ပရိတ်သတ်တွေ မျှော်လင့်သလောက် ဖြစ်မလာခဲ့တဲ့ ဂျရတ် နဲ့ လမ်းပတ် ကွင်းလယ် အတွဲ

ဂျရတ် နဲ့ လမ်းပတ် တို့နှစ်ယောက်လုံး က သက်ဆိုင်ရာ ကလပ် အသင်းတွေ အတွက်တော့ မရှိမဖြစ် ကစားသမားတွေဖြစ်ခဲ့ကြတယ် ။ ကစားသမား တစ်ယောက်ဘဝ မှာ တစ်ဦးချင်းဆုအနေနဲ့ အမြင့်ဆုံးရရှိနိုင်တဲ့ ဘောလွန်းဒီအော စာရင်းမှာတောင် ဟိုးထိပ်ပိုင်းတွေမှာ ပါဝင်ခဲ့ကြတဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ လီပါပူး အသင်းပဲဖြစ်ဖြစ် ချဲလ်ဆီး အသင်းအတွက်ပဲဖြစ်ဖြစ် လုံးဝ လက်လွှတ်ခံလို့မရတဲ့ အဆုံးရှုံးမခံနိုင်တဲ့ ကစားသမားတွေပဲဖြစ်ပါတယ်။ လီပါပူး အသင်း နဲ့ ချဲလ်ဆီး အသင်းရဲ့ ဆုဖလားများစွာ ဆွတ်ခူးခဲ့တဲ့ အချိန်တွေ ၊ အကောင်းဆုံး တောက်ပ ပြခဲ့တဲ့ အချိန်တွေမှာဆို လမ်းပတ် နဲ့ ဂျရတ် က အဓိက ကျတဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့ကြတယ်။ ပြီးတော့ ဒီကစားသမား နှစ်ယောက်လုံးရဲ့ ကွင်းလယ် ကစားပုံက အင်မတန် ကောင်းမွန်ပြီး ပါရဂူမြောက်ထူးချွန်နေတာပဲဖြစ်ပါတယ်။
၁၉၉၈ ခုနှစ်လောက်ကစပြီး လမ်းပတ် နဲ့ ဂျရတ် က တဖြည်းဖြည်း နဲ့ စတင်ပေါ်ထွက်ခဲ့ပြီး ၂၀၁၄ လောက်ထိ ခေတ်ပြိုင်ကစားသမားတွေဖြစ်ခဲ့ကြတယ်။ ပြီးတော့ နှစ်ယောက်လုံးက အင်္ဂလန် ကစားသမားတွေဖြစ်တာကြောင့် အင်္ဂလန် ပရိတ်သတ်တွေ အနေနဲ့ သူတို့နှစ်ယောက် တွဲထွက်လာမယ့် အင်္ဂလန် အသင်းရဲ့ ကွင်းလယ် ကို ကြည့်ရှုဖို့ တော်တော်လေးမျှော်လင့်ခဲ့ကြတာပဲဖြစ်ပါတယ်။ ၂၀၀၂ ကမ္ဘာ့ဖလား ၊ ၂၀၀၄ ယူရို ၊ ၂၀၀၆ ကမ္ဘာ့ဖလား အဲ့အချိန်တွေက အင်္ဂလန် အသင်းရဲ့ ရွှေရောင်မျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ အချိန်ပေါ့ ။ အဲ့ချိန်မှာ ဂျရတ် နဲ့ လမ်းပတ် တို့ နှစ်ယောက်ကလည်း ကစားသမား ဘဝ အကောင်းဆုံး နဲ့ အတောက်ပဆုံးကို အချိန်တွေကို ပိုင်ဆိုင်ထားပြီး အင်္ဂလန် ပရိတ်သတ်တွေ အနေနဲ့ ဂျရတ် နဲ့ လမ်းပတ် တို့ရဲ့ ကွင်းလယ် အတွဲကို တော်တော်လေးမျှော်လင့်ခဲ့ကြတာပဲဖြစ်ပါတယ် ။ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်ခင် ဂျရတ် တစ်ယောက် ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပရိတ်သတ်တွေ အရမ်းမျှော်လင့်ခဲ့ကြတဲ့ လမ်းပတ် နဲ့ ဂျရတ် တို့ရဲ့ ကွင်းလယ် အတွဲကို မမြင်တွေ့ခဲ့ရပါဘူး။ ဒါပေမယ့် ၂၀၀၄ ယူရို ပြိုင်ပွဲမှာတော့ ပရိတ်သတ်တွေ အရမ်းကို မြင်တွေ့ချင်နေတဲ့ လမ်းပတ် နဲ့ ဂျရတ် ရဲ့ ကွင်းလယ် အတွဲကို မြင်ခဲ့ရတယ်။ အဲ့ချိန်တုန်းက ဂျရတ် နဲ့ လမ်းပတ် တို့ရဲ့ ကစားသမားဘဝ အကောင်းဆုံး အချိန်တွေပေါ့။ အင်္ဂလန် အသင်းအတွက်လည်း ရွှေရောင်မျိုးဆက်ကို ပိုင်ဆိုင်ထားတဲ့ အချိန်ဖြစ်တာကြောင့် အင်္ဂလန် အသင်းအနေနဲ့ ထူးထူးခြားခြား လုပ်ပြနိုင်မယ်လို ထင်ခဲ့ကြပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက်ခဲ့ပါဘူး ။
အချိန်တစ်ခုကြာ ခေတ်ပြိုင်ကစားသမားအနေနဲ့ အတူတူပေါ်ထွက်လာခဲ့ပြီး ကွင်းလယ်ကစားပုံမှာ ပါရဂူမြောက်တဲ့ ဂျရတ် ၊ လမ်းပတ် တို့နှစ်ယောက်ရဲ့ ကွင်းလယ် က ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အလားတူ ပြဿသာနာတွေနဲ့ ထပ်မံကြုံတွေ့ခဲ့ရပြီး အင်္ဂလန် အသင်းရဲ့ ရွှေရောင်မျိုးဆက် ကာလတွေမှာတောင် ဘာဆုဖလားမှ မဆွတ်ခူးနိုင်ခဲ့ပါဘူး ။ ဘာတွေကများ မှားခဲ့တာလည်း ။ အကောင်းဆုံးပါဆိုတဲ့ နေရာလိုက်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အပြင် ၊ အကောင်းဆုံးပါဆိုတဲ့ ကွင်းလယ်ကစားသမားနှစ်ယောက်ရဲ့ ပေါင်းစပ်ခြင်းကရော ဘာတွေမှားခဲ့တာလဲ ။ပရိတ်သတ်တွေရဲ့ အမြင်ကို ကောမန့်မှာ ဝင်ရောက်ဆွေးနွေးပေးသွားကြပါဦး။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#midfielder
#franklampard
#stevengerrard
#ballondor
#chelsea
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )