အာဆင်နယ်ရဲ့ အရေးပါဆုံးကွင်းလယ်လူ တစ်ဉီး (သို့) အသင်းခေါင်းဆောင်တစ်ဦး အိုဒီဂတ်

အာဆင်နယ် အသင်း က ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ အပြီးမှာ သူတို့ရဲ့ အသင်းခေါင်းဆောင် အွန်နရီ ကို အသင်းမှ လက်လွှတ်ခဲ့ရပြီး သူတို့ရဲ့ နှစ်အဆက်ဆက် အသင်းခေါင်းဆောင် ကျိန်စာကို ရင်ဆိုင်ခဲ့ရတာပဲဖြစ်ပါတယ်။အာဆင်နယ် အသင်းရဲ့ ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါး လက်ထပ်မှာ ကျောနံပတ် ၁၀ ဝတ်ဆင်ထားတဲ့နောက်ခံကစားသမား ဝီလီယံ ဂါးလတ် က အသင်းခေါင်းဆောင်လက်ပတ် ကို ဝတ်ဆင်ခဲ့ရတာကြောင့် ပရိတ်သတ် တော်တော်များများ က ဝေဖန်ခဲ့ကြပါတယ်။ ဂါးလတ်က အသင်းခေါင်းဆောင် လက်ပတ်ကို တစ်ရာသီကြာဝတ်ဆင်ပြီး လန်ဒန် မြို့ခံပြိုင်ဘက် စပါး အသင်း ကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ဝီလီယံ ဂါးလတ် အသင်းမှ ထွက်ခွာသွားပြီးနောက် အသက်အရွယ် ငယ်ငယ်လေးနဲ့ အထူးခြေစွမ်းပြသနေတဲ့ ဖာဘရီဂတ် က အငြင်းပွားဖွယ်မရှိပဲအသင်းခေါင်းဆောင်လက်ပတ်ကိုဝတ်ဆင်ခဲ့ရပါတယ်။
အာဆင်နယ် အသင်းမှာ အသင်းခေါင်းဆောင်ရာထူးနဲ့ သုံးရာသီ ကြာ ကစားခဲ့ပြီး ကစားသမား ဘဝ အကောင်းဆုံးအချိန်တစ်ခုမှာ ဘာစီလိုနာ အသင်းကို ပြောင်းရွှေ့သွားခဲ့တာပဲဖြစ်ပါတယ်။ ဗန်ဘာစီက အာဆင်နယ် အသင်းကို အသက်အရွယ် ငယ်စဥ်ကတည်းက ရောက်ရှိလာခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့ လုံးပန်းခဲ့ရပြီး အသင်းခေါင်းဆောင်ဖြစ်လာတဲ့ အချိန်မှာတော့ ဒဏ်ရာ ပြသနာတွေနဲ့ လုံးဝ ပျောက်ကင်းသွားရပြီး ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်းမုဆိုးဖြစ်လာကာ ပြိုင်ဘက် နောက်တန်း ကစား သမားတွေနဲ့ ဂိုးသမားတွေကြောက်ရတဲ့ နတ်ဆိုးတစ်ပါးဖြစ်လာခဲ့ပါတယ်။ ဗန်ဘာစီ ကပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့သွားခဲ့ပြီး အာဆင်နယ် အသင်း ကို ခြေစုံကန်ထွက်ခွာသွားခဲ့ပါတယ်။ ဗန်ဗာစီရဲ့ အသင်းခေါင်းဆောင် တာဝန်ကိုနောက်ခံလူ ဘာမဲလန်း ကဆက်ခံခဲ့ပြီး ၂ ရာသီအကြာ မှာပဲ ဘာစီလိုနာ အသင်း ကိုပြောင်းရွှေ့သွားခဲ့ပါတယ် ။ နောက်ထပ် အသင်းရဲ့ အသက် အကြီး ဆုံး ကစားသမား ဖြစ်တဲ့ မီခယ် အာတီတာ ကို အသင်းခေါင်ဆောာင်တာဝန် ကို ပေးအပ်ခဲ့ပေမယ့် ဒဏ်ရာပြသနာတွေနဲ့ သာ လုံးပန်းခဲ့ရပြီး ကစားသမား ဘဝ အနားယူသွားခဲ့ပါတယ်။ အဲ့နောက် အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ကို ကော်ရှက်နီ ကို ပေးအပ်ခဲ့ပေမယ့်သူကလဲ ဒဏ်ရာပြသနာတွေ မကြာခန ရင်ဆိုင်ခဲ့ရပါတယ်။
