ဘောလုံးသမိုင်းတစ်လျောက် ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၅ ခု

အခုနောက်ပိုင်းခေတ်တွေမှာ ကစားသမား တစ်ယောက် အပြောင်းအရွှေ့အတွက်အသုံးပြုရတဲ့ငွေကြေးကတော်တော်လေးကို ဖောင်းပွလာခဲ့တာကို သတိထားမိမယ်ထင်ပါတယ်။ အရင်ခေတ်တွေတုန်းဆိုရင် ကစားသမား တစ်ယောက်ကို သန်း ၃၀ လောက်ဆိုရင်တောင် များလှပြီထင်ခဲ့ပေမယ့် အခုနောက်ပိုင်းခေတ်မှာတော့ သန်း ၁၀၀ တန် ကစားသမားတွေက ပုံလို့နေပါပြီ ။ အသင်းတိုင်းနီးပါးကလည်း သူတို့ရဲ့ ကစားသမား တစ်ယောက် ခြေစွမ်း နည်းနည်းလေး ကောင်းနေပြီဆိုရင်တောင် ပြောင်းရွှေ့ကြေးကို သန်း ၁၀၀ လောက် သတ်မှတ်လာခဲ့ကြပါတယ်။ သန်း ၁၀၀ ထက်ပိုပေးပြီး ခေါ်ယူခဲ့ရတဲ့ အပြောင်းအရွှေ့တွေလည်း အများကြီးရှိခဲ့ပါတယ်။ အဲ့ထဲကမှ ဘောလုံးသမိုင်းတစ်လျောက် ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၅ ခု အကြောင်းကို ပြောပြသွားမှာပဲဖြစ်ပါတယ်။
၁. နေမာ
ဘာစီလိုနာ အသင်းရဲ့ အိမ်ရှေ့စံ မင်းသားလေး နေမာကတော့ ဘာစီလိုနာ အသင်းနဲ့အတူ သူ့ရဲ့ အကောင်းဆုံးခြေစွမ်းတွေကို ပြသခဲ့ပြီးကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဖြစ်ခဲ့ပါတယ် ။ ၂၀၁၇ ခုနှစ်အရောက်မှာတော့ ဘာစီလိုနာ အသင်းကနေ ထွက်ချင်နေတဲ့ နေမာကို ပီအက်ဂျီ အသင်းက ပြောင်းရွှေ့ကြေး ယူရို ၂၂၂ သန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အဲ့ချိန်တုန်းက ပီအက်ဂျီ အသင်းက ငွေကို ရေလိုသုံးပြီး ဥရောပချန်ပီယံလိဂ်ဖလားကို သိမ်းပိုက်ဖို့အတွက် အပြောင်းအလဲအများစွာအပြုလုပ်နေတဲ့အချိန်ပဲဖြစ်ပါတယ်။လက်ရှိ အချိန်ထိ နေမာရဲ့ ပြောင်းရွှေ့ကြေးထက် ပိုများတဲ့ အပြောင်းအရွှေ့က မရှိသေးပါဘူး။
၂. အမ်ဘာပေ
ပီအက်ဂျီ အသင်းက နေမာကို သမိုင်းတလျောက် အများဆုံးပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူပြီး တစ်နှစ် အကြာမှာပဲ မိုနာကို အသင်းနဲ့ အတူကြောက်စရာကောင်းတဲ့ ခြေစွမ်းမျိုးကို ပြသနေတဲ့ လူငယ်ကစားသမားလေး အမ်ဘာပေ ကို ဘောလုံးသမိုင်းတစ်လျောက် ဒုတိယ အများဆုံးပြောင်းရွှေ့ကြေးဖြစ်စေမယ့် ယူရို သန်း ၁၈၀ နဲ့ အရခေါ်ယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။ မိုနာကို အသင်းမှာ ပြသနေတဲ့ အမ်ဘာပေရဲ့ ခြေစွမ်းကြောင့် ဥရောပ အသင်းတိုင်း ခေါ်ယူချင်နေပေမယ့် ပီအက်ဂျီ အသင်းက ပြောင်းရွှေ့ကြေး အမြောက်အများပုံပေးကာ အရခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။
