အမ်ဘာပေ တစ်ယောက် ချန်ပီယံလိဂ်ဖလားနဲ့ ကံမဆပ်လေသလား

အမ်ဘာပေ ဆိုတာကတော့ ဘောလုံးလောကမှာ မက်စီ ၊ ရော်နယ်ဒို ပြီးရင် အအောင်မြင်ဆုံး ဘောလုံးသမား တစ်ယောက်ဖြစ်မယ်လို့ ဘောလုံးပရိတ်သတ်တွေရဲ့ မျှော်လင့်ခြင်းကို အပြည့်အဝ ရရှိထားတဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ မိုနာကို အသင်းမှာ ပြသခဲ့တဲ့ ကြောက်စရာ ခြေစွမ်းတွေကြောင့် ပြင်သစ် လိဂ်ဂူးဝမ်း ရဲ့ အကြီးကျယ် အခမ်းအနားဆုံး အသင်းတစ်သင်းဖြစ်တဲ့ ပီအက်ဂျီ အသင်း ရဲ့ တော်ကောက်ခြင်းကို ခံခဲ့ရတာပဲဖြစ်ပါတယ်။ အမ်ဘာပေ လို ကစားသမားကို ချန်ပီယံလိဂ် ဆုဖလား အများကြီး သိမ်းပိုက်ပြီး ကစားသမား တစ်ဦးရဲ့ တစ်ဦးတစ်ယောက်ချင်း ဆုတံဆိပ်တွေထဲမှာ အကြီးမားဆုံးဖြစ်တဲ့ ဘောလွန်းဒီအော ဆုကိုလည်း အကြိမ်ရေ အများကြီး ရရှိမယ်ဆို မျှော်လင့်ခဲ့ကြပေမယ့် အခု ဆိုရင် အမ်ဘာပေ က အသက် ၂၆ နှစ် ဖြစ်နေပါပြီ ။ ၁၉ နှစ်သားထဲက လူအများမျှော်လင့်ထားတဲ့ ဘောလွန်းဒီအော နဲ့ ချန်ပီယံလိဂ် ဆုတံဆိပ်တွေကိုတော့ အခုချိန်ထိ တစ်ကြိမ်တစ်ခါမှ မရရှိသေးတာပဲဖြစ်ပါတယ်။
အသက် ၂၆ နှစ် ဆိုတာ ဘောလုံးကစားသမား တစ်ယောက်ရဲ့ အတောက်ပဆုံး နဲ့ အကောင်းဆုံး အချိန်တစ်ခုလို့ ဆိုပေမယ့် အသက် ၁၉ နှစ်ထဲက အကောင်းဆုံးကစားသမားလို့ သတ်မှတ်ထားတဲ့ ကစားသမား တစ်ယောက်က ချန်ပီယံလိဂ် ရော ဘောလွန်းဒီအော ရော မရသေးတာတော့ နှမြောဖို့ကောင်းပါတယ်။ မျှော်လင့်ထားတဲ့ ဆုတံဆိပ်တွေ မပိုင်ဆိုင်ထားပေမယ့် အမ်ဘာပေ အသက် ၁၉ နှစ်တုန်း ကမိုနာကို အသင်းမှာ ထိန်းမနိုင်သိမ်းမနိုင် ပြသခဲ့တဲ့ ခြေစွမ်းတွေထက် သာတဲ့ ခြေစွမ်းတွေကိုတော့ အခုချိန်ထိ ဆက်လက်ထိန်းသိမ်းထားနိုင်တာပဲဖြစ်ပါတယ်။အစောကြီးထဲက ပါရမီ နဲ့ အလားအလာကောင်းတွေပိုင်ဆိုင် ထားတဲ့ ကစားသမား တစ်ယောက် အနေနဲ့ အခုလက်ရှိ ရှိပြီးသား အတွေ့အကြုံတွေနဲ့ ပေါင်းစပ်ပြီး အသင်းအသစ်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်မှာလည်း အကောင်းဆုံးခြေစွမ်းတွေကို ဆက်လက်ပြသနိုင်တုန်းပဲဖြစ်ပါတယ်။ အမ်ဘာပေ က သူ့ရဲ့ ကစားသမား ဘဝ အကောင်းဆုံး အချိန်တွေမှာ ငွေကြေးဘက်ကို လိုက်ခဲ့ပြီး ပီအက်ဂျီ အသင်းမှာပဲ အချိန်တွေတော်တော်လေးကို ကုန်ဆုံးခဲ့တာပဲဖြစ်ပါတယ်။ အစောပိုင်း အချိန်တွေထဲကသာ သူ့ရဲ့ အိမ်မက် အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွှေ့ခဲ့ရင် အခုချိန် အမ်ဘာပေ မှာ ဘောလွန်းဒီအော ဆု နဲ့ ချန်ပီယံ ဆုဖလားတွေကို ဝေဝေဆာဆာ တွေ့မြင်နေရလောက်ပါတယ်။
ဒါပေမယ့် အမ်ဘာပေ တစ်ယောက် အဲ့လို ဆုတံဆိပ်တွေလိုချင်လို့ ပီအက်ဂျီ အသင်းနဲ့ စာချုပ်ဆက်မချုပ်တော့ပဲ သူ့အိမ်မက် အသင်းလည်းဖြစ် ဥရောပ အအောင်မြင်ဆုံး အသင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်ရွှေ့ခဲ့ပေမယ့် ချန်ပီယံလိဂ် မှာ အာဆင်နယ် အသင်းကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေစောစောထွက်ခဲ့ရတာပဲဖြစ်ပါတယ်။ အမ်ဘာပေ ကံဆိုးခဲ့လေသလားလို့ ဆိုရလောက်အောင် ချန်ပီယံလိဂ် ဖလားနဲ့ ဘောလွန်းဒီအော ဆုတံဆိပ်တွေ သိမ်းပိုက်နိုင်ဖို့အတွက် သူစွန့်ပစ် ခဲ့တဲ့ သူ့ရဲ့ အသင်းဟောင်း ပီအက်ဂျီ အသင်းက နည်းပြ အသစ် လူဝစ် အန်ဒရီကေး နဲ့ အကောင်းဆုံး အမြင့်ပျံပြီး ချန်ပီယံလိဂ် ဖလားကို ထိုက်ထိုက်တန်တန် သိမ်းပိုက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် အမ်ဘာပေ တစ်ယောက် ချန်ပီယံလိဂ် ဖလားကြီးနဲ့ ကံမဆပ်လေသလားကို မေးခွန်းထုတ်ရမှာပဲဖြစ်ပါတယ်။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#kylianmbappe
#psg
#realmadrid
#championsleague
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )