၂၀၂၅ ဘောလွန်းဒီအော အတွက် ရေပန်းအစားဆုံး ကစားသမား ၅ ယောက်

ကစားသမား တစ်ယောက်အတွက် ကလပ်အသင်းနဲ့ အကြီးမားဆုံးအောင်မြင်မှုက ချန်ပီယံလိဂ် ဖလားဆွတ်းခူးတာဖြစ်သလို ကမ္ဘာ့ဖလားကလည်း နိုင်ငံအသင်းအတွက်ဆိုရင် အကြီးမားဆုံးအောင်မြင်မှုပဲဖြစ်ပါတယ်။ အဲ့တာအပြင် တစ်ဦးတစ်ယောက်ချင်းဆုတွေထဲမှာ ဂုဏ်သိက္ခာအကြီးကျယ်ဆုံး နဲ့ အခမ်းနားဆုံး ဆုကတော့ ဘောလွန်းဒီအောပဲဖြစ်ပါတယ်။ ဒီနှစ်ဘောလုံးရာသီ က ပြီးခဲ့တဲ့ နှစ်ဘောလုံးရာသီတွေထက် ပိုပြီးကြည့်ကောင်းခဲ့တယ်။ ပိုပြီးရင်ခုန်စရာကောင်းတယ် ။ ပိုပြီးတော့ စိတ်လှုပ်ရှားမှုတွေကို ပေးစွမ်းနိုင်တယ်။ လူငယ်ကစားသမားတွေရဲ့ ခြေစွမ်းကို ဝဝလင်လင် နဲ့ ကောင်းကောင်းကြီး ခံစားခွင့်ရရှိခဲ့သလို အရည်အသွေးမြင့် ကစားသမားတွေဆီကလည်း ပိုမိုတည်ငြိမ်တဲ့ စွမ်းဆောင်ရည်တွေကို မြင်တွေ့ခွင့်ရရှိခဲ့တယ်။ အဲ့တာအပြင် အရည်အသွေး နဲ့ အလားအလာကောင်းတွေရှိပေမယ့် ကစားသမား ဘဝ နိမ့်ကျသွားခဲ့ရတဲ့ ကစားသမားတွေရဲ့ အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ဘောလုံးစဥ်မြင့်ပေါ် နောက်တစ်ကြိမ်တက်လှမ်းလာနိုင်တာတွေကိုမြင်တွေ့ခဲ့ရတယ်။
လာမယ့် စက်တင်ဘာလမှာ ၂၀၂၅ ခုနှစ် အတွက် ဘောလွန်းဒီအော ဆုပေးပွဲ အခမ်းအနားကြီး ကျင်းပသွားဖို့ရှိပါတယ်။ ဒီတစ်ခေါက် ဘောလွန်းဒီအော ဆုပေးပွဲ အခမ်းအနားကြီးကို အရင်နှစ်တွေနဲ့ မတူပဲ ပုံစံ အသစ် တစ်မျိုးနဲ့ ပြောင်းလဲကျင်းပသွားမှာပဲဖြစ်ပါတယ်။အရင်နှစ်တွေက ဆိုရင် ဘောလွန်းဒီအော ဆုက ပြက္ခဒိန် နှစ်တစ်နှစ်စာကို ရေတွက်တာဖြစ်ပြီး ဒီတစ်ခေါက် ဘောလွန်းဒီအောဆုကိုတော့ ဘောလုံးရာသီ တစ်ရာသီအတွင်းပြသခဲ့တဲ့ ခြေစွမ်းကို အခြေခံပြီး ပေးအပ်သွားမှာဖြစ်တာကြောင့် ပိုမို အဆင်ပြေသွားခဲ့တာပဲဖြစ်ပါတယ်။ဘယ်လောက်ပဲအဆင်ပြေသွားတယ်ပြောပြော ဒီဘောလွန်းဒီအောဆုက လူသားတွေပဲ မဲခွဲဆုံးဖြတ်တာကြောင့် အငြင်းပွားဖွယ်ကိစ္စတွေလည်း အမြဲလိုလို ရှိနေအုံးမှာပဲဖြစ်ပါတယ်။ ဘောလွန်းဒီအော ဆုရရှိဖို့ဆိုတာကလည်း ထင်သလောက်မလွယ်ကူပါဘူး ။ တစ်ဦးချင်းခြေစွမ်းကောင်းပြနိုင်ရမှာဖြစ်သလို ကလပ်အသင်းနဲ့ပဲဖြစ်ဖြစ် နိုင်ငံ အသင်းနဲ့ပဲဖြစ်ဖြစ် ဆုဖလားကိုင်မြှောက်နိုင်ဖို့လည်းလိုအပ်တဲ့ အပြင် ပြိုင်ဘက်တွေအပေါ်လည်းလေးစားမှု အပြည့်အဝ ရှိရမှာပဲဖြစ်ပါတယ်။ ဘောလွန်းဒီအောဆုရရှိဖို့ဆိုတာ ဒီအချက်တွေနဲ့ ပြည့်စုံဖို့လိုအပ်တာပဲဖြစ်ပါတယ်။
