ယာမယ် နဲ့ တွေ့တိုင်း အရှုံးပေးနေရတဲ့ အမ်ဘာပေ

ယာမယ် ဆိုတဲ့ ကစားသမားလေးက အသက်အရွယ် နဲ့ မလိုက်အောင် ခြေစွမ်းပြနိုင်နေပြီး ဘောလုံးဇာတ်ခုံပေါ်ကို အချိန်တိုလေးအတွင်းမှာ အတောက်ပဆုံး စွမ်းဆောက်ရည်တွေနဲ့ ရောက်ရှိလာခဲ့တဲ့ ချာတိတ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဘောလုံးရာသီ တစ်ရာသီ ထက် တစ်ရာသီ ပိုမိုတိုးတက်ကောင်းမွန်လာခဲ့ပြီး အခုချိန်မှာဆိုရင် ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်လာခဲ့ပြီ ။ ယာမယ် ခြေထောက်ထဲ ဘောလုံးရောက်သွားရင်ကို တစ်ခုခု လုပ်ပြတော့မယ်ဆိုတဲ့ အတွေးတစ်ခုက ပွဲကြည့်နေတဲ့ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ ခံစားရတယ်။ တစ်ဦးချင်းကျော်ဖြတ်တဲ့ ပုံစံတွေကောင်းသလို ၊ ဘယ်ချိန် ဘယ်နေရာကမဆို ဂိုးတွေ Big chance တွေ အမြဲလိုလို လုပ်ပြနိုင်တဲ့ ကစားသမား တစ်ဦးဖြစ်တဲ့အပြင် ထင်ထားတာထက်လည်းပိုလျင်မြန်တဲ့ ကစားသမား တစ်ယောက် ၊ ယာမယ် ဆီကဘောလုံးပြတ်ဖို့ဆိုတာကလည်း ရှားတယ်။ အဲ့တာတွေကြောင့်ပဲ ယာမယ် နဲ့ ရင်ဆိုင်ရတဲ့ ပြိုင်ဘက်တိုင်းက လက်မြှောက် အရှုံးပေးခဲ့ရတယ်။ ယာမယ် လိုပဲ အမ်ဘာပေ ကလည်း အရမ်းကို ကြောက်စရာ ကောင်းခဲ့တဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။
အမ်ဘာပေ ကလည်း ယာမယ် လို ချာတိတ် တုန်းကဆိုရင် စီနီယာ ကစားသမားတွေဖြစ်ခဲ့ကြတဲ့ မက်စီ ၊ ရော်နယ်ဒို ၊ နေမာ တို့ကို အရှိန်အဟုန် ကောင်းကောင်းနဲ့ အမှီလိုက်နိုင်ခဲ့တဲ့ ကစားသမားလို့ပြောရမယ် ။ အမ်ဘာပေ က ဘယ်လောက်ထိန်းရသိမ်းရ ခက်ခဲပြီး ကြောက်စရာ ကောင်းလည်းဆိုတာ အထူးတလည်ပြောပြနေစရာမလိုတော့ပါဘူး ။ ချာတိတ် ဘဝ တုန်းကလည်း စီနီယာ ကစားသမား တွေကို မှီဖို့ အကောင်းဆုံးကြိုးစားရင်း တောင်ပလာခဲ့တဲ့ အမ်ဘာပေ က အခု စီနီယာ ကစားသမား တစ်ယောက်ဖြစ်တဲ့ အချိန်မှာလည်း သူ့ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေဆဲပါပဲ ။ ဒါပေမယ့် အမ်ဘာပေ က ယာမယ် ပါဝင်တဲ့ ကလပ်အသင်းပဲဖြစ်ဖြစ်၊ နိုင်ငံ အသင်းနဲ့ပဲဖြစ်ဖြစ် ရင်ဆိုင်တွေ့တဲ့ အခါတိုင်း အရှုံးပေးနေရတာပဲဖြစ်ပါတယ်။ ၂၀၂၄ ယူရိုတုန်းကလည်း ယာမယ် က သူ့ရဲ့ ပုံစံအတိုင်း ၊ ကန်နေကြအတိုင်း ဝှေ့ဝိုက်ကန်သွင်းပြီး အမ်ဘာပေ ရဲ့ ပြင်သစ် အသင်းကို အနိုင်ယူခဲ့သလို ကလပ်အသင်း ပွဲစဥ် တွေအဖြစ် ယာမယ် ပါဝင်တဲ့ ဘာစီလိုနာ အသင်းနဲ့ အမ်ဘာပေ ရဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ ထိပ်တိုက်တွေ့ဆုံတဲ့ ၄ ကြိမ်မှာလဲ ၄ ကြိမ်စလုံးကို ယာမယ် ရဲ့ ဘာစီလိုနာ အသင်းကအနိုင်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
ဒီတစ်ခေါက် နေရှင်းလိဂ် ပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် ပွဲစဥ်မှာလည်း ယာမယ် ရဲ့ စပိန် အသင်းနဲ့ အမ်ဘာပေ ရဲ့ ပြင်သစ် အသင်းတို့က နောက်တစ်ကြိမ်ထပ်မံတွေ့ဆုံခဲ့ပြီး ဒီတစ်ကြိမ်မှာလည်း ယာမယ် ရဲ့ စပိန် အသင်းကပဲ နောက်တစ်ကြိမ် အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာကြောင့် ယာမယ် နဲ့ တွေ့တိုင်း အမ်ဘာပေ က ဘယ်နှစ်ကြိမ်ရှုံးနေအုံးမှာလဲ ။ ယာမယ် ကရော အမ်ဘာပေ ကို နောက်ထပ် ဘယ်နှစ်ကြိမ်လောက် အနိုင်ယူနေအုံးမှာလဲ ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး ။ အဆုံးထိ ဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#lamineyamal
#mbappe
#nationsleague
#barcelona
#realmadrid
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )