မူဒရစ် ရဲ့ ချယ်ဆီး ကစားသမားဘဝ အဆုံးသတ်ပြီလား

Published 1mo ago
Article
မူဒရစ် ရဲ့  ချယ်ဆီး ကစားသမားဘဝ အဆုံးသတ်ပြီလား

တစ်ချိန်တုန်းက လန်ဒန်ပြိုင်ဘက် အသင်းနှစ်သင်းဖြစ်တဲ့ အာဆင်နယ် အသင်း နဲ့ ချယ်ဆီး အသင်းတို့က ရှက်တာဒိုးနက်မှာ ကြောက်စရာခြေစွမ်းတွေပြသနေတဲ့ တောင်ပံကစားသမား မီခဲလို မူဒရစ် ကို ခေါ်ယူဖို့အတွက် အပြိုင်အဆိုင်ကြိုးစားခဲ့ကြပါတယ်။ ပရီးမီးယားလိဂ် ကလပ်အသင်းကြီးနှစ်သင်း က နောက်ဆုံးအချိန်ထိ မူဒရစ် ကို အပြိုင်လုခဲ့ကြပြီး ဒီလို အပြိုင်လုတဲ့ အခြေအနေကြောင့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးကလည်း အဆမတန် တက်ခဲ့တယ်။ ယူကရိန်း ကလပ် အသင်းတစ်သင်းရဲ့ ကစားသမားတစ်ယောက် ပြောင်းရွှေ့ကြေး သန်း ၁၀၀ ပေးခဲ့ရတယ်။ ကစားသမားကိုလိုချင်တာထက် လန်ဒန် အသင်းနှစ်သင်းရဲ့ ပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်ခဲ့လေသလားလို့တောင် အောင့်မေ့ရတယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာတော့ ချယ်ဆီး အသင်းက ယူကရိန်း တောင်ပံကစားသမား မူဒရစ် ကို ပြောင်းရွှေ့ကြေး သန်း ၁၀၀ နဲ့ အရခေါ်ယူနိုင်ခဲ့တယ်။ မူဒရစ် ရဲ့ ခြေစွမ်းကို ဘယ်သူမှသတိမထားမိခဲ့ဘူး ။ ယူကရိန်း လိဂ်က ပြိုင်ပွဲတွေကို ဘယ်သူမှလဲ ဂရုတစိုက်မကြည့်ခဲ့ကြဘူးလေ ။ မူဒရစ် က အရည်အသွေးပြည့်ဝပြီး အလားအလာ ကောင်းတွေ အများကြီးကို ပိုင်ဆိုင်ထားတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ် ။