၃.ဖလော်ရီယန်ဗာ့ဇ်
နောက်တစ်ယောက်ကတော့ ဂျာမန် ကြယ်ပွင့်ကစားသမား ဖလော်ရီယန်ဗာ့ဇ် ပဲဖြစ်ပါတယ်။ ဒီနှစ် အပြောင်းအရွှေ့ဈေးကွက်မှာမှ လီပါပူး အသင်းရဲ့ အံဩစရာပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ ကစားသမား ပဲဖြစ်ပါတယ်။ ဖလော်ရီယန်ဗာ့ဇ် ကို လီပါပူး အသင်းက ယူရို ၁၃၇ သန်းနဲ့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ အဲ့တာအပြင် အပိုဆုကြေး အနေနဲ့ လီပါပူး အသင်းဘက် က ယူရို သန်း ၂၀ လောက် ထပ်ပေးရအုံးမှာပဲဖြစ်ပါတယ်။ ဖလော်ရီယန်ဗာ့ဇ် တစ်ယောက် ပြောင်းရွှေ့ကြေးနဲ့ ထိုက်တန်တဲ့ ခြေစွမ်းမျိုးကို ပြသနိုင်ပါ့မလားဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။
၄. ကော်တင်ဟို
ကော်တင်ဟို ကတော့ လီပါပူး အသင်းမှာတုန်းကဆိုရင် သိပ်ကို ကြောက်စရာကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ ကော်တင်ဟို ခြေထဲ ဘောလုံးရောက်သွားမှာကို ကြောက်နေရလောက်တဲ့ အထိ ခြေစွမ်းပြသခဲ့တာကြောင့် ကော်တင်ဟို ကို ခေါ်ယူချင်နေတဲ့ ဥရောပ အသင်းကြီးတွေမှ တပုံကြီးပါ ။ ၂၀၁၈ ခုနှစ် အရောက်မှာတော့ ဘာစီလိုနာ အသင်းက ကော်တင်ဟိုကို ပြောင်းရွှေ့ကြေး ယူရို ၁၃၅ သန်း အထိ အသုံးပြုပြီးခေါ်ယူခဲ့တာပဲဖြစ်ပါတယ် ။ဒါပေမယ့် ကော်တင်ဟိုက ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားပြီးတဲ့ အချိန်မှာတော့ နောက်တစ်ယောက်ပြောင်းသွားသလား အောင့်မေ့ရအောင် ခြေစွမ်းပိုင်း အတော်လေးကို ကျဆင်းသွားခဲ့တာပဲဖြစ်ပါတယ်။
၅. ဒမ်ပီလီ
နောက်ဆုံးတစ်ယောက်တော့ ဒမ်ပီလီပဲဖြစ်ပါတယ်။ ဒေါ့မွန် အသင်းနဲ့ အတူ အကောင်းဆုံးခြေစွမ်းပြကာ ဥရောပ အသင်းကြီးတိုင်း မျက်စိကျစေခဲ့တဲ့ ဒမ်ပီလီ ကိုတော့ ဘာစီလိုနာ အသင်းက ပြောင်းရွှေ့ကြေး ယူရို ၁၃၅ သန်း အထိ အသုံးပြုပြီးခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒမ်ပီလီ တစ်ယောက် ဘာစီလိုနာ အသင်းမှာ ခြေစွမ်းကောင်းတွေမပြသနိုင်ပဲ အမြဲလိုလိုဒဏ်ရာပြဿနာ တွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ဘောလုံးသမိုင်းတစ်လျောက် ပြောင်းရွှေ့ကြေးအများဆုံးဖြစ်ခဲ့တဲ့ အပြောင်းအရွှေ့ ၅ ခု အကြောင်းပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ်။
#mmmedia
#neymar
#mbappe
#florianwirtz
#coutinho
#ousmanedembele
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )