင်းဆုံး ဖြည်ဆည်းကစားပေးနိုင်တာပဲဖြစ်ပါတယ်။ ကွင်းလယ် အဖျက်အားသန်တဲ့ ကစားသမား တစ်ယောက်ဖြစ်တာကြောင့် ကျော်မင်းဦးပါတဲ့ ကွင်းလယ်က အသင်းရဲ့ ခံစစ်ကို အများကြီး ပိုလုံခြုံစေတာပဲဖြစ်ပါတယ်။ ကျော်မင်းဦးက အခုချိန်မှာတော့ အရင်ဒဏ်ရာဟောင်းကအခြေအနေပြန်လည်ဆိုးဝါးလာတာကြောင့် နောက်ထပ် ခွဲစိတ်မှုတစ်ကြိမ် ထပ်မံပြုလုပ်သွားရမှာပဲဖြစ်ပါတယ်။
ကျော်မင်းဦး က မြန်မာလက်ရွေးစင် အသင်အတွက်လဲ အဓိကအားထားရမယ့် ကစားသမား တစ်ဦးဖြစ်တာကြောင့် အခုတစ်ကြိမ် ခွဲစိတ်မှုကိုတော့မြန်မာဘောလုံးအဖွဲ့ချုပ်ကတာဝန်ယူဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်။ ဒဏ်ရာပြသာနာတွေကနေ ကင်းဝေးပြီး အကောင်းဆုံး ခြေစွမ်းတွေနဲ့ ပြန်လာနိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ အဆုံးသတ်ပါရစေ။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီး တင်ရှိပါတယ်။
#mmmedia
#kyawminoo
#yangonunited
#myanmaru20
#injury
#football
LATEST NEWS