တစ်ဦးချင်းကျော်ဖြတ်ပုံတွေ အလွန်ကောင်းမွန်တဲ့ အပြင် သူ့ရဲ့ ကြောက်စရာကောင်းတဲ့ ပြေးနှုန်းနဲ့ ပြိုင်ဘက် အသင်းခံစစ်ကို အချိန်မရွေး ဖျက်စီးနိုင်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ ချယ်ဆီး အသင်း ပရိတ်သတ်တွေက ပေါင်သန်း ၁၀၀ အထိ အသုံးပြုပြီး ခေါ်ယူခဲ့တဲ့ မူဒရစ် ကို အများကြီးမျှော်လင့်ခဲ့ကြတယ်။ မူဒရစ် ရဲ့ ချယ်ဆီးအသင်း ပထမဆုံးပွဲအဖြစ် ကစားတဲ့ လီပါပူး နဲ့ ပွဲစဥ်မှာလည်း မူဒရစ် က လူစားဝင် ကစားသမား အဖြစ် ဝင်ကစားခွင့်ရရှိခဲ့ပြီး ချယ်ဆီး အသင်းပရိတ်သတ်တွေ နဲ့ ချယ်ဆီး အသင်း တာဝန်ရှိသူတွေ စိတ်ကြိုက်ဖြစ်အောင် ခြေစွမ်းပြသနိုင်ခဲ့တယ်။ ဒါပေမယ့် မူဒရစ် က တည်ငြိမ်တဲ့ စွမ်းဆောင်ရည် တစ်ခုကိုတော့ ထိန်းသိမ်းမထားနိုင်ပါဘူး ။ ပရီးမီးယားလိဂ် လိုမျိုး ခက်ခဲကြမ်းတမ်းပြီး တောင်းဆိုမှု အရမ်းများတဲ့ လိဂ်လိုမျိုးလိဂ် က မူဒရစ် အရင်ကကစားခဲ့တဲ့ ယူကရိန်း လိဂ်နဲ့ အများကြီးကို ကွာခြားပါတယ် ။ မူဒရစ် တစ်ယောက် ဒီလိုနဲ့ပဲ ပရီးမီးယားလိဂ် နဲ့ အသားမကျဖြစ်ခဲ့တယ်။ ဒါပေမယ့် ချယ်ဆီး အသင်း ပရိတ်သတ်တွေရဲ့ ရင်ထဲမှာတော့ မူဒရစ် ကို မျှော်လင့်ချက်တွေက တပုံကြီး ကျန်သေးတယ် ။မူဒရစ် က ပိုချက်တီနို လက်ထပ်မှာ ကစားခွင့် ထိုက်သင့်သလောက်ရရှိခဲ့ပေမယ့် ဒီရာသီ ချယ်ဆီး အသင်းရဲ့ နည်းပြ အသစ်ဖြစ်လာတဲ့ အန်ဇိုမာရက်စကာ လက်ထပ်မှာတော့ ပွဲကစားခွင့်နည်းပါးခဲ့ပါတယ်။ ကွန်းဖရင့်လိဂ် မှာသာ ပွဲကစားခွင့်တော်တော်များများ ကို ရရှိခဲ့ပြီး ကောင်းမွန်တဲ့ ခြေစွမ်းတွေကိုလည်း ပြသနိုင်ခဲ့တာပဲဖြစ်ပါတယ်။

မူဒရစ် က အရံခုံတွေမှာပဲ အချိန်ကုန်ခဲ့ရပေမယ့် ပွဲကစားခွင့်ရရှိတဲ့ အချိန်တိုင်း အသင်းပေါ်ပေးဆပ်ချင်စိတ် နဲ့ ကြိုးစားချင်စိတ် အပြည့်အဝ ရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ မူဒရစ် က တားမြစ်ဆေး ကိစ္စ ကြောင့် ကစားသမား ဘဝကနေရပ်နားနေရတာပဲဖြစ်ပါတယ်။ မူဒရစ် ရဲ့ တားမြစ်ဆေးကိစ္စကလည်း သေသေချာချာ နဲ့ တိတိကျကျ ဘာသတင်းမှ မကြားရပဲ ဒီတိုင်ကြီးငြိမ်နေတာ ကြာခဲ့ပါပြီ ။ အခုချိန်မှာတော့ ချယ်ဆီး အသင်းက အသင်းရဲ့ အဓိက ကစားသမား ကိုလ်းပါမား ကို မူဒရစ် ကျောနံပတ် ၁၀ ကို ပေးအပ်လိုက်တာကြောင့် ချယ်ဆီး အသင်းရဲ့ အနာဂတ် အစီအစဥ်တွေမှာ မူဒရစ် က မပါဝင်ဖို့များသွာခဲ့ပါပြီ ။ အဲ့တာကြောင့်ပဲ ချယ်ဆီး အသင်းပရိတ်သတ်တွေ မျှော်လင့်နေခဲ့ကြတဲ့ မူဒရစ် နဲ့ ချယ်ဆီး အသင်းတို့ရဲ့ ရေစက် ကုန်ပြီထင်ပါတယ်။ဒီလိုနဲ့ပဲ မူဒရစ် ရဲ့ ချယ်ဆီးကစားသမား ဘဝ က အဆုံးသတ်သွားမလား ။ ပရိတ်သတ်တွေရော ဘယ်လိုထင်လဲ ။ ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။

#mmmedia

#lukamodric

#chelsea

#arsenal

#midfielder

Leave a reply

💬 Join our Telegram
📢 Hello!! You can ask directly to the admin for more information...