ဒီနှစ်ဘောလုံးရာသီမှာ ဘောလွန်းဒီအော ရရှိဖို့အတွက် ရေပန်းစားနေတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ အဲ့ထဲကမှ SCORE 90 ကသတ်မှတ်ထားတဲ့ ၂၀၂၅ ခုနှစ် ဘောလွန်းဒီအောဆုအတွက် ရေပန်းအစားဆုံး ကစားသမား ၅ ယောက်ရှိပါတယ်။ အဲ့ကစားသမား ၅ ယောက်စာရင်းထဲမှာ ဘာစီလိုနာအသင်းပြည်တွင်းဖလားစုံသိမ်းပိုက်နိုင်ရခြင်းမှာ အဓိကအရေးပါတဲ့ ကစားသမားတွေဖြစ်ကြတဲ့ ယာမယ် နဲ့ ပက်ဒရီ တို့နှစ်ယောက် ပါဝင်ခဲ့ကြတာပဲဖြစ်ပါတယ်။ ယာမယ် က ဘာစီလိုနာ အသင်းကိုအဓိက ထမ်းတင်နေတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဘာစီလိုနာ အသင်းလိုအပ်တဲ့ အချိန်တိုင်း သွင်းဂိုးတွေ ဂိုးဖန်တီးမှုတွေပြုလုပ်ပြီး အသင်းကိုအမြဲလိုလို ကယ်တင်ပေးတက်တဲ့ ကစားသမား တစ်ဦးလည်းဖြစ်ပါတယ်။ နောက် တစ်ယောက်ကတော့ ပက်ဒရီပေါ့။ ပက်ဒရီ က ဘာစီလိုနာ အသင်ရဲ့ ကွင်းလယ် ကနေ တိုက်စစ်ကူးပြောင်းရာမှာ အရမ်းကို အရေးပါတဲ့ ကစာသမားတစ်ဦးဖြစ်ပြီး ဘာစီလိုနာ အသင်းရဲ့ ကွင်းလယ်အတွက် မရှိမဖြစ်ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ ဒမ်ပီလီ ကလည်း ဒီစာရင်းကနေ ဖယ်ထားလို့မရတဲ့ ကစားသမားတစ်ဦးပဲဖြစ်ပါတယ်။ ဆေးရုံအုပ်ကြီး ဘဝကနေ ကမ္ဘာ့အကောင်းဆုံးကစားသမား အဖြစ်ပြောင်းလဲလာနိုင်ခဲ့သလို သူ့ရဲ့အကောင်းဆုံးခြေစွမ်းတွေနဲ့ အတူ ပီအက်ဂျီ အသင်းကို ဆုဖလားတွေကိုင်မြှောက်နိုင်စေခဲ့တာပဲဖြစ်ပါတယ်။
ဒီနှစ်ပရီးမီးယားလိဂ်မှာ အသက်ကြီးနေပြီဖြစ်ပေမယ့် ငယ်မူငယ်သွေးတွေကြွပြီး ဂိုးတွေ အသကုန်သွင်းပြီး ခြေစွမ်းကိုပြသခဲ့တဲ့ ကစားသမားကတော့ ဆာလတ်ပဲဖြစ်ပါတယ်။ ဆုဖလားအောင်မြင်မှုတွေကို ဖယ်လိုက်ရင် ဆာလတ်က ဘောလွန်းဒီအောဆုအတွက် ထိုက်တန် တဲ့ခြေစွမ်းတွေကို ပြသထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ဆုံးတစ်ယောက်ကတော့ အမ်ဘာပေပဲဖြစ်ပါတယ်။ အမ်ဘာပေ က ဒီနှစ်ဘောလုံးရာသီမှာ ဘာဆုဖလားအောင်မြင်မှု တစ်ခုမှ မရရှိခဲ့ပေမယ့် အသင်းအသစ် ရီးရဲလ်မက်ဒရစ် ကို ရောက်ရောက်ချင်းရာသီမှာပဲ အမ်ဘာပေ ပြသခဲ့တဲ့ ခြေစွမ်းနဲ့ သွင်းဂိုးအရေအတွက် ကတော့ တော်တော်လေးကို အံအားသင့်ဖို့ကောင်းတာပဲဖြစ်ပါတယ်။ ဟုတ်ကဲ့ပါ အခုတင်ဆက်ပေးသွားတာကတော့ ၂၀၂၅ ခုနှစ်ဘောလွန်းဒီအောဆုအတွက် ရေပန်းအစားဆုံး ကစားသမား ၅ ယောက်အကြောင်းပဲဖြစ်ပါတယ်။အဆုံးထိဝင်ရောက်ဖတ်ရှုပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအမျာကြီးတင်ရှိပါတယ်။
#mmmedia
#ousmanedembele
#mbappe
#mohamedsalah
#lamineyamal
#ballondor
LATEST NEWS

𝐂𝐡𝐞𝐥𝐬𝐞𝐚 𝐕𝐬 𝐋𝐢𝐯𝐞𝐫𝐩𝐨𝐨𝐥 (post-match review)

Discussions begin to allow up to three teams from top leagues to enter the upcoming UEFA Champions League

𝐋𝐚𝐦𝐢𝐧𝐞 𝐘𝐚𝐦𝐚𝐥 to miss 5 matches due to injury

𝐌𝐚𝐧𝐜𝐡𝐞𝐬𝐭𝐞𝐫 𝐔𝐧𝐢𝐭𝐞𝐝 𝐕𝐬 𝐒𝐮𝐧𝐝𝐞𝐫𝐥𝐚𝐧𝐝 ( Match Preview )