အူနိုင်းအန်မရီ လက်ထပ်မှာ ရှာကာ က အသင်းခေါင်ဆောင်း တစ်ယောက်ဖြစ်လာခဲ့ပြီး ပရိတ်သတ်တွေနဲ့ အဆင်မပြေဖြစ်ကာခေါင်းဆောင်လက်ပတ်ကို ချွတ်ပြီး ဆဲဆိုခဲ့တာကြောင့် အသင်း ကနေထွက်ရမလိုပါဖြစ်ခဲ့ရပါတယ်။ အူဘာမီယန်လို ကစားသမားမျိုးကလည်း စည်းကမ်းပိုင်း လိုက်နာမှုမရှိပဲ အိုဇေး ကလဲ အသင်းခေါင်းဆောင် ရာထူးနဲ့ ကံမဆပ်ခဲ့ပါဘူး။အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် လက်ပတ်ဝတ်ဆင်ခဲ့တဲ့ ကစားသမားတွေက ဒဏ်ရာပြသာနာနဲ့ ရင်ဆိုင်ရတာဖြစ်ရင်ဖြစ် ၊ ခြေစွမ်းကောင်းတွေပြသနိုင်ရင်အခြားအသင်းကိုပြောင်းရွှေ့သွားတာပဲဖြစ်ပါတယ်။ အာဆင်နယ် အသင်း ရဲ့ ၂၀၀၄ ချန်ပီယံလိဂ် ဖိုင်နယ် ပွဲအပြီးမှာ အွန်နရီ လို အသင်းခေါင်းဆောင်မျိုး ကို ဆုံးရှုံခဲ့ရပြီး အသင်းခေါင်းဆောင်ရာထူးနဲ့ပတ်သတ်ရင် ကျိန်စာ သင့်နေခဲ့တာပဲဖြစ်ပါတယ်။ အသင်းခေါင်းဆောင် တစ်ယောက်လိုပြောလိုက်ရင် ဗီအဲရာ ၊ ရိုင်ကိန်းတို့လို ကွင်းအတွင်းမှာ အော်ဟစ်နေတာ တွေ ပေါက်ကွဲနေတာတွေကို ပြေးမြင်မိမှာပဲဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်တဲ့ အာဒီတာ က အာဆင်နယ် အသင်းရဲ့ အသင်းခေါင်းဆောင် ရာထူးအတွက် အသက် ၂၃ နှစ်သာရှိသေးပြီး အသင်းကို ရောက်ရှိတာမကြာသေးတဲ့ မာတင်အိုဒီဂတ်ကို ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။
အနေအေးတဲ့ အိုဒီဂတ်ကို အသင်းခေါင်းဆောင် လက်ပတ်ပေးအပ်လိုက်တဲ့ အချိန်မှာ တော့ ဝေဖန်သံတွေဆူညံခဲ့တာပဲဖြစ်ပါတယ်။ အိုဒီဂတ်က အသင်းခေါင်ဆောင်လက်ပတ်က သူနဲ့ထိုက်တန်ကြောင်း အကြိမ်ကြိမ် အခါခါ သက်သေပြခဲ့ပြီးပြီပဲဖြစ်ပါတယ်။ အိုဒီဂတ် က အသင်းတစ်သင်းကိုအော်ဟစ်စရာမလိုပဲ ဘယ်လို တိတ်တိတ်ဆိတ်ဆိတ် နဲ့ ကိုင်တွယ်ရမလဲဆိုတာ ပြသခဲ့တာပဲဖြစ်ပါတယ်။ အိုဒီဂတ်က အသင်းကိုရောက်ရှိလာတဲ့ ကစားသမားသစ်တွေကို နွေးနွေးထွေးထွေး ဆက်ဆံ ပြီး ၊ အသင်း ပွဲကစားပြီး အချိန်မှာလဲ နိုင်နိုင်ရှုံးရှုံး အသင်းပရိတ်သတ်တွေကို လိုက်လံနှုတ်ဆက်ပြီးမှ အသင်းသားတွေကို ကွင်းထဲမှထွက်ခွာစေပါတယ်။ အာဆင်နယ် အသင်းရဲ့ လူငယ် အကယ်ဒမီ ကစားသမားတွေနဲ့လည်း အမြဲတမ်း ရင်းရင်းနီးနီး စကားပြောတက်ပြီး အသင်းရဲ့ အဝတ်လဲခန်းကိုလဲ အကောင်းဆုံးဦးဆောင်နိုင်ခဲ့ပါတယ်။
၂၀၀၄ ခုနှစ် အွန်နရီ နောက်ပိုင်း အာဆင်နယ် အသင်းရဲ့ ကျိန်စာသင့်နေတဲ့ အသင်းခေါင်ဆောင်လက်ပတ် ကျိန်သာကို တော့ အိုဒီဂတ် တစ်ယောက်ချိုးဖျက်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ အဆုံးထိဝင်ရောက်ဖတ်ရှူပေးတဲ့တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်။
〰〰〰〰〰〰〰〰〰〰〰〰〰〰〰
𝗠𝗠 𝗠𝗲𝗱𝗶𝗮 မှာ နေ့စဉ် အပတ်စဉ် အားကစား နှင့် ပတ်သက်သည့် သတင်းအကြောင်းအရာ ဗဟုသုတ အစီအစဉ် ကောင်းများစွာကို အချိန် နှင့် တပြေးညီ စုစည်းတင်ဆက်ပေးမှာ ဖြစ်တဲ့အတွက် ကြောင့်မလို 𝗠𝗠 𝗠𝗲𝗱𝗶𝗮 ရဲ့ 𝐂𝐡𝐚𝐧𝐧𝐞𝐥 များ ကို 𝐉𝐨𝐢𝐧 ထားပြီး 𝐋𝐢𝐤𝐞 & 𝐒𝐮𝐛𝐬𝐜𝐫𝐢𝐛𝐞 လုပ်ပြီး 𝐒𝐡𝐚𝐫𝐞 ပေးသွားကြပါဦး ။"
"LIVE ပွဲစဥ် ကို www.mmmedia.stream မှာ ဝင်ရောက် ကြည့်လို ရပါတယ် ခင်ဗျာ
ဘောလုံးပွဲစဉ်တွေ ရဲ့ တိုက်ရိုက် သတင်း ၊ အကြောင်းအရာ များကို သိရှိရန် Telegram Channel ကို Join ထားရန် >> https://t.me/mmmediasportschannel"
#MMMedia
#Ødegaard
#Arsenal
#Midfielders
#captain
LATEST NEWS




Liverpool want to sell Rodrygo to sign Real Madrid's Brazilian striker Rodrygo